မူဆယ် လူငယ် (၂)ဦး လက်နက်နှင့် အတူဖမ်းဆီးရမိ စစ်ကောင်စီ လုပ်ကြံသတင်းလွှင့်

မူဆယ်မြို့ တွင် အသက်မပြည့်သည့် ကလေးအပါအဝင် လူငယ်(၂)ဦး ကို လက်နက်နှင့် အတူဖမ်းဆီးရမိဟု စစ်ကောင်စီမှ လုပ်ကြံသတင်း ကြေညာခဲ့သည်။

ထိုသတင်း ကြေညာပြီးနောက် မူဆယ်ပြည်သူအားလုံးကို တုန်လှုပ်စေခဲ့သည်။

မေ ၁၁ရက် မနက် (၉ )နာရီ ဝန်းကျင်တွင် ထို လူငယ် (၂)ဦးဖြစ်သည် အသက် (၁၇)နှစ်အရွယ် မောင်ရဲသုဝေလင်း နှင့် မောင်ဟိန်းအောင်ဆက် တို့သည် ရဲစခန်းရှေ့တွင် ဖြတ်သန်းသွားသဖြင့် စစ်ကောင်စီ က ခေါ်ယူဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါ လူငယ်(၂)ဦးသည် ဆိုင်ကယ်နှင့်အတူ M-22 ၅လက်၊ လက်လုပ်မိုင်း ၁၆လုံး နှင့် အတူ ဖမ်းဆီး ရမိဟု စစ်ကောင်စီ သတင်းမီဒီယာ MWD တွင်ယမန် (မေ ၁၂)တွင် သတင်းမှားယွင်းကြေညာခဲ့သည်။

ထိုဖမ်းခံရသည့် အသက် (၁၈) နှစ် မပြည့်သေးသည် မောင်ရဲသုဝေလင်း ကိုလည်း အသက် (၁၈)နှစ် ဟု ထည့်သွင်းကြေညာခဲ့သေးသည်။

ထိုလူငယ် (၂)ဦး သည် လက်ရှိအချိန်ထိ မိသားစုဝင်များနှင့်ရှေ့နေကို တေ့ွခွင့်မရသေးဘဲ၊ မူဆယ်မြို့ ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း၊ ထို့အပြင် ထိုးနှက်ထားသည့် ဒဏ်ရာလည်း ရှိသည် ဟု မိသားစုဝင်များ ပြောပြချက် အရသိရသည်။

“ မနေ့က ရဲစခန်းမှာ တနေ့ကုန်စောင့်တယ်။ တွေ့ခွင့်မရဘူး။ ကလေးတွေနဲ့ ရှေ့နေတွေနဲ့လည်း ပေးမတွေ့ဘူး။ နောက် ည သတင်းမှာ လက်နက်တွေနဲ့ အတူဖမ်းမိတယ်ဆိုတာထွက်လာတော့ အံ့သြတုန်လှုပ်သွားတယ်။ ကလေးတွေ မျက်နှာလည်း ထိုးခံထားတဲ့ ဒဏ်ရာရှိတယ်။ သတင်းတွေလုပ်ကြံပြီး လွှင့်တယ်” ဟု အသက် (၁၇)နှစ်အရွယ် မောင်ရဲသုဝေလင်း ၏ မိသားစုဝင် တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုလူငယ်(၂)ဦးသည် အိမ်ပြင်မှ ထွက်သွားသည်အချိန် ဆိုင်ကယ်တစီး၊ ဖုန်းတလုံးမှ အပ မည်သည့်လက်နက်မှ မပါကြောင်း၊ ထိုလက်နက်များသည် စစ်ကောင်စီ မှ လုပ်ကြံဖန်တီးထားသည့်သတင်းဖြစ်ကြောင်း၊ ထို့ပြင် အသက်မပြည့်သေးသည့်ကလေးကိုလည်း အသက် (၁၈)နှစ် ဟု ပြောဆိုကြေညာခဲ့ကြောင်း မိသားစုဝင်တဦးက ပြောပြသည်။

“ ကလေးတွေ မှာ ဘာလက်နက်မှ မရှိဘူး။ ဒါဂွင်ဆင်တာ။ လုပ်ကြံတာ။ ကျမတို့ လူငယ်တွေမှာ ဘယ် M-22ဆိုတာ ရှိမှာလား။ စဉ်းစားလည်း လွှင့်ပါဦး။ စစ်တပ်က တော့ သူလုပ်ချင်တိုင်ဆက်လုပ်နေမှာပဲ” ဟု မူဆယ်မြို့တွင် နေထိုင်သည့် အမျိုးသမီး တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းပြီးနောက် တရားမျှတမှု မရှိ၊ ဥပဒေမဲ့လုပ်ရပ်များ နေ့တိုင်းမြင်တွေ့နေရကြောင်း၊ စစ်အာဏာရှင် မကျဆုံးမချင်း စစ်ကောင်စီ၏ မတရားမှုကို ဆက်လက်ခံနေရမည် ဟု ၎င်း အမျိုးသမီး ကပြောသည်။

“ စစ်တပ်ရှိနေသရွေ့ ကျမတို့ ကြောက်နေရမယ်။ ကျမတို့ခံနေရမယ်။ ဒါကြောင့် စစ်တပ် အမြစ်ဖြတ်ချေမှုန်းဖို့ ကျမတို့ပြည်သူတွေအင်အားလိုတယ်” ဟု အမျိုးသမီး က ထပ်လောင်းပြောသည်။

ယခုရက်ပိုင်း မူဆယ်မြို့တွင် စစ်ကောင်စီ ဖမ်းဆီးမှုတင်းကြပ်လာပြီး၊ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြရန် အတွက် ပြည်သူများခက်ခဲလာကြောင်း၊ ဆန္ဒပြ လူငယ်များကို ဓာတ်ပုံရိုက်ယူပြီး နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးနေကြောင်း သိရသည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ရက်မှ စတင်ကာ ယနေ့ချိန်ထိ မူဆယ်မြို့တွင် ဆန္ဒပြ ပြည်သူ (၃၀)ထက်မနည်း ဖမ်းဆီး ခံနေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်အတွင်း ညဉ့်နက်သန်းခေါင် စုဝေးပြီး လမ်းပေါ်တွင် ဆိုင်ကယ်ပြိုင်မောင်းရန် ပြင်ဆင်နေသည့် လူငယ်တစ်စုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား လူငယ် ၃ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇွန်လ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...