ပင်လုံမြို့ စစ်ကောင်စီ အုပ်စု မှ လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ငွေကျပ် ၃သိန်း တောင်း

သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ တွင် စစ်ကောင်စီ အုပ်စုမှ လိုင်းစင်မဲ့ မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ် ၃သိန်း တောင်းနေကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်း သျှမ်းပြည်အတွင်း လိုင်းစင်မဲ့ မော်တော်ယာဉ်များကို လိုက်လံစစ်ဆေးနေပြီး၊ လိုင်စင်မရှိသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို တစ်စီးလျှင် ကျပ်ငွေ ၃သိန်း ပေးဆောင်ခဲ့ရကြောင်း ပင်လုံမြို့ ဒေသခံ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။


“ ဒီနေ့ ပင်လုံသွားလမ်းတွေမှာ လိုင်စင်မဲ့ကားတွေကို စစ်နေတာ။ ကားတစ်စီးကို ၃ သိန်းပေးရသလို ဆိုင်ကယ်လည်း ၃သိန်းပေးနေရတယ်။ စစ်သားတွေဖမ်းတာ။ လူကိုတော့မဖမ်းဘူး။ လိုင်စင်တောင်းတယ်” ဟု ပင်လုံမြို့ ဒေသခံတစ်ဦးက ပြောသည်။

လိုင်စင်မဲ့ မော်တော်ယာဉ်များကို စစ်ဆေး အရေးယူနေရခြင်းသည် အထက်အမိန့်အရ ဖမ်းဆီးနေရကြောင်း၊ မည်သည့် ကားမဆို လိုင်စင်မရှိပါက ဖမ်းဆီးမည်ဟုလည်း သိရသည်။


မေ (၁၂)ရက် တွင်လည်း လိုင်စင်မဲ့ကားများတင်သွင်းရောင်းချမှု ရှိ၊မရှိ စတင်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး၊ ကားအရောင်းဆိုင်များကိုလည်း ရှောင်တခင် စစ်ဆေးမှု ပြုလုပ်သွားမည် ဟု သျှမ်းပြည်လူထုများက ပြောသည်။

စစ်ကောင်စီမှ မြန်မာနိုင်ငံကို အုပ်ချုပ်သည့် ရက် (၁၀၀) အတွင်း ထိုင်းနိုင်ငံမှ ကုန်ပစည်းတင်သွင်းခွင့် တားပိတ်ခြင်း၊ ဆိုင်ကယ်တင်သွင်းခွင့်ကို ပိတ်ပင်ထားခြင်း ဆိုင်ကယ်ရောင်းသည့် ဆိုင်များကို ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်လာခဲ့သည်။


သျှမ်းပြည်တွင် လိုင်စင်မဲ့ကားများကို အသေးစား စီးပွားရေးတစ်ခုအနေဖြင့် အရောင်းအဝယ်ပြုလုပ်ကြသည်ကို တွေ့ရပြီး အဆိုပါကားများကို ထိုင်း – မြန်မာ ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့် တင်သွင်းလာကြောင်း ကားပွဲစားများထံမှ စုံစမ်းသိရှိရသည်။


ယခင်အစိုးရ လက်ထက်တွင် လိုင်စင်မဲ့ကားများကို ဖမ်းနေသော်လည်း ယာဉ်ထိန်းရဲများသာ ဖမ်းဆီး စစ်ဆေးပြီး ယခုစစ်ကောင်စီအစိုးရသည် လိုင်စင်မဲ့ကားများကို စစ်ဆေးရာမှာ စစ်သားများပါဝင်နေကြောင်းလည်း ပြည်သူများက ပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...