စစ်ကောင်စီ ရက်(၁၀၀)အတွင်း မြန်မာကျပ်ငွေဈေး အဆမတန်ကျဆင်း

စစ်ကောင်စီ အာဏာသိမ်းပြီး ရက် (၁၀၀) အတွင်း မြန်မာငွေဈေး အဆမတန်ကျဆင်းလာပြီး ရွှေဈေးနှုန်း မြှင့်တက်လာကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့စတင်ပြီး စစ်တပ်မှ နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက် ဖေဖော်ဝါရီ (၂) ရက်နေ့တွင် ပြည်တွင်းရှိ ရွှေဈေးနှုန်း တစ်ကျပ်သားလျှင် (၁,၃၅၅,၀၀၀) နှင့် အမေရိကန် တစ်ဒေါ်လာ (၁၃၇၀) နှင့် မြန်မာငွေ တစ်သိန်းကျပ်လျှင် ထိုင်းဘတ် (၂၂၀၀) ကျပ်ရှိကြောင်း စုံစမ်းသိရှိရသည်။

“အာဏာစသိမ်းခင်ကတော့ ဒီလောက်ထိ စီးပွားရေးရိုက်ခတ်လာမယ်လို့ မမျှော်လင့်ထားဘူး။ခုက ရွှေဈေးတွေ လည်း တအားတက်လာတယ်။ မြန်မာငွေက တအားကျဆင်းသွားတယ်။ မြန်မာငွေကို မကိုင်ထားကြတော့ဘူး။ ဘဏ်ကိုလည်း အယုံအကြည်မဲ့နေကြပြီ။” ဟု တောင်ကြီး အသေးစား စီးပွားရေး လုပ်ကိုင်သူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မေ (၁၂) ရက်တွင် ရွှေဈေး (၁,၇၀၉,၀၀၀) သိန်းမြှင့်တက်လာပြီး အမေရိကန် တစ်ဒေါ်လာ (၁၆၈၀) ကျပ်ထိ ရှိပြီး ထိုင်းဘတ် (၁၈၈၀) ကျော် ဖြစ်လာကြောင်း နိုင်ငံခြားငွေ လှဲလှယ်ပေးနေသည့် သူများထံ စုံစမ်းသိရသည်။

“အရင်အစိုးရ လက်ထက်မှာ ဒေါ်လာအကောင့်ဖွင့်ရင် ဒေါ်လာပြန်ထုတ်ပေးတယ်။ ခုက ဒေါ်လာအကောင့်ကို မြန်မာငွေနဲ့ပဲ ပြန်တွက်ပေးတော့တယ်လို့ ကြားတယ်။ တစ်နေ့ကို ၃ သိန်းထပ်လည်း ပိုမထုတ်ပေးဘူးတဲ့။ ခုက ကိုယ့်ငွေကိုတောင် ကိုယ်စိတ်ပူနေရတယ်။သွားထုတ်ရတာလဲ အဆင်မပြေဘူး။” ဟု တာချီလိတ်မြို့ မှ အမည်မဖော်လိုသူ တစ်ဦး ကပြောသည်။

မြန်မာပြည် စီးပွားရေး ပြန်လည်ပတ်လာစေရန်အတွက် အင်တာနက် ပြန်လည်ဖွင့်ပေးရန် နှင့် ဘဏ်လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်ပေးစေရန် နှင့် ဆန္̔ဒပြ ပြည်သူများအပေါ် အကြမ်းဖက်နှိမ်နင်းမှုများ ရပ်တန့်ပေးဖို့အတွက် လိုအပ်ကြောင့် ကမ္ဘာဘဏ်က မတ် ၂၆ ရက်က သတိပေးပြောကြားခဲ့သည်။

ဖေဖော်ဝါရီ (၁) ရက်မှ မေလ (၇) ရက်အထိ ဘဏ်ခွဲများနှင့် ATM စက်များတွင် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၏ ငွေသားပေးသွင်းခြင်း၊ ငွေသားထုတ်ယူခြင်း စာရင်းအား လျှို့ဝှက်အဆင့် သတ်မှတ်ပြီး စာရင်းများကို မေလ (၁၄) ရက် နောက်ဆုံးထားပြီး ပေးပို့ရမည်ဖြစ်ပြီး စစ်ကောင်စီ က ညွှန်ကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...