ဖားကန့်တွင် စစ်ကောင်စီမှ ဆန်နှင့်ဆီ တင်သွင်းမှုပိတ် ကုန်ဈေးနှုန်းစတင်မြင့်တက်လာ

ကချင်ပြည် ဖားကန့်မြို့တွင်း အကြမ်းဖက် စစ်ကောင်စီမှ ဆန် နှင့် စက်သုံးဆီများ တင်သွင်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်း ဖားကန့်မြို့တွင် ဆန် နှင့် ဆီများကို အလုအယက်ဝယ်ယူ သိုလှောင်မှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း ဖားကန့်ဒေသတွင် အလုပ်လုပ်နေသည့် သျှမ်းအသိုင်းအဝန်းများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီဘက်က စက်သုံးဆီတွေ ဖြတ်တယ်။ ဆန်ကားတွေလည်း ပိတ်ထားတယ်။ တစ်ပတ်လောက်ရှိပြီ ပိတ်သွားတာ” ဟု ဖားကန့်တွင် အလုပ်လုပ်နေသည့် သျှမ်းလူငယ်တဦး ကပြောသည်။

ဖားကန့်ကို တင်ပို့နေသည့် ဆန်ကားများကို ပိတ်လိုက်သဖြင့် ဆန်ဆိုင်များဆန်မရှိတော့ဘဲ ကုန်ပစ္စည်းများကို အလုအယက်ဝယ်ယူနေကြကြောင်း၊ လက်ရှိမှာ ဖားကန့်ကို ဖြတ် (၄)ဖြတ် ပုံစံ ပြုလုပ်ရန် ကြိုးစားနေကြောင်း လည်း အထက်ပါ သျှမ်းလူငယ်က ပြောသည်။

“ ဖားကန့်ဒေသကို သူတို့က ဖြတ်လေးဖြတ်နဲ့ သုံးချင်သလား ဘယ်လိုလာမလဲတော့မသိဘူး။ ဆန်က အဓိက စားသောက်ကုန်လေ။ စက်သုံးဆီမှာ လုပ်ခြင်းအားဖြင့် လုပ်ငန်းတွေ ပျက်သွားမယ်။ ရိက္ခာဖြတ်တဲ့ သဘောလို့ ထင်တာပဲ။” ဟု ဖားကန့်တွင် ကျောက်စိမ်းရောင်းဝယ်နေသူ တဦးက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် စက်သုံးဆီများ ဈေးနှုန်းမြင့်တက်လာခြင်း၊ စက်သုံးဆီ တစ်လီတာလျှင် (၁၀၀၀) အထိ မြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။

“ဖြတ်လေးဖြတ်လုပ်လာနိုင်တဲ့အတွက် စိုးရိမ်တယ်။ ချက်ချင်းဖြတ်လိုက်ရင် မသိတာပေမယ့် တစ်ချို့လည်း လှောင်ထားတာရှိတယ်။ မရောင်းပေးဘူး။ ကျောက်တူးနေတဲ့သူတွေလည်း အလုပ်ရပ်သွားနိုင်တယ်။ ဒီဘက်ဒေသမှာက လူဦးရေ ငါးသိန်းလောက်ရှိတယ်။ အဲ့လူတွေအတွက် အခက်ဖြစ်လာနိုင်တယ်။ လမ်းကြောင်းတွေ အကုန်ပိတ်ထားတယ်လို့ပြောတယ်” ဟု ဖားကန့်မှာ အသေးစား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဖားကန့်တွင် တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့် ဒေသဖြစ်ပြီး ကျောက်တွင်းတူးရာမှာ စက်ယန္တယားကြီးဖြင့် နေ့စဉ်လုပ်ငန်း လှည့်ပတ်လျက်ရှိပြီး ကျောက်တူးသမားများ၊ ကျောက်ရောင်းဝယ်သူများ စီးပွားရေး လုပ်ငန်းရှင်များ နေထိုင်သည့် ဒေသတစ်ခုဖြစ်သည်။

ဖေဖော်ဝါရီ (၁)ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် နိုင်ငံခြားမှ တင်ပို့ရောင်းချသည့် စက်သုံးဆီ ကုမ္ပဏီများ ရပ်ဆိုင်းသွားသည့်အတွက် စက်သုံးဆီဈေးနှုန်း မြင့်တက်လာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...