အကြမ်းဖက် စစ်ကောင်စီ မှ ဖွင့်လှစ်မည့်တက္ကသိုလ်များ မတက်ရန် လူငယ်များက တိုက်တွန်း

အကြမ်းဖက် စစ်ကောင်စီမှ ဖွင့်လှစ်မည့် တက္ကသိုလ်၊ကောလိပ်များကို မတက်ရန် အတွက် ကျိုင်းတုံတက္ကသိုလ် ကျောင်းသားများက ပြောဆိုလိုက်သည်။

နိုင်ငံတဝန်းရှိ တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ရန် အကြမ်းဖက်စစ်ကောင်စီ မှ ကြိုးစားနေကြောင်း၊ တက္ကသိုလ်များပြန်ဖွင့်ပါက ကျောင်းသားများအနေဖြင့် ကျောင်းမတက်ရန် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ တက္ကသိုလ်ကျောင်းသားများက ထုတ်ပြန်ကြေညာခဲ့သည်။


အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ကျွန်ပညာရေးကို လုံးဝ(လုံးဝ) မတက်ရောက်၊ မသင်ယူ ကြဖို့ လိုအပ်ကြောင်း၊ နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးလာခဲ့သော ပညာရေးစနစ်ကြီး ပျက်သုဉ်းသွားစေရန်အတွက် ကျောင်းသား၊ကျောင်းသူများ လက်ထဲတွင်ရှိသော အခွင့်အာဏာကို ပြသကြပြီး ကျောင်း (လုံးဝ) မတက်ကြရန် တိုက်တွန်းရေးသားထားသည်။

“အနာဂတ်လူငယ်တွေအတွက် ဒီလို ဆန့်ကျင် သဘောတူတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အကြမ်းဖက်စစ်ကောင်စီဘက်က CDM လုပ်ထားတဲ့ ပညာရေးဝန်ထမ်းတွေ အလုပ်ပြန်ဝင်လုပ်ဖို့ အတွက် ခြိမ်းခြောက်တယ်။ဒါကြောင့် စစ်အာဏာရှင်ကို အတူတွန်းလှန်ဖို့အတွက်ဆိုရင် ကျောင်းသား၊သူတွေ ဆရာ၊ဆရာမ တွေလည်း ပါဝင်ဖို့ လိုတာပေါ့။” ဟု ကျိုင်းတုံ တကသိုလ် ကျောင်းသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပါရဂူဘွဲ့ကြို သင်တန်းများ၊ မဟာတန်း ရေး ဖြေ၊ သင်တန်းများနှင့် နောက်ဆုံးနှစ် သင်တန်းများကို မေ (၅) ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ချက်ခဲ့သည်။

တဖက်မှာလည်း အမျိုးသား ညီညွှတ်ရေးအစိုးရ ၊ ပညာရေး ဝန်ကြီးဌာနမှ အာဏာသိမ်း အကြမ်းဘက် စစ်အုပ်စုမှ ပေးအပ်သော ဘွဲ့ ဒီဂရီလက်မှတ်များအားလုံးကို အမျိုးသား ညီညွှတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနဖြင့် လုံးဝ(လုံးဝ) အသိအမှတ်ပြုမည် မဟုတ်ကြောင်း သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ တကသိုလ်များက ထုတ်ပြန်ခဲ့ချက် တစ်စောင် ထုတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...