Wednesday, January 28, 2026

အကြမ်းဖက် စစ်ကောင်စီ မှ ဖွင့်လှစ်မည့်တက္ကသိုလ်များ မတက်ရန် လူငယ်များက တိုက်တွန်း

အကြမ်းဖက် စစ်ကောင်စီမှ ဖွင့်လှစ်မည့် တက္ကသိုလ်၊ကောလိပ်များကို မတက်ရန် အတွက် ကျိုင်းတုံတက္ကသိုလ် ကျောင်းသားများက ပြောဆိုလိုက်သည်။

နိုင်ငံတဝန်းရှိ တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ရန် အကြမ်းဖက်စစ်ကောင်စီ မှ ကြိုးစားနေကြောင်း၊ တက္ကသိုလ်များပြန်ဖွင့်ပါက ကျောင်းသားများအနေဖြင့် ကျောင်းမတက်ရန် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ တက္ကသိုလ်ကျောင်းသားများက ထုတ်ပြန်ကြေညာခဲ့သည်။


အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ကျွန်ပညာရေးကို လုံးဝ(လုံးဝ) မတက်ရောက်၊ မသင်ယူ ကြဖို့ လိုအပ်ကြောင်း၊ နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးလာခဲ့သော ပညာရေးစနစ်ကြီး ပျက်သုဉ်းသွားစေရန်အတွက် ကျောင်းသား၊ကျောင်းသူများ လက်ထဲတွင်ရှိသော အခွင့်အာဏာကို ပြသကြပြီး ကျောင်း (လုံးဝ) မတက်ကြရန် တိုက်တွန်းရေးသားထားသည်။

“အနာဂတ်လူငယ်တွေအတွက် ဒီလို ဆန့်ကျင် သဘောတူတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အကြမ်းဖက်စစ်ကောင်စီဘက်က CDM လုပ်ထားတဲ့ ပညာရေးဝန်ထမ်းတွေ အလုပ်ပြန်ဝင်လုပ်ဖို့ အတွက် ခြိမ်းခြောက်တယ်။ဒါကြောင့် စစ်အာဏာရှင်ကို အတူတွန်းလှန်ဖို့အတွက်ဆိုရင် ကျောင်းသား၊သူတွေ ဆရာ၊ဆရာမ တွေလည်း ပါဝင်ဖို့ လိုတာပေါ့။” ဟု ကျိုင်းတုံ တကသိုလ် ကျောင်းသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပါရဂူဘွဲ့ကြို သင်တန်းများ၊ မဟာတန်း ရေး ဖြေ၊ သင်တန်းများနှင့် နောက်ဆုံးနှစ် သင်တန်းများကို မေ (၅) ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ချက်ခဲ့သည်။

တဖက်မှာလည်း အမျိုးသား ညီညွှတ်ရေးအစိုးရ ၊ ပညာရေး ဝန်ကြီးဌာနမှ အာဏာသိမ်း အကြမ်းဘက် စစ်အုပ်စုမှ ပေးအပ်သော ဘွဲ့ ဒီဂရီလက်မှတ်များအားလုံးကို အမျိုးသား ညီညွှတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနဖြင့် လုံးဝ(လုံးဝ) အသိအမှတ်ပြုမည် မဟုတ်ကြောင်း သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ တကသိုလ်များက ထုတ်ပြန်ခဲ့ချက် တစ်စောင် ထုတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...