Saturday, January 31, 2026

ကွတ်ခိုင် တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့်စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ဘန်ကျေးရွာအနီးတွင် ယနေ့ (ဧပြီ ၂၃)ရက် မနက် ၁၁နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ် နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သည့် တအာင်းတပ် ( TNLA၊) ကိုးကန့်တပ် (MNDAA)တို့ပူးပေါင်းကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အသေးစိတ် အချက်အလက် မသိရှိရသေးကြောင်း TNLA သတင်းပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က သျှမ်းသံတေတာ်ဆင့်ကိုပြောသည်။


“ ဒီနေ့ မနက် မန်ဘန်ကျေးရွာနားမှာ ကျနော်တို့ တပ်နဲ့ ကိုးကန့်(MNDAA)ပူးပေါင်း နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ သတင်းအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးဘူး။ တိုက်ပွဲဖြစ်တာပဲ သိရသေးတယ်” ဟု ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ဆိုသည်။

ကွတ်ခိုင်မြို့ အထွက် Oriental Highway တိုးဂိတ် ရုံးဝန်းအတွင်း ယနေ့ (ဧပြီ ၂၃)ရက် နေ့လည် ၁နာရီတွင် လက်နက်ကြီးကျည် (၄)လုံးထက်မနည်း ကျပေါက်ကွဲကာ အမျိုးသားတဦး ၏ ဝမ်းဗိုက်ကျည်ထိမှန်ခဲ့ပြီး၊ အဆောက်အဦး နှင့် ကားကိုလည်း ထိမှန်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ယာဉ်မောင် တဦး က ပြောပြသည်။

“တိုးဂိတ်နားမှာ လက်နက်ကြီးကျည်ကျတယ်။ ရုံးထဲမှာနေထိုင်တဲ့အမျိုးသားတဦးရဲ့ ဝမ်းဗိုက်ကျည်ထိတယ်။ အဆောက်အဦး တချို့ နဲ့ ကား လည်း လက်နက်ကြီးကျည်စ ထိမှန်တယ်” ဟု မျက်မြင်တွေ့ရှိသည့် ယာဉ်မောင်း က ဆိုသည်။

ကွတ်ခိုင်မြို့ တွင် ယမန်နေ့(ဧပြီ ၂၂)ရက် ည ၈နာရီကျော်တွင်လည်း လက်နက်ကြီး ပစ်ခတ်မှုရှိကြောင်း ကွတ်ခိုင်ပြည်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...