Tuesday, January 27, 2026

တပ်ထိပ်ပိုင်းခေါင်းဆောင် (၁၁)ဦးကို ထိန်းသိမ်းထားခြင်းမရှိဟု ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြား

တပ်ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး ရာပြည့် အပါအဝင် (၁၁)ဦးကို ထိန်းသိမ်းထားခြင်း မရှိဟု အကြမ်းဖက် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဂျပန်သတင်းဌာနကို ဖြေကြားခဲ့သည်။

ယမန်နေ့ (ဧပြီ ၂၀)ရက်တွင် ဗိုလ်ချုပ်ကြီး ရာပြည့်အပါအဝင် တပ်မတော် ခေါင်းဆောင် (၁၁)ဦးသည် တပ်တွင်း ပုန်ကန်မှုဖြင့် အကျယ်ချုပ် ထိန်းသိမ်းထားပြီး၊ မိသားစုဝင်များ၊ ကိုယ်ရေးအရာရှိ ဒရိုင်ဘာများကိုပါ ပြင်ပ နှင့်အဆက်အသွယ် ဖြတ်ထားကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းပျံ့နှံ့ခဲ့သည်။

ထိုသတင်းများသည် ကောလဟာလ ဖြစ်ကြောင်း၊ ထိုသူများကို ထိန်းသိမ်းထားခြင်း မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က Nikkei Asia သတင်းဌာနကို ဖြေကြားခဲ့သည်။

“သူတို့တွေ နေပြည်တော်မှာ ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်များနေကြတယ်”ဟု Nikkei Asia သတင်းဌာနကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားထားသည်။

အာဏာသိမ်း စစ်ကောင်စီဘက် မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( အငြိမ်းစား) ၊ ဒုတိယ ဗိုလ်ချုပ်မင်းနောင်၊ တြိဂံတိုင်း စစ်ဌာနချုပ် ကျိုင်းတုံ တိုင်းမှူး နှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လားရှိုးတိုင်းမှူး တို့ သည် ဧပြီ ၇ ရက်တွင် “UWSA” တပ်ဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

ထို့ပြင် ဧပြီ ၈ ရက်တွင် SSPP/SSA နှင့် တွေ့ဆုံရန် အတွက် ဌာနချုပ် တွင် ရဟတ်ယာဉ်လာရောက် ပျံသန်းသဖြင့်SSPP တပ်သားမှ သေနတ် ပစ်ခတ်လိုက်ရခြင်းကြောင့် ဗိုလ်ချုပ်ကြီးရာပြည့် နှင့် အတူလိုက်ပါလာသည့် အရာရှိ (၂)ဦး ကျည်ထိမှန်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီ သည် ဖေဖော်ဝါရီ (၁)ရက်နေ့မှ စတင်ပြီး နိုင်ငံတော်အာဏာကို လုယူကာ ၊ စစ်အာဏာရှင် အလိုမရှိ ဆန့်ကျင်ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သည့်မှာ (၇၃၈)ဦးထိရှိလာပြီဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...