တာချီလိတ်မြို့ဖမ်းဝရမ်းထုတ်ခံထားရသူ (၃၀၀) ကျော်ရှိ

သျှမ်းရှေ့ တာချီလိတ်မြို့ တွင် အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဝရမ်းထုတ်ခံထားရသူ (၃၀၀)ကျော် ရှိကြောင်း စုံစမ်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက် တာချီလိတ်ပြည်သူများသည် စစ်အာဏာရှင် အလိုမရှိကြောင်း နေ့စဉ်နဲ့အမျှ နည်းမျိုးစုံ ဆန္ဒထုတ်ဖော်ခဲ့ကြရာ၊ ထိုဆန္ဒထုတ်ဖော်သူများထဲမှ ဖမ်းဝရမ်းထုတ်ခံရသူ (၃၀၀)ကျော်ရှိကြောင်း တာချီလိတ်ဒေသခံပြောပြချက် အရသိရသည်။

ထိုဖမ်းဝရမ်းထုတ်ခံရသူများထဲမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် မှ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်ကိုယ်စားလှယ်လောင်း နန်းပင်းတစ် တဦးပါဝင်ပြီး၊ တာချီလိတ် အခြေစိုက် သတင်းဌာနမှ သတင်းထောက်များလည်း ပါဝင်နေကြောင်း သိရသည်။

“ တာချီလိတ်မှာက ဖမ်းဝရမ်းမထုတ်ခံရဘဲ လိုက်ဖမ်းနေတာပေါ့။ ၃၀၀ကျော်လောက်တော့ရှိတယ်။ ဆန္ဒပြတဲ့ပြည်သူတွေကို လိုက်ဖမ်းတယ်။ တာချီလိတ်မှာ အခုက ပြောက်ကျားစနစ်နဲ့ပဲ ဆန္ဒထုတ်ဖော်ကြတယ်” ဟု နန်းပင်းတစ်က ပြောသည်။

လက်ရှိမှာ နန်းပင်းတစ်သည်လည်း ၅၀၅(က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ တစ်ဦးဖြစ်ပြီး၊ သူမကို ဖမ်းဝရမ်း မထုတ်ခင်းကတည်းက အကြမ်းဖက် စစ်ကောင်စီမှ နေ့စဉ်နဲ့ အမျှ သူမ၏ နေအိမ်ကို လာရောက်ရှာဖွေနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဖမ်းဝရမ်းထုတ်ခံထားရသူ ၃ ဦးရှိပြီး ဖမ်းဝရမ်းမထုတ်ခံထားရသောသူ ၃၀၀ ကျော်ကို လက်ရှိအချိန်တွင် လိုက်လံဖမ်းဆီးနေကြောင်းသိရသည်။

“ သူတို့လိုက်ဖမ်းဖို့ နာမည်မထုတ်ဖော်သေးခင်က ကျမကို အိမ်မှာ ခဏခဏ လာရှာတယ်။ ကျမကို မတွေ့တော့ သူတို့ ရုပ်သံကနေ ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်လိုက်တာ” ဟု နန်းပင်းတစ် က ပြောသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြသူများထဲမှ အနုပညာရှင်များ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ လူငယ်များနှင့် သတင်းသမားများကို ၅၀၅(က) ဖြင့် ဖမ်းဝရမ်းထုတ်ပြီး လိုက်လံ ဖမ်းဆီးနေကြောင်းသိရသည်။

ဧပြီ (၂၀)ရက်အထိ အကြမ်းဖက်စစ်ကောင်စီ ၏ လက်ချက်တွင် အသက်သေဆုံးခဲ့သည့် (၇၃၈)ဦးရှိပြီး၊ ဖမ်းဆီးခံရသူ (၃၂၀၀)ကျော်ရှိသွားပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က စာရင်းထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်ခြင်း၊ PSI စလောင်းများကို ဖျက်သိမ်းခြင်း တို့ကို ပြုလုပ်ကာ သတင်းမှန်များကို အမှောင်ချခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...