Tuesday, January 27, 2026

PPST နှင့် FPNCC ပူးပေါင်းမှသာ ဖက်ဒရယ်တပ်မတော် တည်ဆောက်နိုင်မည် ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

NCA လက်မှတ်ထိုးထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) နှင့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC)တို့ ပူးပေါင်းမှသာ ဖက်ဒရယ်တပ်မတော် တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်သည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) မှ မတ် ၃၁ ရက် တွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ကိုထုတ်ပြန်ကြေညာခဲ့ပြီး ဖက်ဒရယ်တပ်မတော် ထူထောင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

ထို့ကြောင့် ဖက်ဒရယ် တပ်မတော် ထူထောင်နိုင်ရန်အတွက် CRPH အနေဖြင့် FPNCC နှင့် PPST တို့ကို ဆွေးနွေးရမည်ဖြစ်ကြောင်း RCSS/SSA ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ကပြောသည်။

“NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ (PPST) နဲ့ မထိုးရသေးတဲ့ အဖွဲ့ ( FPNCC ) ဒီနှစ်ဖွဲ့က ဆွေးနွေးရမယ်။ ဒီနှစ်ဖွဲ့က ဆွေးနွေးပြီး သဘောတူရင် ဖက်ဒရယ် တပ်မတော်က လွယ်သွားပြီ။ အားလုံး သဘောမတူရင်တောင် ဘယ်နှစ်ဖွဲ့နဲ့ စဖွဲ့မလဲဆိုတာ လည်းလုပ်လို့ရတယ်၊ CRPH အနေနဲ့ တစ်ဖွဲ့ပြီးတဖွဲ့လိုက်တွေ့သင့်တယ်။ သူတို့ ဒီ့ထက်ပို အလုပ်လုပ်ရမယ် ” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က သျှမ်းသံတော်ဆင့် နှင့် သီးသန့်တွေ့ဆုံစဉ် ပြောသည်။

အမေရိကန်တော်လှန်ရေးတွင်လည်း ဖက်ဒရယ်တပ်မတော် တည်ဆောက်ရာ (၁၃) ဖွဲ့ နှင့် စတင်ထူထောင်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒါကြောင့် ဘယ်နှစ်ဖွဲ့နဲ့ စဖွဲ့ပြီး လုပ်မလဲဆိုတာ ကျနော်တို့ ဆွေးနွေးရမယ်။ ပွင့်ပွင့်လင်းလင်း မဆွေးနွေးရသေးပဲ ကြေညာချက်ထုတ်ရင် လွယ်တာပေါ့။ ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့က အရေးကြီးတယ်။” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် ကပြောသည်။

လက်ရှိတွင် CRPH မှ NCA လက်မှတ်ရေးထိုးထားသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်သောအဖွဲ့ (PPST) တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

PPST သည် NCA လက်မှတ်ထိုးထားသည့် အဖွဲ့ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေး အဖွဲ့ဖြစ်ပြီး၊ PPSTတွင်ပါဝင်သည့်အဖွဲ့များမှာ RCSS၊ KNU ၊ PNLO ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA ) ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC ) ၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ပါဝင်သည်။

FPNCC အဖွဲ့ဝင်များသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးထားသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ရှမ်းပြည်တိုးတက်ရေပါတီ (SSPP/SSA)၊ မိုင်းလားအဖွဲ့(NDAA) ၊ ကိုးကန့်လက်နက်ကိုင် (MNDAA)၊ တအောင်း(ပလောင်) တပ်ဖွဲ့ ( TNLA) နှင့် ရခိုင်တပ်မတော် (AA) တို့ ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး တိုက်ပွဲအတွင်း MNDAA တပ်သား ၈ ဦးကျဆုံးဟု SSPP ပြော၊ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့

0
သျှမ်းပြည် လားရှိုးမြို့နယ်တွင် SSPP/SSA နှင့် MNDAA တို့အကြား တစ်ရက်တည်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး MNDAA တပ်သား ၈ ဦး ကျဆုံးကြောင်း SSPP ဘက်မှ ထုတ်ပြန်ခဲ့သည်။ ယမန်နေ့ (ဇွန်လ ၁ ရက်) နေ့လယ် ၂ နာရီကျော်မှ စတင်ပြီး...

တရုတ်စီစဉ်မှုဖြင့် စစ်ကောင်စီကိုယ်စားလှယ် သင်္ကြန်မတိုင်မီ UWSA ထိန်းချုပ် ပန်ဆန်းမြို့ သွားရောက်ရန်ရှိ

0
သျှမ်းပြည် ‘ဝ’ဒေသအတွင်း UWSA ထိန်းချုပ် ပန်ဆန်းမြို့သို့ တရုတ်နိုင်ငံ၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များ သင်္ကြန်မတိုင်မီ သွားရောက်တွေ့ဆုံရန် ရှိနေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၁၃ ရက်တွင် စတင်မည့် သင်္ကြန်ကာလ မတိုင်မီတွင် UWSA ထိန်းချုပ် ‘ဝ’ဒေသ ပန်ဆန်းမြို့သို့ တရုတ်အာဏာပိုင်များ၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များ...

လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စု FPNCC မဟာမိတ် (၃) ပွင့်ဆိုင် နယ်မြေစိုးမိုးမှုပြဿနာ

0
သျှမ်းပြည် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စုတွင် FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ် များဖြစ်သည့် UWSA ၊ KIA နှင့် TNLA တို့အချင်းချင်းကြား နယ်မြေကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ် KIA မှ...

SSPP နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ UWSA ဌာနချုပ် ပန်ဆန်း၌ တွေ့ဆုံဆွေးနွေး

0
မဟာမိတ်တပ်ဖွဲ့အချင်းချင်း စစ်ရေးတင်းမာနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှစ်ဘက်ခေါင်းဆောင်များသည် ‘ဝ’ဒေသ ပန်ဆန်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) တွင် ‘ဝ’တပ်ဖွဲ့ UWSA ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့၌ SSPP ဘက်မှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA ပြဿနာကို FPNCC ကြားဝင်ထိန်းသိမ်းပေးရန် နှစ်ဘက်တပ်ဖွဲ့ စောင့်ဆိုင်းနေ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ဖြစ်ပွားနေသည့် ပြဿနာကို FPNCC မှ ကြားဝင် ထိန်းသိမ်းပေးရန် နှစ်ဘက်တပ်ဖွဲ့ စောင့်ဆိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၅) ရက်မှ စတင်ပြီး ကျောက်မဲမြို့နယ်...