Wednesday, January 28, 2026

သီပေါ ဆန္ဒပြစစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ စာအုပ် မီးရှို့သရုပ်ပြ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် တိုင်းရင်းသား လူမျိုးများ သပိတ်စစ်ကြောင်းသည် ၂၀၀၈ အခြေခံ ဥပဒေ စာအုပ်ကို မီးရှို့ သရုပ်ပြသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ဧပြီ (၁) ရက်မနက်ပိုင်း အချိန်တွင် သီပေါမြို့ရှိ တိုင်းရင်းသား လူမျိုးများမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စာအုပ်ကို မီးရှို့သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သပိတ်စခန်းတွင် ပါဝင်သည့် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“၂၀၀၈ အခြေခံ ဥပဒေဟာ အပြီးသတ် ရှုတ်သိမ်းလိုက်ပြီလို့ ကြေညာတဲ့အတွက်ကြောင့် ဒီမနက်မှာ ကျနော်တို့ ၂၀၀၈ အခြေခံ ဥပဒေ စာအုပ်အစိမ်းကို မီးရှို့တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။” ဟု သီပေါမြို့ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

မတ် (၃၁) ရက်တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) သည် ၂၀၀၈ အခြေခံ ဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာခြင်း ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ထုတ်ပြန်ကြေညာခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

ဖေဖော်ဝါရီ (၁) ရက်မှ စတင်ပြီး စစ်တပ်မှ အာဏာလုယူပြီးနောက် တိုင်းရင်းသား သပိတ်စစ်ကြောင်းများသည် စစ်အာဏာရှင် ကျဆုံးရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းရေး နှင့် ဖမ်းဆီးထားသော နိုင်ငံရေး ခေါင်းဆောင်များကို ချွင်းချက် မရှိ ပြန်လည်လွှတ်ပေးရေး စသည်တို့ကို ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြသည်ကို တွေ့ရသည်။

“ ကျနော်တို့ လူငယ်တွေ တောင်းဆိုတာ တစ်ခုတော့ အောင်မြင်သွားပြီလို့တော့ ပြောလို့ရတာပေ့ါ။ ၂၀၀၈ အခြေခံ ဥပဒေ ဖျက်သိမ်းဖို့ဆိုတာကိုပေါ့။ ကျန်တဲ့ တောင်းဆိုချက်တွေတော့ ထပ်ပြီး ဆန္ဒဖော်ထုတ်သွားရမှာပါ” ဟု သီပေါလူငယ်တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

၂၀၀၈ အခြေခံ ဥပဒေသည် စစ်တပ်ဘက်မှ နိုင်ငံရေးအရ အသာစီးရထားသော ဥပဒေ တစ်ခုဖြစ်ပြီး လွှတ်တော်သုံးရပ်မှာလည်း ရွေးကောက်ခံရန်မလိုပဲ အလိုအလျောက် ၂၅ ရာခိုင်နှုန်း စစ်တပ်ဘက်မှ တပ်မတော်သားကိုယ်စားလှယ် နေရာ ရထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသည့် သီပေါမြို့နေအိမ်များ လူမှုကူညီရေးအဖွဲ့ ကူညီမည်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ကူညီထောက်ပံ့ပေးသွားမည်ဟု သတင်းရရှိသည်။ လက်ရှိတွင် သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ပြည်သူနေအိမ် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ “တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဉီး ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ရက်) ညနေပိုင်းတွင် သီပေါမြို့ မီးရထားရပ်ကွက်နေ မြရွှေဂူဘုန်းကြီးကျောင်းအနီးတွင် စစ်လက်နက်ကျန် ပစ္စည်းကို ကောက်ယူရာ ပေါက်ကွဲမှုဖြစ်ပွားပြီး လက်နှစ်ဖက်ပြတ်ထွက်သွားပြီး ၁...

သီပေါမြို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် သီပေါမြို့နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁ ရက်နေ့) တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာဒေသခံ အမျိုးသား ၂ ဦးသည် တောထဲ မှိုသွားရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခြင်းကြောင့် တစ်ဦး...

သီပေါ လေကြောင်းဗုံးကြဲခံရခြင်းကြောင့် ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံး၊ မြို့အဝင်ကို TNLA တင်းကြပ်စစ်ဆေးနေ

0
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-(၅၀၃) နှင့် (၅၀၄) တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်...

သီပေါမြို့ပေါ် စစ်ကောင်စီတပ် အပြင်းအထန် လေကြောင်းဗုံးကြဲ၊ စာသင်ကျောင်းထဲ အရပ်သားနှစ်ဦး သေဆုံး

0
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ လူအိပ်မောကျနေသည့် ညအချိန် လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းတွင် နေထိုင်သည့် အရပ်သားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်) နံနက် ၁ နာရီခန့်မှ စတင်၍ သီပေါမြို့ပေါ် ရပ်ကွက်များသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့်...