Tuesday, January 27, 2026

လင်းခေးမြို့နယ် ကိုဗစ် ကာကွယ်ဆေး လက်မှတ်မရှိလျှင် ခရီးသွားခွင့်မရ

သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသည့် သက်သေ အထောက်အထား မရှိလျှင် ခရီးသွားခွင့်မရှိကြောင်း စုံစမ်းသိရသည်။

လက်ရှိမှာ စစ်အစိုးရ က သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတဝှမ်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေသော်လည်း ပြည်သူများက ထိုကိုဗစ်-၁၉ ကာကွယ်ဆေးကို သွားရောက်မထိုးကြကြောင်း၊ ပြည်သူများက ကိုဗစ်-၁၉ ကာကွယ်ဆေးကို အယုံအကြည်မရှိသည့်အတွက် သွားမထိုးကြကြောင်း လည်း စုံစမ်းသိရသည်။

“ ကျမတို့ လင်းခေးပြည်သူတွေက ကိုဗစ် ကာကွယ်ဆေးကို မယုံလို့ သွားမထိုးတာ။ ဘာဆေးမှန်းလည်း မသိဘူး။ တချို့ကတော့ ရောဂါအခံရှိလို့သွားမထိုးရဲဘူး။ အခုတော့ ခရီးသွားရင် ကိုဗစ် ကာကွယ်ဆေးထိုးထားတဲ့လက်မှတ်မပါရင် မသွားရဘူးတဲ့” ဟု လင်းခေးမြို့ လူငယ်တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (မတ် ၁၉ )ရက်တွင် လင်းခေးမြို့ ဝမ်ဟတ်တိုက်နယ် ဒေသခံတချို့သည် ခရီးသွားရန် လင်းခေးမြို့ဗျူဟာတပ် ဖြတ်သန်းရာ ကိုဗစ်-၁၉ ထိုးထားသည့် လက်မှတ်မရှိသည့်အတွက် လမ်းပေးမဖြတ်ကြောင်းလည်း ၎င်း လူငယ်က ဆိုသည်။

“ မနေ့က ကျနော်တို့ တောင်ကြီးဘက် သွားမလို့။ ကိုဗစ် လက်မှတ်မရှိလို့ဆိုပြီး ဗျူဟာတပ်က ပေးမဖြတ်ဘူး။ အဲ့ဒါနဲ့ အိမ်ပြန်ခဲ့ရတယ်” ဟု လင်းခေးမြို့နယ် ဒေသခံတဦးက ပြောသည်။

ထို့အပြင် သျှမ်းတောင် မိုင်းကိုင်မြို့တွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် အတွင် စစ်ကောင်စီ အစိုးရ က ကြေညာထားသော်လည်း ပြည်သူတဦးတယောက်မှ သွားရောက်ထိုးကြခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများ ကာကွယ်ဆေးမထိုးသည့်အတွက် မိုင်းကိုင်မြို့နယ် ကုန်းလုံကျေးရွာ ဒေသခံများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပါက ကျပ်ငွေ ၂သောင်းရမည်ဆိုပြီး ပြောဆိုသဖြင့် ဒေသခံများက လာရောက်ထိုးကြကြောင်း သိရသည်။

“ ကိုဗစ်ဆေးထိုးရင် ကျပ် ၂သောင်းရမယ်ဆိုလို့ ရွာကလူတွေ လာကြတယ်။ ထော်လဂျီတွေ နဲ့လာတယ် တော်တော်များတယ်။ မြို့ပေါ်ကလူတွေကတော့ သွားမထိုးကြဘူး” လို့ မိုင်းကိုင်ဒေသခံ တဦး ကပြောသည်။

သျှမ်းပြည်တဝှမ်း စစ်အာဏာရှင် အလိုမရှိ ဆန္ဒထုတ်ဖော်မှုကို စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ က အကြမ်းဖက်ဖြိုခွင်း မှုကို နေ့စဉ် နှင့် အမျှ ပြုလုပ်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

0
ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ...

လင်းခေးမြို့နယ် စစ်ကောင်စီမှ စစ်မှုထမ်းရန် ဆင့်ခေါ်နေ

0
သျှမ်းပြည် လင်းခေးမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ပထမအကြိမ် ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်မှုများရှိလာကြောင်း စုံစမ်းသိရသည်။ မတ်လ ပထမပတ်မှ စတင်၍ လင်းခေးမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ခေါ်ယူပြီး အစည်းအဝေးပြုလုပ်ကာ ပြည်သူ့စစ်မှုထမ်း စတင်ကောက်ယူမည်ဟု ပြောဆိုခဲ့ကြောင်း လင်းခေးမြို့ ဒေသခံ...

လင်းခေးမြို့နယ် ရေကြီး၊ နေအိမ် တစ်ထောင်ဝန်းကျင်နှင့် လယ်ယာ ဧက ၃၀၀၀ ခန့် နစ်မြှုပ်

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်တွင် မိုးရွာသွန်းပြီး နမ့်တိန်းချောင်းရေ မြင့်တက်မှုကြောင့် ပြည်သူနေအိမ် တစ်ထောင်ဝန်းကျင်နှင့် လယ်ယာစိုက်ခင်းများ ဧက ၃၀၀၀ ခန့် ရေနစ်မြှုပ်နေကြောင်း‌ေသတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်မှ စတင်၍ နမ့်တိန်းချောင်း ရေမြင့်တက်လာပြီး ယနေ့ (သြဂုတ်လ ၂၇ ရက်) အထိ ရေများ...

သျှမ်းတောင် ဒေသခံလူထုနှင့် ဆက်တိုက်တွေ့ဆုံလာသည့် RCSS ဥက္ကဋ္ဌ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်အတွင်းရှိ ဒေသခံလူထုကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌက ဆက်တိုက်တွေ့ဆုံလာကြောင်း စုံစမ်းသိရသည်။ မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး လင်းခေးခရိုင်အတွင်းရှိ မိုင်းပန်၊ မောက်မယ်၊ လင်းခေး၊ မိုးနဲနှင့် နမ့်စန်မြို့နယ်များရှိ ဒေသခံပြည်သူများကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က လူထုတွေ့ဆုံပွဲများ...

လင်းခေးမြို့နယ် ဝမ်ဟက်ရွာမှာ မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး

0
သျှမ်းပြည် လင်းခေးမြို့နယ် ဝမ်ဟတ်ရွာတွင် မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ လင်းခေးမြို့နယ် ဝမ်ဟက်ရွာမှာ မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး ယနေ့(အောက်တိုဘာ ၁၈ ရက်) နံနက် ၉ နာရီခန့်တွင် လင်းခေးမြို့နယ် ဝမ်ဟတ်ရွာ၌ နေထိုင်သည့် စိုင်းဆိုင်လင်း...