လင်းခေးမြို့နယ် ကိုဗစ် ကာကွယ်ဆေး လက်မှတ်မရှိလျှင် ခရီးသွားခွင့်မရ

သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသည့် သက်သေ အထောက်အထား မရှိလျှင် ခရီးသွားခွင့်မရှိကြောင်း စုံစမ်းသိရသည်။

လက်ရှိမှာ စစ်အစိုးရ က သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတဝှမ်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေသော်လည်း ပြည်သူများက ထိုကိုဗစ်-၁၉ ကာကွယ်ဆေးကို သွားရောက်မထိုးကြကြောင်း၊ ပြည်သူများက ကိုဗစ်-၁၉ ကာကွယ်ဆေးကို အယုံအကြည်မရှိသည့်အတွက် သွားမထိုးကြကြောင်း လည်း စုံစမ်းသိရသည်။

“ ကျမတို့ လင်းခေးပြည်သူတွေက ကိုဗစ် ကာကွယ်ဆေးကို မယုံလို့ သွားမထိုးတာ။ ဘာဆေးမှန်းလည်း မသိဘူး။ တချို့ကတော့ ရောဂါအခံရှိလို့သွားမထိုးရဲဘူး။ အခုတော့ ခရီးသွားရင် ကိုဗစ် ကာကွယ်ဆေးထိုးထားတဲ့လက်မှတ်မပါရင် မသွားရဘူးတဲ့” ဟု လင်းခေးမြို့ လူငယ်တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (မတ် ၁၉ )ရက်တွင် လင်းခေးမြို့ ဝမ်ဟတ်တိုက်နယ် ဒေသခံတချို့သည် ခရီးသွားရန် လင်းခေးမြို့ဗျူဟာတပ် ဖြတ်သန်းရာ ကိုဗစ်-၁၉ ထိုးထားသည့် လက်မှတ်မရှိသည့်အတွက် လမ်းပေးမဖြတ်ကြောင်းလည်း ၎င်း လူငယ်က ဆိုသည်။

“ မနေ့က ကျနော်တို့ တောင်ကြီးဘက် သွားမလို့။ ကိုဗစ် လက်မှတ်မရှိလို့ဆိုပြီး ဗျူဟာတပ်က ပေးမဖြတ်ဘူး။ အဲ့ဒါနဲ့ အိမ်ပြန်ခဲ့ရတယ်” ဟု လင်းခေးမြို့နယ် ဒေသခံတဦးက ပြောသည်။

ထို့အပြင် သျှမ်းတောင် မိုင်းကိုင်မြို့တွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် အတွင် စစ်ကောင်စီ အစိုးရ က ကြေညာထားသော်လည်း ပြည်သူတဦးတယောက်မှ သွားရောက်ထိုးကြခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများ ကာကွယ်ဆေးမထိုးသည့်အတွက် မိုင်းကိုင်မြို့နယ် ကုန်းလုံကျေးရွာ ဒေသခံများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပါက ကျပ်ငွေ ၂သောင်းရမည်ဆိုပြီး ပြောဆိုသဖြင့် ဒေသခံများက လာရောက်ထိုးကြကြောင်း သိရသည်။

“ ကိုဗစ်ဆေးထိုးရင် ကျပ် ၂သောင်းရမယ်ဆိုလို့ ရွာကလူတွေ လာကြတယ်။ ထော်လဂျီတွေ နဲ့လာတယ် တော်တော်များတယ်။ မြို့ပေါ်ကလူတွေကတော့ သွားမထိုးကြဘူး” လို့ မိုင်းကိုင်ဒေသခံ တဦး ကပြောသည်။

သျှမ်းပြည်တဝှမ်း စစ်အာဏာရှင် အလိုမရှိ ဆန္ဒထုတ်ဖော်မှုကို စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ က အကြမ်းဖက်ဖြိုခွင်း မှုကို နေ့စဉ် နှင့် အမျှ ပြုလုပ်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

စွန့်ပစ်ခံ ASEAN သဘောတူညီချက် – စစ်အစိုးရ၏ အာခံမှုနှင့် အာဆီယံအတွင်း အက်ကွဲကြောင်းများ

0
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်သည့် သံတမန်အခင်းအကျင်းသည် အလှည့်အပြောင်းမြန်ဆန်စွာဖြင့် မရေမရာဖြစ်လာနေပြီး အရေးကြီးသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပြီဖြစ်သည်။ လက်ရှိအခြေအနေသည် အတုအယောင်ဖန်တီးထားသော တရားဝင်မှု၊ အချင်းချင်း သစ္စာဖောက်မှု၊ ဒေသတွင်း ဘုံသဘောတူညီချက်များ ပျက်ပြားခြင်းကဲ့သို့ အန္တရာယ်ရှိသော အခြေအနေများဖြင့် စုပေါင်းဖြစ်ပေါ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က ဘန်ကောက်တွင်ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးအတွက်...

စစ်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်တဝှမ်း သွင်းကုန်ရပ်တန့်

0
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး ကုန်ဈေးနှုန်းမြင့်တက်လာမည်ကိုလည်း ပြည်သူများက စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ (မေလ ၁ ရက်)မှ စပြီး တရုတ်ကုန်စည်များတင်သွင်းသည့် မူဆယ် - လားရှိုးလမ်းကြောင်းနှင့် ထိုင်းကုန်စည်များတင်သည့်သည့် တာချီလိတ် - ကာလိ စသည့်...

နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့်...

လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ကိုင်ဆောင်သူများ လိုက်နာရမည့် ဥပဒေပါ စည်းကမ်းချက်များ ထုတ်ပြန်

0
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိထားသူများအနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်လျှင် လယ်ယာမြေလုပ်ပိုင်ခွင့် ဆုံးရှုံးနိုင်ကြောင်းနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ယနေ့ (ဧပြီလ ၂၀ ရက်) တွင် ထုတ်ပြန်လိုက်သည်။ လယ်ယာမြေဥပဒေ ပုဒ်မ (၁၂) နှင့် (၁၃)...