Saturday, May 4, 2024

တာချီလိတ် စစ်အာဏာဆန့်ကျင်ဆန္ဒပြ လူငယ် ၆ဦးကို ဖမ်းဆီးခံရ

Must read

သျှမ်းရှေ့ တာချီလိတ်မြို့ ယနေ့ (မတ် ၁၉ )ရက် နေ့လည်တွင် စစ်အာဏာရှင် အလိုမရှိ ဆန့်ကျင် ဆန္ဒပြသည့် လူငယ် ၆ဦးကို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

တာချီလိတ် ဆန္ဒပြလူငယ်များကို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ မှ လိုက်လံရှာဖွေနေသည်မှာ ၂ရက်ခန့်ရှိပြီဖြစ်ပြီး ယနေ့နေ့လည်ပိုင်းတွင် ၎င်းတို့နေအိမ်များ၌ ဖမ်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ ဆန္ဒပြ လူငယ် ၆ဦးဖမ်းသွားတာပဲ စာရင်းသိရသေးတယ်။ ဒီထက်များနိုင်တယ်။ အရေအတွက် တိကျမသိရသေးဘူး” ဟု တာချီလိတ်ဒေသခံ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်ထိ သျှမ်းသံတော်ဆင့် စုံစမ်းရသလောက် ဆန္ဒပြသူ (၆)ဦးသာ သိရပြီး၊ ဆက်လက်စုံစမ်းကာ သတင်းတင်ဆက်သွားမည်။

တာချီလိတ်တွင် ဆန္ဒပြ လူထုသပိတ်ကို စစ်ကောင်စီက နည်းမျိုးစုံ ဖြိုခွင်းနေသော်လည်း လူငယ်များကလည်း စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ဆန္ဒပြနေသေးကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article