Friday, April 19, 2024

သိန်နီမြို့ ဈေတန်းရပ် မီးလောင်မှုဖြစ်ပွား

Must read

သျှမ်းပြည်မြောက်ပိုင်း သိန်နီမြို့ ရပ်ကွက်(၁) ဈေးတန်း တွင် နေအိမ် (၂ ) မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ယနေ့ မတ်လ (၁၇) ရက် မနက် (၉) နာရီခွဲ ဝန်းကျင်တွင် နေအိမ် ၂ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းနေဆဲဟု သိရသည်။

“ မီးလောင်တာ ဟုတ်ပါတယ်။ တစ်အိမ်ကနေ စလောင်ပြီးတော့ ထပ်တစ်အိမ် ကူးသွားတာ။ ဘာကြောင့် လောင်သွားလဲတော့ သေချာမသိရသေးဘူး” ဟု မီးလောင်သည့်နေရာမှာ ကူညီပေးသည့် တဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယခု ဖြစ်စဉ်မှာ မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးကြောင်း၊ ထိခိုက် ဒဏ်ရာ ရရှိသူ မရှိကြောင်း၊ ဆုံးရှုံးတန်ဖိုး မသိရသေးပေ။

Leave a Comments

- Advertisement -spot_img

Latest article