Tuesday, January 27, 2026

တောင်ကြီး ပုဂ္ဂလိကဘဏ် အချို့ အချိန်ပိုင်းဖြင့် ပြန်ဖွင့်

တောင်ကြီးမြို့ ရှိ ပုဂ္ဂလိကဘဏ် အချို့ ယနေ့ (မတ် ၁၆)ရက် မနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။

ပုဂ္ဂလိက ဘဏ်များပြန်လည် ဖွင့်လှစ်ရန် စစ်ကောင်စီ က ဖိအားပေးခဲ့ခြင်း၊ ပုဂ္ဂလိက ဘဏ်များပြန်လည်မဖွင့်လှစ် ပါက ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ် ၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ ငွေလွှဲပြောင်းပေးနိုင်ရန် နှင့် ပုဂ္ဂလိက ဘဏ်များ မဖြစ်မနေ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရန် စစ်ကောင်စီ က မတ် (၉ )ရက်စွဲဖြင့် ဘဏ်များကို စာပေးပို့ခဲ့သည်။

ထို့ကြောင့် ယနေ့ တောင်ကြီး ကမ္ဘောဇဘဏ်သည် ယနေ့ (မတ် ၁၆)ရက်မှစတင်ကာ မနက် ၉ နာရီမှ မွန်းတည့်ချိန် ၁၂နာရီထိ ဘဏ်ကိုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။

“ မနက်ပိုင်းပဲဖွင့်တယ်။ တယောက်ကို ဒီနေ့ ၅သိန်းကျပ်တော့ ထုတ်ပေးတယ်။ ငွေလာထုတ်တဲ့သူတွေရှိတယ်။ ဘဏ်ဝန်ထမ်း ကနည်းတယ်” ဟု ကမ္ဘောဇဘဏ် တွင် ငွေသွားထုတ်လာသည့် အမျိုးသမီး တဦးက ပြောသည်။

မတ် (၁၇)ရက်မှ စကာ တောင်ကြီးခရိုင် အတွင်းရှိ ဟဲဟိုး၊ အေးသာယာ၊ ရွှေညောင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ကလော၊ အောင်ပန်း ရှိ ကမ္ဘောဇ ဘဏ်ခွဲများ ဆက်လက်ဖွင့်သွားမည် ဟုလည်း သတင်းရရှိသည်။

“ ဘဏ်မဖွင့်ရင် ဘဏ်စာရင်းတွေ အားလုံး မြဝတီ၊ အင်းဝ၊ မြန်မာ့စီးပွားရေးဘဏ်တွေကို လွှဲပေးရမယ်၊ ဘဏ်လိုင်စင်ကိုသိမ်းမယ်ဆိုတဲ့ ဖိအားကြောင့် ဖွင့်ရတာပါ။ စစ်ကောင်စီကလည်း နည်းမျိုးစုံခြိမ်းခြောက်နေပါတယ်။ CDM လုပ်တဲ့ဝန်ထမ်းတွေလည်းရှိပါတယ်။ မနက်ပိုင်းပဲဖွင့်မှာပါ” ဟု ကမ္ဘောဇဘဏ် ဝန်ထမ်းတဦးက ပြောသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်တွင်တာဝန်ထမ်းဆောင်နေသည့် အရာရှိ ၊ဝန်ထမ်း ၂၁၂ ဦးသည် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM )ပြုလုပ်သဖြင့် စစ်အာဏာသိမ်းကောင်စီ က တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း မတ် (၁၂)ရက်တွင် ကြေညာချက်ထုတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့်...

အေးသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက် လူငယ်ကို အစားထိုးခေါ်ထည့်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက်သည့် လူငယ်ကို လူစားထိုးခေါ်ထည့် နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၁၅)အတွက် အေးသာယာတွင် မဲနှိုက် နယ်မြေ (၈) (က) ရပ်ကွက်တွင် သုံးဦးမဲပေါက်ပြီး...

တောင်ကြီးမြို့နယ် ကျောက်နီအုပ်စုတွင် ကျေးရွာပိုင်စားကျက်မြေများကို စစ်တပ်သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာအုပ်စုရှိ ကျေးရွာပိုင် စားကျက်မြေများကို စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ သိမ်းဆည်းခံရသည့် စားကျက်မြေများသည် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ၊ ရေပူကျေးရွာနှင့် သရက်ပင်လှကျေးရွာ စသည့် ကျေးရွာများမှ ပိုင်ဆိုင်သည့် စားကျက်မြေများ ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ခြင်းကြောင့်...

တောင်ကြီးခရိုင် စစ်ကောင်စီမှခေါ်ဆောင်ခံရသည့် စစ်မှုထမ်းလူငယ်များ ရှေ့တန်းတွင်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် အတွက် ခေါ်ဆောင်ခံရသည့် လူငယ်များ ရှေ့တန်းတွင် သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ထိုသူများသည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များမှ စစ်မှုထမ်း အပတ်စဉ် (၅) နှင့် (၆) အတွက် စစ်မှုထမ်းခေါ်ဆောင်ခံသွားရသည့် လူငယ်များဖြစ်ကြသည်။ ဇန်နဝါရီလ (၅) ရက်မှ (၁၀)...