Friday, April 19, 2024

တောင်ကြီးမြို့ အလံနက်လွှင့်ထူပြီး ပြည်သူအချင်းချင်း အကာအကွယ်ပေးသွားမည်

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများကို ရဲ၊စစ်တပ် မှ နေ့စဉ်နဲ့အမျှ ရာဘာကျည်ဖြင့် ပစ်ခတ်မှုပြုလုပ်နေသဖြင့် Team Black X မှ တောင်ကြီးမြို့ ပေါ် အလံနက် လွှင့်ထူလိုက်ကြောင်း ကြေညာလိုက်သည်။

ယနေ့ (မတ် ၁၄)ရက် တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ဆိုင်ကယ်သပိတ်စစ်ကြောင်း က လူငယ် (၄)ဦးကို ရဲ၊စစ်တပ်မှ ကားဖြင့် နောက်မှ လိုက်တိုက်ခြင်း၊ ရာဘာကျည်များဖြင့် ရက်စက်စွာ ပစ်ခတ်ခြင်းတို့ ပြုလုပ်ပြီး ဆန္ဒပြလူငယ် (၇)ဦးကိုလည်း ဖမ်းဆီးသွားကြောင်း Team Black Xအဖွဲ့ က ပြောသည်။

ယနေ့ ရာဘာကျည်ထိမှန်သည့် လူငယ်(၄) ရှိပြီး၊ ရဲ၊စစ်ကား ဖြင့် ဆိုင်ကယ်သပိတ်စစ်ကြောင်းကို လိုက်တိုက်မှုကြောင့် (၅)စီး တိုက်ခံရပြီး၊ လူငယ် (၇)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်။

ထို့ကြောင့် တောင်ကြီးမြို့ပေါ် ကို အလံနက်လွှင့်ထပြီး ပြန်လည်ခုခံမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာတဝှမ်းလုံးတွင်လည်း စစ်အာဏာကိုဆန့်ကျင်ဆန္ဒပြမှုကြောင့် ရဲ၊စစ်တပ်မှ နေ့စဉ်အကြမ်းဖက် သေနတ်ပစ်သတ်မှုရှိနေသဖြင့် လက်နက်မဲ့ ပြည်သူအချင်းချင်း အကာအကွယ်ပေးသည့်အနေဖြင့် အလံနက်ကို လွှင့်ထူလာကြသည်။

Leave a Comments

- Advertisement -spot_img

Latest article