Friday, April 19, 2024

တောင်ကြီး တပ်ထောက်ခံသူများကို ရဲ၊တပ်များလုံခြုံရေးပေး

Must read

“ နိုင်ငံသားမဟုတ်သူများလွှမ်းမိုးမည့်အကြံ ထောက်မခံ” “ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ကို စောင့်ရှောက်လျက်ရှိသော မြန်မာ့ တပ်မတော် အား ထောက်ခံပါသည်” ဆိုသည့် ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး တောင်ကြီးမြို့တွင် တပ်မတော် ထောက်ခံပွဲ ပြုလုပ်ကြသည်။

ယနေ့ နေ့လည် ၁နာရီ အချိန်တွင် တပ်မတော်ထောက်ခံပွဲ စီတန်းလှည့်လည်သူနှင့် စစ်အာဏာရှင်ဆန့်ကျင်သူများကြား ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။

တပ်မတော် ထောက်ခံသူများသည် နေ့စားခ တရက်လျှင် “ ၅၀၀၀ ကျပ်” နှုန်းရရှိထားပြီး၊ ထိုသူများသည် အေးသာယာ ဘက်မှ လာကြသူများဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ထိုသူများသည် မိမိသဘောဆန္ဒအလျောက် လာရောက် ဆန္ဒထုတ်ဖော်ကြသူများမဟုတ်ကြပေ။

တပ်မတော်ထောက်ခံပွဲတွင် ရဲကားများ၊ ရဲများက လုံခြုံရေး အပြည့်အဝ ယူထားပြီး၊ ထိုဆန္ဒပြနေချိန်တွင် တပ်မတော်ကား ၄စီးဖြင့် ဆန္ဒပြနေတဲ့ကြားဖြတ်မောင်းသွားသည်ကိုတွေ့ရသည်။

“ တပ်ကားအကြီး ၄စီးနဲ့တပ်သားတွေ အပြည့်ဘဲ။ တပ်မတော်ထောက်ခံသူနဲ့ စစ်အာဏာရှင် ကြားပြဿနာဖြစ်ရင် သူတို့က တန်းပြီး လုပ်မယ့် ပုံပဲ။ ပြဿနာ တစုံတရာတော့ မရှိခဲ့ဘူး” ဟု စစ်အာဏာရှင်ကို ဆန့်ကျင်သူ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

မြန်မာနိုင်ငံတွင် ယနေ့ မနက်ပိုင်း ၌ တပ်မတော် ထောက်ခံပွဲ ကို နေ့ရာအနှံ့ ကျင်းပခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင်တချို့ အရပ်ဝတ်ပြောင်းလဲ ဝတ်ဆင်ပြီး တပ်မတော် ထောက်ခံသူများနှင့် လာရောက်ပူးပေါင်းဆောင်ရွက်သည် ကိုလည်း တွေ့ရသည်။

ထို့အပြင် ယနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့တပ်မတော် ထောက်ခံသူများကိုရဲတပ်ဖွဲ့များက အင်အား အပြည့်နှင့် ဝန်းရံကြပြီး တပ်မတော် ထောက်ခံသူများသည် အရပ်သားပြည်သူများကို ရန်စကာ ဓားဖြင့်ထိုးခြင်း၊ လေးဂွပစ်ခြင်းတို့လည်း ရှိခဲ့သည်။

“ ရန်ကုန်မှာ ဖြစ်သွားတဲ့ကိစ္စ ကျနော်တို့ကြားရတယ်။ သူတို့က ရန်မဖြစ်ဖြစ်အောင်စမယ်။ နောက် သူတို့ က ကျနော်တို့ ကို နာကျင်အောင်လုပ်မယ်။ ပြီးရင် သူတို့ရဲ့ ကွင်ထဲဝင်အောင်လုပ်မယ်။ တောင်ကြီးမှာလည်း ကြည့်ပြီး တော့ ဆန္ဒထုတ်ဖော်ရတာပေါ့” ဟု တောင်ကြီး ဒေသခံ တဦးက ပြောသည်။

တောင်ကြီးပြည်သူများအနေဖြင့် တပ်မတော်ထောက်ခံသူများကို သံဗုံးတီးခြင်း၊ ကား၊ဆိုင်ကယ်ဟွန်းတီးပြီး တန်ပြန်ဆန့်ကျင်ဆန္ဒထုတ်ခဲ့ကြသည်။

Leave a Comments

- Advertisement -spot_img

Latest article