Tuesday, January 27, 2026

အခွန်မဆောင်ရေး အတွက် ကျောင်းသားများ ထိုင်သပိတ် EPC ရုံးရှေ့ ပြုလုပ်

တောင်ကြီး မြို့ နယ်လျှပ်စစ် အင်ဂျင်နီယာ (EPC) ရုံးရှေ့တွင် တောင်ကြီး တက္ကသိုလ် ကျောင်းသားလူငယ်များမှ ထိုင်သပိတ်ပြုလုပ်ကာ မီတာခ အခွန်မဆောင်ရေး ဆန္ဒပြတောင်းဆို မှုကြောင့် ငွေလက်ခံကောင်တာ ယာယီပိတ် ထားရကြောင်းသိရသည် ။

အဆိုပါကျောင်းသားလူငယ်များ အနေဖြင့် ယနေ့ (ဖေဖော်ဝါရီ ၂၄) ရက်မနက် ၈ နာရီခန့် ကစပြီး EPC ရုံးရှေ့တွင် ထိုင်သပိတ်ပြုလုပ်ကာ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် အနေဖြင့် မီတာခ အခွန်လာဆောင်သည့်ပြည်သူများကို လှုံ့ဆော်ခဲ့ကြခြင်းဖြစ်သည် ။

ကျောင်းသားလူငယ်များအနေနှင့် “ကျွန်တော်တို့ကို ပစ်မယ့်ကျည်ဆံတွေအတွက် အခွန်ဆောင်ရမှာလား” ၊ “အခွန်မဆောင်ခြင်းဖြင့် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြ” ၊ ”အခွန်မဆောင်ခြင်းသည် CDM ကို အထောက်အကူဖြစ်သည်” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်လျှက် စစ်အာဏာသိမ်း အစိုရ ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည် ။

ယင်းသို့ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့များ ရောက်ရှိလာကာ ဆန္ဒပြကျောင်းသားလူငယ်များ အား EPC ရုံးရှေ့တည့်တည့် တွင် မနေကြရန် လမ်းတစ်ဖက်တွင်သာ ဆန္ဒပြရန် ပြောဆို ခဲ့ သောကြောင့်ကျောင်းသားများမှာ လမ်းအလည်ကျွန်းမျော တွင် ရပ်ကာ ဆက်လက် ကြွေးကြော်ဆန္ဒပြခဲ့ကြပြီး အနီးနားရှိ လက်ဖက်ရည်ဆိုင်များ မှ ပိတ်သိမ်း သွားသည် ကိုလည်းတွေ့မြင်ခဲ့ရသည် ။

EPC ရုံးအတွင်းတွင်လည်း စစ်သားများ ၊ ရဲများ ဖြင့် စောင့်ကြပ်လျှက်ရှိပြီး နေ့လည် ၁၂ နာရီတွင် ငွေလက်ခံကောင်တာ ယာယီပိတ် သိမ်းကြောင်း ဆိုင်းဘုတ်ထောင်ထားသည် ကို တွေ့မြင်ရပါသည် ။

တောင်ကြီး EPC ရုံးဝန်ထမ်းများ အချို့သည် စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း CDM တွင်ပါဝင်လာသူများ ရှိပြီး လမ်းလျှောက်ဆန္ဒပြရာတွင်လည်း ပါဝင်ခဲ့ကြသည် ။ အဆိုပါ CDM တွင် ပါဝင်သောဝန်ထမ်းများကိုလည်း ဖမ်းဆီး အရေးယူမှုများ ရှိခဲ့ကြောင်း သိရှိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရပ်စောက်မြို့ EPC ဓာတ်အားခွဲရုံ ပေါက်ကွဲမှုဖြစ်

0
သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့ရှိ လျှပ်စစ်ရုံ EPC ဓာတ်အားခွဲရုံ ရှော့ခ်ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( သြဂုတ်လ ၂၆ရက်) ည ၈ နာရီခွဲကျော်တွင် ရပ်စောက်မြို့ ဥတ္တာရပ်ကွက်ရှိ EPC ဓာတ်အားခွဲရုံပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရပ်စောက်မြို့ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မိုးကြိုးထိမယ်ထင်တယ် လျှပ်စီးဝင်ပြီး...

နမ့်စန်မြို့ မီတာခ ၃ ဆ ပိုပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် မီးများပုံမှန်လာခြင်းမရှိဘဲ EPC ရုံးကို လစဉ်ကြေးမီတာခ ကို ၃ဆ ပိုပေးဆောင် နေရ ကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး (၁) နှစ်ကျော်ကာလအတွင်း လျှပ်စစ်မီးများ ပုံမှန်လာခြင်းမရှိသည့်အပြင် လစဉ်ကြေး မီတာခများကို EPC ရုံးက ကောက်ယူခဲ့ပြီး ယခင်တွင် တစ်လကို...

လားရှိုးမြို့တွင်း လျှပ်စစ်ဝန်ထမ်း အယောင်ဆောင်ပြီး ငွေတောင်းယူမှုများရှိနေ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ထမ်းယောင်ဆောင်ပြီး ပြည်သူများထံ ပိုက်ဆံကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ယခုရက်ပိုင်း လားရှိုးမြို့ တစ်ချို့ရပ်ကွက်မှာ လျှပ်စစ်ဝန်ထမ်း ယူနီဖောင်းဖြင့် နေအိမ်သို့လာကာ ဝါယာကြိုးလိုက်စစ်ပြီး ငွေတောင်းယူမှုများရှိကြောင်း သိရသည်။ယမန်နေ့ ဇွန် (၅) ရက်နေ့တွင်လည်း ရပ်ကွက် (၁၁) ပညာရေး ကောလိပ်နားတွင် ရှိနေသည့်...

ကလောမြို့ EPC ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့ EPC ရုံးဝင်းတွင် ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၆ ရက်) ည ၈ နာရီကျော်တွင် ကလောမြို့ EPC ရုံးရှေ့ အလံတိုင်အနီးတွင် ချိန်ကိုက်လက်လုပ် ဗုံးတစ်လုံး ပေါက်ကွဲပြီး ရုံးဆင်းရန်ပြင်နေသည့် ဝန်ထမ်းနှစ်ဦး...