စစ်ကောင်စီ ၏ ပြည်ထောင်စု ရွေး/ကော် ထံ ကျားဖြူသွားရောက်တွေ့ဆုံမည်

စစ်ကောင်စီ အသစ်ခန့်အပ်လိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံရန်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) သွားရောက်တွေ့ဆုံမည် စုံစမ်းသိရသည်။

စစ်ကောင်စီ အသစ်ခန့်အပ်လိုက်သည့် ပြည်ထောင်စု ရွေး/ကော်နှင့် နိုင်ငံရေးပါတီများ ဖေဖော်ဝါရီ ၂၆ရက်တွင် တွေ့ဆုံရန် အတွက် နိုင်ငံရေး ပါတီ အားလုံးကို ဖိတ်ကြားခဲ့ကြောင်းသိရသည်။

“ ကျနော်တို့ ပါတီနဲ့ မဟာမိတ်ပါတီတွေကတော့ သွားတက်ဖြစ်မယ်။ သွားတက်သင့်တယ်ထင်လို့သွားကြမှာပါ” ဟု SNDP မှ ပြောရေးဆိုခွင့်ရှိသူ လုံးစိုင်းဖိုးအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ အသစ်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု ရွေး/ကော်နှင့် တွေ့ဆုံမှုသည် SNDP၏ သဘောဆန္ဒအရ ဖြစ်ကြောင်း လည်း လုံးစိုင်းဖိုးအောင် ကပြောသည်။

“ SNDPပါတီရဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတွေ သွားတက်မှာပါ” ဟု လည်း ၎င်း က ပြောသည်။

အဆိုပါတွေ့ဆုံသွားတက်ရောက်မည့် သူများကို ဖေဖော်ဝါရီ ၂၅ရက် တွင်နေပြည်တော် အရောက်သွားရမည် ဟုလည်း သိရသည်။

တပ်မတော်သည် ဖေဖော်ဝါရီ ၁ရက် တွင် ရွေးကောက်ပွဲ ရလဒ်မသမာမှုဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံတော်၏ အာဏာကို တနှစ်သိမ်းယူပြီး တနှစ်ပြည့်ပါက ရွေးကောက်ပွဲပြန်လည်ပြုလုပ်မည်ဟု ကြေညာခဲ့သည်။

ထိုကြေညာပြီးနောက်လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတဦးမြင့်ဝင် အပါအဝင် နိုင်ငံတော်ရဲ့ အကြီးအကဲများကို ဖေဖော်ဝါရီ ၁ရက်တွင် ဖမ်းဆီးချုပ်နှောင်ခဲ့သည်။

ထို့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းရှိ ပြည်သူများလည်း ယနေ့ထိတိုင် ဒီမိုကရေစီ ပြန်ရရှိဖို့အတွက် ဆန္ဒထုတ်ဖော်နေကြသည်။

စစ်ကောင်စီ မှ ပြန်လည် ပြုလုပ်မည့် ရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း၊ ပြည်သူများမှပေးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကိုသာ လက်ခံကြောင်းနှင့် ဖမ်းဆီးထားသည့်နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံရေးသမားများနှင့် ပြည်သူများကို ချက်ချင်ပြန်လွှတ်ပေးရန် ပြည်သူများက တောင်းဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...