တောင်ကြီးမြို့ပေါ်တွင် စစ်အာဏာရှင် ကျရှုံးရေး အတွက် ဆန္ဒပြ လူငယ်ပိုများလာ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးတွင် စစ်အာဏာရှင် ကျရှုံးရေးအတွက် ဆန္ဒထုတ်ဖော်ရာတွင် လူငယ်များပိုများကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်သည့်အနေဖြင့် လမ်းပေါ်ထွက် ဆန္ဒပြကြသည်။

ထိုလူငယ်များသည် စစ်အာဏာရှင် ကျရှုံးသည့်အထိ တော်လှန်သွားမည်ဖြစ်ကြောင်းသိရသည်။

“ ကျနော်တို့ကတော့ စစ်အာဏာရှင်ကျရှုံးတဲ့ အထိတော့ ဆက်ပြီးတိုက်ပွဲဝင် ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။ ကျတော်တို့ ဒီလိုလမ်းပေါ်ထွက်ပြီးတော့ ဆန္ဒပြလာတာ ၃ ရက်ရှိပါပြီး” တောင်ကြီးမြို့ လူငယ်တစ်ဦး ဂျေးရို ကပြောသည်။

စစ်အာဏာရှင် စနစ်သည် ခေတ်ကို နောက်ပြန်ဆွဲသည့် စနစ်ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် အောင်မြင်သွားပါက လူငယ် တို့၏ အနာဂတ် ကို ရိုက်ချိုးလိုက်သည့် သဘောဖြစ်ပြီး မြန်မာနိုင်ငံကို ခေတ်နောက်ပြန်ရောက်သွားနိုင်ကာ တိုးတက်မှုမရှိနောက်ကျသွားနိုင်ကြောင်း ဆန္ဒပြသူတဦးဖြစ်သည့် ဂျေးရို ကပြောသည်။

ထိုသို့ စစ်အာဏာရှင်အောင်မြင်သွားပါက အင်တာနက်လိုင်းများကို ဖျတ်တောက်မည်ဖြစ်သောကြောင့် အစစအရာရာ အဆင်မပြေမှုများဖြစ်လာနိုင်ပြီ၊ လွန်ခဲ့သည့် စစ်အာဏာရှင်ခေတ်တွင် ကြုံတွေ့ခဲ့သည့် သတင်းစီးဆင်းမှု ဖွံ့ဖြိုးတိုးတက်မှု နှင့် အမှောင်ထိထဲသို့ ရောက်သွားနိုင်ကြောင်း လူငယ်များက ပြောသည်။

“ စစ်အာဏာရှင်က အင်တာနက်လိုင်းတွေကို ဖျတ်ပစ်မယ်လို့လည်း ကြားသိရတယ်။ အဲ့လိုဖြစ်ရင်တော့ အွန်လိုင်းကထိုးဖောက်နေတဲ့ ကျနော်တို့ အတွက်လဲ တော်တော်လေး အခက်ခဲဖြစ်လာနိုင်တယ်။ ဒါကြောင့် ကျနော် လူငယ်တွေရဲ့ အနာဂတ်ဟာ ဆုံးရှုံးပပျောက်သွားနိုင်ပါတယ်” ဟု အသက် ၂၅နှစ် အရွယ်သာရှိသေးသည့် ဆန္ဒပြ လူငယ်တဦး က ကပြောသည်။

ထိုကြောင့် ယခုခေတ်လူငယ်များသည် စစ်အာဏာရှင်စနစ်ကို မလိုးလာကြောင်း၊ မလိုအပ်သောကြောင့် ကျရှုံးသည့် အထိ တော်လှန်းပြီးတိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်းသိရသည်။

“ ကျနော်တို့က စစ်အာဏာရှင်ဆိုတာ ငယ်ကတည်း က ကြုံဖူးတယ်။ အဲလိုကြောင့် ကျနော်တို့ စစ်အာဏာရှင် စနစ်ကို မလိုလားဘူး။ ခုမှ မြန်မာနိုင်ငံ က ပြန်ထူးထောင်လာခဲ့ ၅နှစ်တာကာလပဲရှိသေးတယ်။ အာဏာပြန်သိမ်းလိုက်ရင် လုံးဝကို ရှေ့ကျတဲ့ နိုင်ငံပြန်ဖြစ်သွားမှာပေါ့။ မြောက်ကိုရီးယား လိုပုံစံမြို့ဖြစ်သွားမှာ စိုးရိမ်းတယ်” ဟု ဂျေးရို က ထပ်လောင်း ပြောသည်။

ထိုသို့ ရှေ့ဆက်ပြီး ပုံစံအမျိုးမျိုးဖြင့် ဆန္ဒပြသွားမည်ဖြစ်ပြီး မိမိ၏ လုံခြုံရေးကိုလည်း အကောင်ဆးုံးဖြစ်အောင်နှင့် ဥပဒေဖြင့် နည်းမှန်သောပုံစံဖြစ် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ပြောသည်။

အဆိုပါ စစ်အာဏာရှင် ကျရှုံးဖို့ရာတွင် အစိုးရ ဝန်းထမ်းများအနေဖြင့် CDM ကိုပိုပြီးလှုပ်ရှားပါဝင်ဖို့ လိုအပ်ကြောင်း၊ သတင်းအမှားများဖြန့်နေသော မီဒီယာများကို ဂရုစိုက်ရန်၊ သတင်းမှန်ထုတ်ပြန်နေသော မီဒီယာများကိုသာ ယုံရန်၊ ကမ္ဘာသိအောင် ဆန္ဒပြသွားရန် ဟု ဂျေးရိုးက ထက်လောင်းပြောသည်။

ယနေ့ အချိန်ထိ တောင်ကြီးဒေသခံ လူငယ်များသည် စစ်အာဏာရှင်ကို နည်းမျိုးစုံ ဖြင့် ဆန္ဒပြ နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်အတွင်း ညဉ့်နက်သန်းခေါင် စုဝေးပြီး လမ်းပေါ်တွင် ဆိုင်ကယ်ပြိုင်မောင်းရန် ပြင်ဆင်နေသည့် လူငယ်တစ်စုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား လူငယ် ၃ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇွန်လ...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

တောင်ကြီးမြို့ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်မှုထမ်းအတွက် ဖမ်းဆီးမှုရှိနေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရှိနေကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ အမျိုးသားအဆောင်များကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုများ...

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...