Tuesday, January 27, 2026

သျှမ်းပြည်ဝန်ကြီးချုပ်တင်မြောက်ရာတွင် သျှမ်းလူမျိုးသာဖြစ်သင့်ဟု စကွယ်စော်ဘွားပြော

လာမည့် အစိုးရသစ်ရွေးချယ်ရာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို အကတိကင်းသော သျှမ်းလူမျိုးသာဖြစ်သင့်ကြောင်း စကွယ်စော်ဘွားက ပြောဆိုလိုက်သည်။

စကွယ်စော်ဘွား စဝ်စိန်လင်းသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုရာတွင် သက်သေအဖြစ်ပါဝင်ခဲ့သူ တဦးဖြစ်ပြီး၊ လက်ရှိမှာ အသက် ၉၄ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

“အဘိုးက သျှမ်းပြည်နယ်အစိုးရအဖွဲ့ ဖွဲ့နိုင်ရေးနဲ့ပတ်သက်ပြီး အကြံပြု၊ တောင်းဆိုချင်တာက ဒီတစ်ခေါက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းစစ်စစ်ဖြစ်တာ အကောင်းဆုံးပါပဲ။ NLD ပါတီ တပါတီတည်း သစ္စာရှိလို့မရဘူးလေ။ ပြည်ထောင်စုအစိုးရအနေနဲ့ကို သစ္စာရှိတဲ့သူဖြစ်ရမယ်” စဝ်စိန်လင်း ကပြောသည်။

ပြည်နယ်တိုးတက်မှ ပြည်ထောင်စုအေးချမ်းသာယာမည်ဖြစ်ပြီး သျှမ်းပြည်နယ်အတွက် အရေးကြီးဆုံးမှာ ငြိမ်းချမ်းရေး ရရှိနိုင်ရန်ဖြစ်သောကြောင့် ယခုတစ်ခေါက် သျှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မည့်သူသည် သမာသမတ်ကျသောသူဖြစ်ရမည်ဖြစ်ပြီး၊ အကတိကင်းစင်သော သျှမ်းလူမျိုးကိုရွေးချယ်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တောင်းဆိုကြောင်း ၎င်းကပြောသည်။

စဝ်စိန်လင်းသည် စကွယ်စော်ဘွားအဖြစ် ၁၉၄၆ ခုနှစ်တွင် နန်းတက်ခဲ့ပြီး ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော စော်ဘွားများအနက် အသက်အငယ်ဆုံးနှင့် သျှမ်းပြည်နယ်တွင် သက်ရှိထင်ရှားကျန်ရစ်သူ စော်ဘွားတစ်ဦးဖြစ်သည်။

ထို့ပြင် စဝ်စိန်လင်းသည် ၂၀၁၇ ခုနှစ်ခန့်က ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန် ငွေကျပ် သိန်း ၅၀ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ လှူဒါန်းခဲ့ဖူးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းလားရောက် စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် တရုတ်နယ်ခြားမှတ်တိုင် သွားစစ်ဆေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ကွင်းဆင်းလေ့လာရေး ရောက်ရှိခဲ့သည့် စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ်သည် တရုတ်-မြန်မာ နယ်ခြားမှတ်တိုင်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၇ ရက်နှင့် ၈ ရက်) တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ထိန်းချုပ်ထားသည့် မိုင်းလားမြို့သို့ သွားရောက်ပြီး NDAA...

စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ‘ဝ’ဒေသသွားရောက်၊ UWSA ခေါင်းဆောင်များနှင့်တွေ့

0
စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ‘ဝ’ဒေသ ပန်ဆန်းမြို့သို့ သွားရောက်ပြီး UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ဩဂုတ်လ ၆-၇ ရက်တို့တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် UWSA ထိန်းချုပ် မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ခဲ့ပြီး ‘ဝ’တပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ...

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဒုတိယအကြိမ် ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် စစ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် အဖြစ် ထပ်မံ အဖမ်းခံရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁)ရက် တွင်တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို သိမ်းယူပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်/ တိုင်း ဝန်ကြီးချုပ် နှင့်...