Wednesday, January 28, 2026

လူထုအား ချောမဆွဲရန်အဆို သျှမ်းပြည်နယ်လွှတ်တော်တွင် ဆွေးနွေးခွင့်မရ

မေလ ၂၈ ရက်နေ့တွင်စတင်သော ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်ဒသမပုံမှန် အစည်းအဝေးတွင် ကျောက်မဲလွှတ်တော်အမတ် တင်သွင်းသော လူထုအား ချောမဆွဲရန်ဆိုသည့်အဆိုတခု စစ်နှင့်ပတ်သက် သည်ဟုဆိုကာ ပယ်ဖျက်ခြင်းခံရကြောင်းသိရသည်။

Photo by Shan State Government Office

လွှတ်တော်အစည်းအဝေးအား ၃ ရက်သာကျင်းပရာတွင် လက်နက်ကိုင်တပ်ဖွဲ့များမှ လူထုအား အသေခံ လမ်းပြအဖြစ် ခိုင်းစေသည်မှာ မဖြစ်သင့်၊ မရှိသင့် – ဆိုသည့် ကျောက်မဲမြို့နယ် ကျားခေါင်းပါတီ SNLD ပြည်နယ်လွှတ်တော်အမတ် စိုင်းထွန်းဉာဏ် ၏အဆိုအား လွှတ်တော်ဥက္ကဌက လက်ခံသော်လည်း သျှမ်းပြည်နယ်အစိုးရရုံးမှ ပယ်ဖျက်ခိုင်းသည်ဟုဆိုကာ ဆွေးနွေးခွင့်မရခဲ့ကြောင်း ၄င်းက ပြောသည်။

“ ကျနော်က – သျှမ်းပြည်နယ်အတွင်းစစ်ရေးစစ်ရာကိစ္စရပ်များတွင် အရပ်သားများကို အတင်းအဓမ္မလမ်းပြခိုင်း စေမှုများအားကန့်ကွက်ကြောင်း – ဆိုတဲ့အဆိုတင်သွင်းတယ်။ မေလ ၁၀ ရက်နေ့တုန်းကတင်ထားတာ။ ဘယ်လက်နက်ကိုင် မဆို စစ်မြေပြင်မှာ ရွာသားတွေကို လမ်းပြခိုင်းတာမဖြစ်သင့် မပြုသင့်တော့ဘူး၊ ဒီလို ကိစ္စမျိုးကမ္ဘာပေါ်မှာဘယ်နိုင်ငံမှမရှိဘူး။ လွှတ်တော်မှာ ဒါကိုနဲနဲဆွေးနွေးခွင့်ရရင် ဒါဒေသခံလူထုလုံခြုံရေး အတွက် လမ်းစ ဘဲလေ။ ဒါပေမယ့် နက်ဖြန်လွှတ်တော်က ပြီးဆုံးတော့မယ်။ ကျနော့အဆို ဆွေးနွေးဖို့ အတွက် ခေါင်းစဉ်ပါမလာဘူး။ ကျနော်ဖုန်းဆက်လိုက်တော့ ညွှန်ကြားရေးမှူးက – ‘လွှတ်တော်ဥက္ကဌကလက်ခံပြီးလို့ အစိုးရရုံးကိုပို့ပေးပြီးပြီ ’ -တဲ့။ အစိုးရရုံးက – ‘ဒီအဆိုက ဘာကိုပြောချင်တာလဲ။ ဖြစ်နိုင်ရင် ပယ်လိုက်ပါ ’ -လို့ပြန် ပြောလာလို့ လွှတ်တော်မှာ ဆွေးနွေးဖို့ခေါင်းစဉ်မှာ ပါမလာတောဘူး ”- ဟု စိုင်းထွန်းဉာဏ်က သျှမ်းသံတော်ဆင့် အားပြောပြသည်။

စည်းမျဉ်းအရ လွှတ်တော်ဥက္ကဌ မှလက်ခံသော အဆိုများအား လွှတ်တော်တွင်ဆွေးနွေးပိုင်ခွင့်ရှိကြောင်း ၊သို့သော် လက်ရှိအဆိုမှာ စစ်နှင့်ပတ်သက်သည်ဟုဆိုကာ ပယ်ဖျက်ခြင်းခံရကြောင်း ၄င်းကပြောဆိုသည်။

“ကျနော့ဘက်ကတော့ အစိုးရစစ်တပ်လို့ ခေါင်းစဉ်မတပ်ထားဘူး။ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မဆို -လို့ ထည့်ထားတယ်။ စစ်နဲ့ပတ်သက်လာရင်လွှတ်တော်ရော အစိုးရရော ကြောက်နေသေးတဲ့အခြေအနေရှိတယ်။ ခုက အစိုးရရုံးက စစ်နဲ့ပတ်သက်လို့ဆိုပြီးဆွေးနွေးခွင့်မပေးလို့ပြောလာတဲ့အတွက် လွှတ်တော်ဟာ အစိုးရအောက်မှာဘဲရှိနေပြီးတော့ အစိုးရဟာလည်း စစ်တပ်အောက်မှာဘဲရှိနေသေးတယ်လို့မြင်တယ်။ ဒါလုံးဝမဖြစ်သင့်ဘူးလို့ပြောချင်ပါတယ် ”- ဟု စိုင်းထွန်းဉာဏ်ကပြောသည်။

မေလ ၃ ရက်နေ့က ကျောက်မဲမြို့တွင် တအာင်းအမျိုးလက်နက်ကိုင် တပ် နှင့် အစိုးရစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွါးစဉ်က တော့ဆန်ရွာဘက်ဖြတ်သန်းသည့်အစိုးရစစ်ကြောင်းမှာ ဒေသခံရွာသား (ဦး) လုံးစိုင်းဘ ကျော်ဆိုသူအား အသေခံလမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ လမ်းတွင် မြေမြုပ်မိုင်းနင်းမိကာ လုံးစိုင်းဘကျော် ခြေထောက် ဒဏ်ရာရရှိသွားကြောင်း၊ အဆိုပါ ဖြစ်စဉ်အား ဒေသခံရွာသားများက တိုင်ကြားစာပေးပို့ပြီးလူထုလုံခြုံရေးအတွက် ကူညီဆောင်ရွက်ပေးရန် တောင်းဆိုရာ လွှတ်တော်တွင် ဆွေးနွေးပေးရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း စိုင်းဘဉာဏ်၏ပြောပြချက်အရသိရသည်။

တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးလာနေသော တိုင်းရင်းသားဒေသများ၊ အထူးသဖြင့် သျှမ်းပြည်မြောက်ပိုင်းတွင် လူထုအား အသေခံလမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့သည်မှာ ယနေ့တိုင် ပြုလုပ်နေဆဲဖြစ်ပြီး မြေမြုပ်မိုင်း များကိုလည်း ပြန်လည်ရှင်းလင်းပေးခြင်းမရှိကြောင်း၊ လယ်ယာခြံမြေဆင်းရင်း မိုင်းနင်းမိသဖြင့် သေကြေ၊ ဒဏ်ရာရရှိသွားသောဒေသခံလူထု အများအပြားရှိနေသေးကြောင်း စစ်ဘေးရှောင်များအား ကူညီမှုပေးနေ သည့် နမ္မတူဒေသခံများပြောပြချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတွင် ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသော လွှတ်တော်ကိုယ်စားလှယ်လောင်းများရှိနေ

သျှမ်းပြည်နယ်တွင် ယခုနှစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းမတင်သွင်းသူ လေးဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်လောင်းများသည် ကျပ်သိန်း ၁၅၀ နှင့် ကျန်လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ကျပ်သိန်း ၁၀၀ ထိ အသုံးပြုခွင့်ရရှိပြီး ရွေးကောက်ပွဲ ဝင်ပြိုင်သည့် ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၇၇ အရ...

သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး ၂ ရက် လာမည့်နှစ်အတွက် ဘတ်ဂျက် အတည်ပြု

0
၂၀၂၀ -၂၀၂၁ ခုနှစ် ဘတ်ဂျက်အတည်ပြုပြီး ဘတ်ဂျက် ခွဲဝေ သည့်နေရာတွင် မြို့နယ်အလိုက် မျှတစွာ ခွဲဝေသင့်ကြောင်း ဒေသန္တရစီမံကိန်း နှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ အဖွဲ့ဝင်က သုံးသပ် ခဲ့သည်။ မေလ ၁၈ ရက် ယမန်နေ့က ပြန်လည်ခေါ်ယူသည့် ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်...

သျှမ်းပြည်အတွင်းနိုင်ငံသားစိစစ်ရေး ကဒ်ပြား(မှတ်ပုံတင်)မရှိသေးသး ၅သိန်း ၇ သောင်းကျော်ရှိ နတလ ပြော

0
  သျှမ်းပြည် အတွင်း မှတ်ပုံတင် ကဒ် မကိုင်ဆောင် နိုင်သေးသူ ၅ သိန်း ရ သောင်း ကျော်ရှိကြောင်း သျှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာ (နတလ) ဝန်ကြီး ဗိုလ်မှူးကြီး လှဦး က ပြော သည်။ ဒုတိယ အကြိမ်မြောက် သျှမ်းပြည်နယ်လွှတ်တော်...

၀ှစ်သောက်ကားများ လိုင်စင်ရရေးအတွက် ကျားဖြူကိုယ်စားလှယ်၏အဆို မအောင်မြင်

0
သျှမ်းပြည်နယ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ လိုင်စင်ပြုလုပ်ပေးရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စု အစိုး ရထံတင်ပြပေးရန် မိုင်းပန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းရာ တရားမဝင် ကားများသွင်းခြင်း ကိုအားပေးရာရောက်စေမည်ဖြစ်သဖြင့် တရားဝင်မှတ်ပုံတင်လုပ်ပေးခြင်းကို နိုင်ငံတော်မှ ဆောင်ရွက် ခွင့်ပြု မှသာ လုပ်ပေးနိုင်မည်ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောဆိုခဲ့သည်။ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ပဥ္စမနေ့...

မိုင်းရှူးရှိကျေးလက်ကျန်းမာရေးဝန်ဆောင်မှု လိုအပ်နေသေး မိုင်းရှူးပြည်နယ်ကိုယ်စားလှယ် လွှတ်တော်တွင်ဆွေးနွေး

0
မိုင်းရှူးမြို့နယ်၊ မိုင်းစံဒေသအတွက် ထိရောက်သောကျန်းမာရေး ဝန်ဆောင်မှုများလိုအပ်ကြောင်း မိုင်းရှုးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်အမတ် စိုင်းလင်းမြတ်က သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးခဲ့သည်။ သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပြန်လည်စတင်သော စက်တင်ဘာ ၁၇ နေ့ တွင်ထိုသို့မေးမြန်းခဲ့ခြင်းဖြစ်သည်။ "မိုင်းစံမှာ တိုက်နယ်ဆေးရုံရှိတယ်။ အဲ့ဆေးရုံက စဆောက်ကတည်းက ပိတ်ထားတယ်...