တောင်ကြီးမြို့ ရွှေဆိုင်တခု လုယက်ခံရ

သျှမ်းပြည် တောင်ပိုင်းတောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် တွင် ဖွင့်လှစ်ထားသည့် ရွှေဇာမဏီရွှေဆိုင်တွင် ယနေ့ (ဇန်နဝါရီ ၈ ရက်) နေ့လည်ပိုင်း အချိန်တွင် လုယက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။


တောင်ကြီးမြို့ ကန့်ရှေ့ရပ်ကွက်၊ ကုန်သည်လမ်းတွင်ဖွင့်လှစ်ထားသည့် ရွှေဇာမဏီ ရွှေဆိုင် ကို ယနေ့ နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်ကာ ရွှေဝယ်ယူသည့် ပုံစံဟန်ဆောင်ပြီး ရွှေလက်စွပ်တကွင်းကို စွတ်ယူကာ ထွက်ပြေးသွားကြောင်း လုယက်မှုကို မျက်မြင်သည့်အမျိုးသားတဦးက ပြောသည်။


“ အမျိုးသားပဲ၊ သူက ရွှေဝယ်မယ်ဆိုပြီးပြလိုက်တာ။ လက်စွပ်ကိုစွတ်ကြည့်ပြီးတော့ ထွက်ပြေးသွားတာ။ လုခံရတဲ့ ရွှေက တော့ ၂ ကျပ်သား တန်းဖိုရှိတယ်လို့ကြားတယ်” ဟု ၎င်းမျက်မြင်က ထပ်လောင်းပြောသည်။


ထိုလုယက်သွားသည့် အမျိုးသားကို သက်ဆိုင်ရာ ဌာနများမှတာဝန်ရှိသူများက လိုက်လံရှာဖွေ စစ်ဆေးနေကြောင်း သိရသည်။


ထိုသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ကို သျှမ်းသံတော်ဆင့်က မေးမြန်းရာ ပြန်လည်ဖြေဆိုခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင်...

တောင်ကြီးမြို့ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်မှုထမ်းအတွက် ဖမ်းဆီးမှုရှိနေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရှိနေကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ အမျိုးသားအဆောင်များကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုများ...

တောင်ကြီး လုယက်မှုများကြောင့် ကားရောင်းဝယ်သူများ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုမပေးရဲ

0
သျှမ်းပြည်တောင်ပိုင်းတွင် ကား၊ ဆိုင်ကယ် အရောင်းအဝယ်လုပ်သူ နှစ်ဉီး တိုက်ခိုက်ခံရပြီး တစ်ဉီး သေဆုံးပြီးနောက် ကားအရောင်းအဝယ် လုပ်သူများ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု မပြုလုပ်ရဲတော့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နှင့် အေးသာယာမြို့ရှိ ဆိုင်ကယ်နှင့် ကားအရောင်းဆိုင်များသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခေတ်ကာလ အခြေအနေအရ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကြော်ငြာရောင်းချပြီး...

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...