Wednesday, January 28, 2026

တောင်ကြီးမြို့ ရွှေဆိုင်တခု လုယက်ခံရ

သျှမ်းပြည် တောင်ပိုင်းတောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် တွင် ဖွင့်လှစ်ထားသည့် ရွှေဇာမဏီရွှေဆိုင်တွင် ယနေ့ (ဇန်နဝါရီ ၈ ရက်) နေ့လည်ပိုင်း အချိန်တွင် လုယက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။


တောင်ကြီးမြို့ ကန့်ရှေ့ရပ်ကွက်၊ ကုန်သည်လမ်းတွင်ဖွင့်လှစ်ထားသည့် ရွှေဇာမဏီ ရွှေဆိုင် ကို ယနေ့ နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်ကာ ရွှေဝယ်ယူသည့် ပုံစံဟန်ဆောင်ပြီး ရွှေလက်စွပ်တကွင်းကို စွတ်ယူကာ ထွက်ပြေးသွားကြောင်း လုယက်မှုကို မျက်မြင်သည့်အမျိုးသားတဦးက ပြောသည်။


“ အမျိုးသားပဲ၊ သူက ရွှေဝယ်မယ်ဆိုပြီးပြလိုက်တာ။ လက်စွပ်ကိုစွတ်ကြည့်ပြီးတော့ ထွက်ပြေးသွားတာ။ လုခံရတဲ့ ရွှေက တော့ ၂ ကျပ်သား တန်းဖိုရှိတယ်လို့ကြားတယ်” ဟု ၎င်းမျက်မြင်က ထပ်လောင်းပြောသည်။


ထိုလုယက်သွားသည့် အမျိုးသားကို သက်ဆိုင်ရာ ဌာနများမှတာဝန်ရှိသူများက လိုက်လံရှာဖွေ စစ်ဆေးနေကြောင်း သိရသည်။


ထိုသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ကို သျှမ်းသံတော်ဆင့်က မေးမြန်းရာ ပြန်လည်ဖြေဆိုခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

ပင်းတယမြို့နယ်တွင် လုယက်မှုများကို ဖမ်းဆီးမှု မလုပ်နိုင်

0
သျှမ်းပြည်တောင်ပိုင်း ၊ပင်းတမြို့နယ်တွင် လုယက်မှုများကို ဖမ်းဆီးအရေးယူမှုများ မလုပ်ပေးကြောင်း ဒေသခံများထံမှ သိရသည်။ နိုင်ငံရေးမတည်ငြိမ်မှုနှင့် အလုပ်ကိုင်ရှားပါးလာမှုကြောင့် ပင်းတယမြို့နယ်တွင် ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်ခံရမှုများ မကြာခဏ ဖြစ်လာနေပြီး ထိုလုယက်မှုများကို မည်သည့် အဖွဲ့အစည်းမှ ဖြေရှင်းမှု မလုပ်ပေးကြောင်း မြို့ခံ များကပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၆) ရက်တွင် ပင်းတယ...

တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

0
သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...