Thursday, May 2, 2024

တောင်ကြီး သီးသန့်ရဲစခန်းဝန်းတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅ ဦးတွေ့

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ သီသန့်ရဲစခန်းတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅ ဦးထပ်မံတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (ဇန်နဝါရီ ၅) ရက်တွင် သီသန့်ရဲစခန်းဝန်းထဲတွင် လူ ၃၀၀ ကျော် ကိုဗစ် ၁၉ ပိုးစစ်ဆေးရာတွင် ၅ ဦးထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။

“ ဟုတ်ပါတယ်။ ဒီနေ့ သီးသန့်ဝန်းထဲကပါ။ ၅ ဦးထက်တွေ့တယ်။ အသက် ၃နှစ် ကလေး တဦးပါတယ်။ ဒီဝန်းထဲမှာက အရင်ကတည်းက ပိုးတွေ့ထားတဲ့လူရှိတော့ ကွန်တက်(အဆက်)မိတာပါ။ သီးသန့်တစ်ဝန်းလုံးတော့ မဟုတ်ပါဘူး” ဟု တောင်ကြီးမြို့ စေတနာဝန်းထမ်း ဦးဝင်နိုင်စိုးကပြောသည်။

သီးသန့်ရဲစခန်းဝန်းထဲတွင်နေထိုင်သည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၃၀၀ကျော်ကို ယနေ့ (ဇန်နဝါရီ ၅)ရက်တွင် Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးပေးရာ ထွက်ပေါ်လာသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ ၅ ဦးသည် တောင်ကြီးစဝ်စံထွန်းဆေးရုံတွင် ဆေးကုသခံယူသွားမည် ဖြစ်ကြောင်းသိရသိသည်။

Leave a Comments

- Advertisement -spot_img

Latest article