Wednesday, January 28, 2026

နမ့်စန်မြို့နယ်အတွင်း ပြည်သူ့စစ်နှင့်ရဲပူပေါင်းပြီး ဘိန်းမည်းပိဿာချိန် ၉၀၀ ကျော်ဖမ်းမိ

လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ပန်လျန်းဆိုင်ဒေသရှိ မကျိုင်းပြည်သူ့စစ်တပ်ဖွဲ့နှင့်ရဲတပ်ဖွဲ့ပူးပေါင်းနယ်လှည့် အဖွဲ့ သည် ဘိန်းစိမ်းပိဿာချိန် ၉၂၀ ကျော်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိ ဘိန်းစိမ်းများ

မေလ ၂၄ ရက်နေ့က မေတ္တာခမ်းတန် ဟုရေးထားသည့် ကား ၂ စီးအား တားဆီးစစ်ဆေးရာ အဆိုပါ ဘိန်းစိမ်း များဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ပန်လျန်းဆိုင်ဒေသ  မကျိုင်းပြည်သူ့စစ်တပ်ဖွဲ့မှ အကြီးအကဲတဦးက ပြောသည်။

မြို့နယ်ရဲတွေက သတင်းရထားလို့ ရဲတပ်ဖွဲ့နဲ့ ခလရ ၂၄၇၊ ခမရ ၅၁၆ တို့ပူးပေါင်းထားတဲ့တပ်ဖွဲ့ဟာ ကွင်းဆင်း ဖို့အတွက် ကျနော်တို့ပြည်သူ့စစ်တပ်ဖွဲ့ကို အင်အားဖြည့်တင်းပေးဖို့တောင်းလာတာကြောင့် လိုက်သွားရတာပါ။ မနက်ပိုင်း ရ နာရီထိုးဖို့ ၁၀ မိနစ်အလိုမှာ မေတ္တာခမ်းတန်လို့ ရေးထားတဲ့ ဗီဂိုကားတစီးနဲ့ မိုက်တီး ကားတစီးကို တားဆီးစစ်ဆေးရာမှာ ဘိန်းစိမ်းထည့်ထားတဲ့ဆာလာအိတ် ၂၆ လုံးကိုဖမ်းဆီးရမိတယ်။ အလေးချိန်အရ ပိဿာချိန် ၉၂၀ ရှိတယ်လို့ သိရတယ်။ အခုတော့ အဲဒီလူတွေကိုဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူသွားမှာပါ- ဟု သျှမ်းသံတေ်ာဆင့်အားပြောပြသည်။

ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိသူများ

ထိုနေ့က နံနက် ၉ နာရီတွင်မူ ဆိုင်ကယ်သမား ၂ ဦးထံမှလည်း ဘိန်းစိမ်း ၁၇ ပိဿာ ထပ်မံဖမ်းဆီးရမိကြောင်း ၄င်းကပြောသည်။

အဆိုပါ ဘိန်းစိမ်းများအား နမ့်စန်မြို့အနောက်တောင်ဘက်ရှိ မိုင်းစစ်အုပ်စု ၀မ့်နောင်စမ့်ရွာတွင် ဖမ်းဆီးရမိ ခြင်းဖြစ်ပြီး လွယ်လင်မြို့နယ် မိုက်ခါးရွာဘက်မှ သယ်ဆောင်လာကြခြင်းဖြစ်သည်ဟု အဖမ်းခံရသူများ ၀န်ခံ ချက် ပေးကြောင်း ဆိုပါသည်။

ဘိန်းမည်းများဖမ်းမိသည့်အဆိုပါကားတွင်ရေးသားထားသော မေတ္တာခမ်းတန် ဆိုသည့်စာသားသည် ပအိုဝ်း တိုင်းရင်းသားဘာသာစကားဖြစ်ကြောင်း၊ ခမ်းတန် က တိုင်းပြည်ဟုအဓိပ္ပါယ်ရှိကြောင်း၊ မေတ္တာခမ်းတန် ဆိုသည့် စာသားကလည်း မေတ္တာတိုင်းပြည် ဟု အဓိပ္ပါယ်ရှိကြောင်း၊ မင်္ဂလာ ရှိသည့် စာသားမို့ နားလည်သူ တိုင်း မိမိပိုင်ကားတွင်ရေးလေ့ရှိကြောင်း ပအိုဝ်းလက်နက်ကိုင်အဖွဲ့ သို့မဟုတ် ပအိုဝ်းအဖွဲ့အစည်း နှင့် သက်ဆိုင်သည်မသက်ဆိုင်သည်ကို အဖမ်းခံရအမှုထွက်ဆိုသူများနှင့်သာ သက်ဆိုင်ကြောင်း အဆိုပါ မကျိုင်းပြည်သူ့စစ်တပ်ဖွဲ့ ဒုဥက္ကဌ ကပြောသည်။

နမ့်စန်မြို့နယ် ပန်လျန်းဒေသတွင် ဦးလျန်းဆိုင်ဦးဆောင်သော ပန်လျန်းဆိုင် ခေါ် မကျိုင်းပြည်သူ့စစ်တပ်ဖွဲ့ အခြေချနေထိုင်ပြီး အနီးတဝိုက်ရှိ မူးယစ်ဆေးဝါးရှင်းလင်းတိုက်ဖျက်ရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်း သိရသည်။

ယခင်က ဘိန်းစိမ်းတပိဿာလျင် ကျပ် ရ သိန်း မှ ၁၂ သိန်း ခန့်ရှိသော်လည်း လက်ရှိ ကာလပေါက်စျေး ဘိန်းစိမ်း တပိသာလျင် ကျပ် ၃ သိန်း မှ ၆ သိန်း ခန့်သာရှိကြောင်း၊ ဘိန်းအရည်အသွေးပေါ် ကြည့်ပြီး စျေးသတ်မှတ်ကြောင်း ကြားသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းဆတ် ပြည်သူ့စစ်ခေါင်းဆောင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရ

0
သျှမ်းပြည် မိုင်းဆတ်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် တာချီလိတ်မြို့တွင် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဧပြီလ (၃၀) ရက်တွင် မိုင်းဆတ်မြို့နယ်၊ ဝိန်းကောင်းကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့မှ ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ စိုင်းဝန်းခမ်းသည် တာချီလိတ်မြို့သို့ သွားရောက်စဉ် ၎င်း၏ကားကို မူးယစ်တပ်ဖွဲ့က ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများ...

နမ့်စန်မြို့ စစ်ကောင်စီလေတပ်များ တိုင်းရင်းသားဒေသကို ထိုးစစ်ဆင်နေ

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ လေတပ်စခန်းကို အသုံးပြုကာ တိုင်းရင်းသားဒေသများသို့ ထိုးစစ်ဆင်နေကြောင်း နမ့်စန်ဒေသခံများက ပြောဆိုလိုက်သည်။ နမ့်စန်မြို့ရှိ လေတပ်စခန်းမှ ပစ္စည်းတင်ရဟတ်ယာဉ်များ၊ လူတင်ယာဥ်များနှင့် တိုက်လေယာဉ်တို့က နေ့စဥ် အဆင်းအတက် ပြုလုပ်နေကြောင်း နမ့်စန်မြို့ခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်လေယာဉ်တွေ၊ ရဟက်ယာဉ်တွေ အတက်အဆင်းလုပ်နေတာက နေ့တိုင်းရှိနေပါတယ်၊...

နမ့်စန် မြို့မစျေးကြီးရှိ ရွှေဆိုင်တစ်ဆိုင်ကို လူတစ်စု က သေနတ်ပစ်ခတ် ဓားပြတိုက်ရန်ကြိုးစား

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ မြို့မဈေးအတွင်းဖွင့်လှစ်ထားသည့် ခမ်းလီရွှေဆိုင်ကို ယနေ့ (ဇန်နဝါရီ ၇)ရက် ညနေ ၃ နာရီဝန်းကျင်တွင် မျက်နှာဖုံးဝတ်ဆင်ထားသည့် အမျိုးသားလူငယ်တစ်စုက သေနတ်ဖြင့် ပစ်ခတ်ဓားပြတိုက်ရန် ကြိုးစားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီကျော် ဝန်းကျင်တွင် နမ့်စန်မြို့မဈေးအတွင်းရှိ...

သျှမ်းတောင် နမ့်စန်မှ စစ်ရဟတ်ယာဥ်များ သျှမ်းမြောက်ဘက်သို့ ဦးတည် ပျံသန်း

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ လေယာဥ်များစွာသည် မြောက်အရပ်သို့ ဦးတည်ပြီး ပျံသန်းသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်ခန့်တွင် နမ့်စန်မြို့အခြေစိုက် စစ်ကောင်စီ လေတပ်စခန်းမှ အမျိုးအစားမတူသည့် လေယာဥ်များသည် သျှမ်းမြောက်ဘက်သို့...

နမ့်စန်မြို့နယ် နားရိုင်းပြည်သူ့စစ် ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နားရိုင်းပြည်သူ့စစ်မှ ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်နေကြောင်း စုံစမ်းသိရှိရသည်။ နမ့်စန်မြို့နယ် လိုက်ခါးကျေးရွာရှိ ပြောင်းစိုက်သည့် ခြံပိုင်ရှင်များထံ ဒီဇင်ဘာ (၂၆) ရက်နေ့ နောက်ဆုံးထားပြီး ဆက်ကြေးလာပေးရမည်ဖြစ်ကြောင်း လိုက်ခါးကျေးရွာ ပြောင်းခြံပိုင်ရှင် တစ်ဦးထံမှ စုံစမ်းသိရှိရသည်။ “ဒီနှစ်မှ သူတို့ စကောက်လာတယ်။ တစ်ခါမှ မကောက်ဖူးသေးဘူး။ တစ်ရွာလုံးကို...