“အခု ရွေးကောက်ပွဲဝင်တဲ့ပါတီအားလုံးမှာ မျှော်မှန်းထားတာထက်ပိုရတာ NLD တစ်ခုပဲရှိတယ်”

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ၁ ဦးစိုင်းညွန့်လွင်နှင့်အင်တာဗျူး

တိုင်းရင်းသားပါတီများထဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အားကောင်းသောပါတီတစ်ခုဖြစ်ပြီး ယခုနှစ်ရွေးကောက်ပွဲတွင် တနိုင်ငံလုံး၌ မဲဆန္ဒနယ် ၁၁၁၇ နေရာရှိသည့်အနက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က နေရာပေါင်း ၄၂ နေရာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ခိုင်ဖြိုးပါတီတို့နောက် နေရာတတိယအများဆုံး အနိုင်ရရှိထားသည့်ပါတီတစ်ခုဖြစ်သည်။

အဆိုပါ ပါတီသည် ပြည်သူ့လွှတ်တော်တွင် ၁၃ ဦး၊ အမျိုးသားလွှတ်တော်တွင် နှစ်ဦး၊ ပြည်နယ်လွှတ်တော်တွင် ၂၇ ဦး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် SNLD အနေဖြင့် ရွေးကောက်ပွဲကာလအတွေ့အကြုံများ၊ အနာဂတ်ပြည်ထောင်စုအတွက် ရည်မှန်ချက်များ၊ အကြံပြုချက်များနှင့် ဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ၁ ဦးစိုင်းညွန့်လွင်အား ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး- ပထမဆုံးအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအပေါ် လွှတ်လပ်ပြီး တရားမျှတမှုရှိတယ်လို့မြင်လား။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သုံးသပ်ပေးပါဦး။

ဖြေ – ဘယ်လိုပြောရမလဲ ထင်တယ်လို့လဲပြောလို့မရဘူး။ ထင်ခဲ့တယ်ပေါ့။ အရင်တုန်းကတော့ အခုတော့ တဖြည်းဖြည်းနဲ့ မထင်ဘူး။ တစ်ချို့ ချို့ယွင်းချက်တွေတော့ရှိတယ်။ ဒါပေမဲ့ မဟာဗျူဟာချပြီးတော့ ညစ်ပတ်တာမျိုးတော့ မဟုတ်ဘူးလို့ထင်တယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အဲ့ဒီလိုမျိုးတွေ ရှိခဲ့ဖူးတယ်။ ၂၀၁၅ မှာ မရှိခဲ့ဘူး။ အခု ၂၀၂၀ မှာလည်း မရှိဘူးလို့ထင်တယ်။ တစ်ချို့အားနည်းချက်တွေ ၊ ချို့ယွင်း ချက်တွေ ရှိကောင်းရှိမယ်။ လူပုဂ္ဂိုလ်အရကတော့ ညစ်ပတ်တာတွေ၊ ဥပဒေချိုးဖောက်တာတွေ ရှိကောင်းရှိမယ်။ ဒါပေမဲ့ အားလုံးစီမံချက်ချပြီးလုပ်တယ်လို့တော့ ပြောလို့မရပါဘူး။

မေး – ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ SNLD ပါတီရဲ့ အနိုင်ရခဲ့တဲ့အပိုင်းနဲ့ပတ်သက်ပြီး ကျေနပ်အားရမှု ဘယ်အတိုင်းအတာအထိရှိလဲ။

ဖြေ – မရှိပါဘူး ကျနော်တို့ ၆၀ လောက်နိုင်မယ်မှန်းထားတယ်။ ဒါပေမဲ့ အခုက နဂိုထက်ကို သုံးဦးလောက်လျော့သွားတယ်။ ဒါပေမဲ့ တခြားပါတီတွေနဲ့ ယှဉ်လိုက်ရင် အများကြီးသက်သာတယ်။ အခုရွေးကောက်ပွဲဝင်တဲ့ ပါတီအားလုံးမှာ မျှော်မှန်းထားတာထက်ပိုရတာ NLD တခုပဲရှိတယ်။ ကျန်တာတွေ အားလုံးကလျော့ သွားတာတွေ့ရတယ်။ တချို့ပါတီတွေဆိုရင် တစ်ယောက်မှမနိုင်တဲ့ အနေအထားမျိုးတွေလည်းရှိတယ်။ ကျနော်တို့ SNLD ကတော့ နဂိုအတိုင်းပဲလို့ ပြောလို့ရတယ်။ သုံးယောက်လောက်ပဲလျော့သွားတာဆိုတော့ ဆုံးရှုံးမှုသိပ်မကြီးဘူး။ နဂို မျှော်မှန်းထားတဲ့အတိုင်း မဖြစ်တဲ့အတွက် အားရကျေနပ်တယ်လို့တော့ ပြောလို့မရဘူး။ အားလုံးနဲ့ခြုံကြည့်ရင်တော့ ကျနော်တို့ကနဂိုအတိုင်းပဲ ရှိနေတယ်ဆိုတော့ သိပ်တော့ အဆိုးကြီးလို့တော့ ပြောလို့မရဘူးပေါ့။

မေး – သျှမ်းပြည်မှာ တိုင်ရင်းသားပါတီငယ်တွေ နေရာမရတာဘာကြောင့်လဲ။ သုံးသပ်ပေးစေချင်ပါတယ်။

ဖြေ – မယူလို့မရတာပေါ့။

မေး – သျှမ်းပြည်မှာ အန်ကယ်တို့ပါတီအပြင် NLD ကလည်း နေရာအတော်တော်များနိုင်ခဲ့တယ်။ ဒီလိုအနိုင်ရရှိမှုက NLD အနေနဲ့ တိုင်းရင်းသားပါတီတွေအပေါ် အသာစီးရယူပြီး အနိုင်ရခဲ့တယ်တာလား။ ဘယ်လိုထင်ပါသလဲ။

ဖြေ – ဒါလူထုရဲ့ဆုံးဖြတ်ချက်ပဲလေ လူထုကပေးရင်ရမှာပေါ့။ မတရားလုပ်လို့တော့မရဘူး။ မတရားလုပ်ခဲ့တာ တစ်ချို့နေရာတွေ ရှိကောင်းရှိလိမ့်မယ်။ ရှိရင်လဲ ဒါတရားစွဲမှာပဲ။

မေး – နောက်တခုက SNLD ပါတီအနေနဲ့ လာမယ့်လွှတ်တော်သက်တမ်းအတွင်းမှာ ဘာတွေကို ဦးစားပေးဆောင်ရွက်သွားမလဲ။ လွှတ်တော် ပြင်ပမှာရော ဘယ်အရာတွေကို ဦးစားပေးလုပ်ဆောင်သွားဖို့ရှိလဲ။

မေး – လောလောဆယ်တော့ ကျနော်တို့ပါမှာ ကျင့်သုံးမယ့်မူဝါဒတွေ ရှိတယ်။ အဲ့ဒီမူဝါဒအတိုင်းပဲ သွားဖို့ရှိမယ်။ လွှတ်တော်ပြင်ပမှာ UNA ဆိုတဲ့ မဟာမိတ်အဖွဲ့ အစည်းတစ်ခုရှိပါတယ်။ သဘောထားခြင်းတူတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရှိပါတယ်။ ကျနော်တို့တွဲပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်။ နောက်ပြီးတော့ ကျနော်ဒီမှာပြောချင်တာ တိုင်းရင်းသားပါတီ မှန်သမျှအားလုံးဟာ မဟာမိတ်မူဝါဒရှိဖို့လိုပါတယ်။ ကိုယ့်တယောက်တည်း တပါတီထဲရပ်တည်လို့မရဘူး။ ရပ်တည်လို့လဲ ဘာမှ အကျိုးမရှိပါဘူး။ တိုင်းရင်းသားပါတီ မှန်သမျှသည် မဟာမိတ်မူဝါဒ ကောင်းကောင်းရှိဖို့လိုပါတယ်။

မေး – SNLD ပါတီအနေနဲ့ မိမိတို့ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ထိန်းကျောင်းထားတာရှိလား။ ရှိတယ်ဆိုရင် ဘယ်လိုထိန်းကျောင်းထားသလဲ။

ဖြေ – ကျနော်တို့ပါတီမှာ လွှတ်တော်အထောက်အကူပြုအဖွဲ့ရှိတယ်။ လွှတ်တော် ကြည့်ကြပ်တဲ့အဖွဲ့တွေပေါ့။ ကော်မတီလဲဖွဲ့ထားပြီးပါပြီ။ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီကျင့်သုံးဖို့ပေါ့။ မေးခွန်းတွေမေးဖို့ အဆိုတွေတင်ဖို့ အခက်အခဲတွေရှိတာကို ပြောဖို့။ လိုအပ်လို့ရှိရင် ဥပဒေ ကြမ်းတွေတင်ဖို့ အဲ့ဒါတွေလုပ်သွားမှာပါ။

မေး – SNLD အနေနဲ့ ဖယ်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးအတွက် ဘာတွေလုပ်ဆောင်ဖို့ရှိလဲ။

ဖြေ – ကျနော်တို့ကတော့ အစိုးရအဖွဲ့ထဲပါရသည်ဖြစ်စေ၊ မပါရသည်ဖြစ်စေ ကျနော်တို့လူတွေကတော့ ကြိမ်းသေပေါက် ပြည်ထောင်စုလွှတ်တော်မှာရှိမယ်။ သျှမ်းပြည် လွှတ်တော်မှာရှိမယ်။ ကချင်ပြည် လွှတ်တော်မှာလည်းရှိမယ်။ ဒါ လွှတ်တော်တွင်းမှာ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ဖို့ လုပ်နိုင်တဲ့အနေအထားပေါ့။ ပြင်ပမှာလည်း ကျနော်တို့ပြည်မက ပါတီကြီးတွေနဲ့ မဟာမိတ်ဖွဲ့ထားတာရှိပါတယ်။ နောက်တိုင်းရင်းသားပါတီတွေနဲ့လည်း မဟာမိတ်ဖွဲ့ထားတာရှိပါတယ်။ သူတို့နဲ့ချိတ်ညှိပြီးတော့ လွှတ်တော်ပြင်ပ လွှတ်တော်တွင်း ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။

မေး – အကယ်၍ လက်ရှိအာဏာရပါတီကနေပြီး SNLD ပါတီကို သျှမ်းပြည်အစိုးရအဖွဲ့ထဲမှာ ပါဝင်ဖို့ကမ်းလှမ်းခဲ့မယ်ဆိုရင် သဘောတူညီမှုရယူဖို့အဆင်သင့်ဖြစ်ပြီလား။

ဖြေ – ကျနော်တို့ ပထမဦးဆုံးကတော့ ပါတီချင်း တန်းတူညီမျှ ရှိရမယ်ဆိုတဲ့ မူရှိတယ် ။ ပါတီချင်း ပခုံးချင်းယှဉ်ပြီးတော့ ဆွေးနွေးပွဲတွေ ကျနော်တို့လုပ်ဖို့ လိုပါတယ်။ အခုလာမယ့်ငါးနှစ်အတွက်ကို အစိုးရကိစ္စတွေ ပါတီရဲ့ဆောင်ရွက်ရမယ့် မူဝါဒတွေ အားလုံးက ကျနော်တို့ SNLD ပါတီမူဝါဒနဲ့ NLD ပါတီရဲ့မူဝါတွေ ညှိနှိုင်းနိုင်မယ်၊ သဘောတူနိုင်မယ်ဟေ့ဆိုရင် ကျနော်တို့ ဒုတိယအဆင့်အနေနဲ့ အစိုးရအဖွဲ့ထဲ ပါသင့်/မပါသင့် ကျနော်တို့ စဉ်းစားရမှာဖြစ်ပါတယ်။ ပထမဦးဆုံးတော့ ပါတီမူဝါဒချင်းတူဖို့လိုပါတယ်။

မေး – ပါတီနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ – ပါတီအနေနဲ့ပြောရတာ နည်းနည်းစောနေသေးတယ်။ ဘာဖြစ်လာဦးမလဲ ခုအစိုးရအသစ်ဖွဲ့စည်းရေးနဲ့ပတ်သက်လို့ စိုင်းပြင်းနေတဲ့အချိန်ဖြစ်တဲ့အတွက် ဘာဆက်ဖြစ်လာဦးမလဲ ဘာဆက်လုပ်မလဲဆိုတာ ကံသေကံမပြောလို့မရသေးပါဘူး။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...

PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

0
သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...