တောင်ကြီး Quarantine စင်တာက စေတနာ့ဝန်ထမ်း သားအဖ

ကပ်ရောဂါကြီးစတင်ဝင်ရောက်ခဲ့တဲ့ အချိန်ကစပြီးတော့ ပြည်သူတစ်ချို့တွေက စားဝတ်နေရေးအတွက် အခက်ခဲတွေလဲရှိပါတယ်။ တစ်ချို့ကလည်း အလုပ်လက်မဲ့ဖြစ်သွားခဲ့ပါတယ်။

Photo SHAN- တောင်ကြီးမြို့မင်္ဂလာဉီးရပ်ကွက်ရှိ ကွာရန်တင်းစင်တာ

အလုပ်လက်မဲ့ဖြစ်သွားတဲ့အပေါ် တစ်ချို့ က “ အချိန်သည်တန်ဖိုး” ဆိုသည့်အတိုင်း Quarantine စင်တာတွင် စေတနာဝန်ထမ်းတာဝန်ထမ်းဆောင်နေသည့် မောင်ရဲထက် တို့၏ သားအဖတို့က ပြောသည်။

မောင်းရဲထက်တို့ သားအဖသည် သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မင်္ဂလာဦး ရပ်ကွက် မှာနေထိုင်ပြီး သူတိုႉရပ်ကွက်ထဲက Quarantine စင်တာတွင် စေတနာ ဝန်ထမ်းအဖြစ်ပြန် အချိန်ပေး တာဝန်ထမ်းဆောင်နေတာပါ။

ကိုယ့်ရပ်ကွက်ထဲမှာလဲ ကိုဗစ် ၁၉ ပိုးတွေ့တယ်။ ပိုးတွေ့ထိတွေ့သူတွေကိုလဲ ဒီ Quarantine စင်တာမှာထားရတယ်။ ကိုယ့်လဲတစ်ရပ်ကွက်ထဲနေတာဆိုတော့ ထိလဲထိတွေ့နိုင်တယ်။ အလုပ်ထဲကိုမသွားတော့ဘူး။ ငယ်ကတည်းကလည်း လူမှုရေးလုပ်ငန်းဝါသနာပါတယ်။ ပထမလှိုင်းမှာလဲ တစ်လလုံး လုပ်ခဲ့သလို၊ ဒုတိယလှိုင်းမှာလဲ ဒီကော်မတီထဲမှာပါဝင်ပြီးတော့ လုပ်ရှားခဲ့တယ်  လိုႉ ဦးခင်မောင်မြင့်က ပြောပါတယ်။

Quarantine စင်တာဆိုသည့်နေရာသည် ပရဟိတ စိတ်ကြီးမားသူများသာ ပြုလုပ်နိုင်ကြောင်း၊ ကိုဗစ် ၁၉ ကပ်ရောဂါကြီးသည် ကူးစက်မြန်ပြီး ကာကွယ်ဆေးမရှိသေးသောကြောင့်ဖြစ်သည်။

အဆိုပါ အဖေဖြစ်သူနှင့် အတူ သားဖြစ်သူ မောင်ရဲထက်ကလည်း မင်္ဂလာဦးရပ်ကွက် Quarantine စင်တာတွင် စေတနာ ဝန်ထမ်းအဖြစ်လိုက်ပါပြီးလုပ်ဆောင်နေသည်။

ဒီရောဂါကြီးက ကျနော်တို့နိုင်ငံတင်မဟုတ်ဘူး။ တစ်ကမ္ဘာလုံးဖြစ်နေတာဆိုတယ်။ အရင်ကတည်းက ကျနော် လူမှုရေး၊ သာရေး၊ နာရေး၊ ဆိုလုပ်ရတာ ဝါသနာပါတယ်။ ဒါကြောင့် ကျနော်တို့ရပ်ကွက်အတွက် အထောက်အကူပြုသွားအောင်ဆိုပြီးတော့ ဝင်ရောက်လုပ်ကူးတာပါ ဟု မောင်ရဲထက် ကပြောသည်။

Quarantine စင်တာတွင် အလုပ်လုပ်နေသည့်သူများသည် Quarantine စင်တာသို့ရောက်ရှိလာသည့် သူတိုင်းနှင့် ထိတွေ့ဆက်ဆံနေရသောကြောင့် မိမိအတွက်လဲ ကျန်းမားရေးအန္တရာယ်များစွာရှိသည့် အလုပ်တစ်ခုလဲဖြစ်ပါတယ်။

Photo SHAN- တောင်ကြီးမြို့မင်္ဂလာဉီးရပ်ကွက်ရှိ ကွာရန်တင်းစင်တာရှိ စေတနာ့၀န်ထမ်းများအား သျှမ်းသံတော်ဆင့်မှသွားရောက်တွေ့ဆုံမေးမြန်းစဉ်

မောင်ရဲထက်တို့ရဲမိသားစုသည် ၅ ဦးရှိပြီး Quarantine စင်တာ သို့ပရဟိတ အလုပ်သွားလုပ်ရာတွင် မိမိနေထိုင်ရာအိမ်သို့ မကူးစက်ပြန့်ပွားအောင်လဲ မိမိကိုယ်ကို သေချာဂရုစိုက်ပြီးတော့ အိမ်ပြန်ကြရသည် ဟု မောင်ရဲထက်က ပြောသည်။

၎င်းတို့ ပရဟိတလုပ်ငန်းလုပ်ဆောင်နေသည့် မင်္ဂလာဦးရပ်ကွက်တွင် တောင်ကြီးမြို့ပေါ်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ အများဆုံးထွက်သည့် နေရာတစ်ခုဖြစ်သည်။

အဆိုပါ Quarantine စင်တာတွင် အလုပ်သွားလုပ်ရာတွင် စိတ်ဖိစီးမှုများ၊ နှိမ်ချမှုများ စသည့် ခံစားချက်များ အခက်ခဲများစွာရှိကြောင်း ဦးခင်မောင်မြင့် ကပြောသည်။

“Quarantine စင်တာမှာပေါ့ ဒီရောဂါဖြစ်တယ်ဆိုရင် ပတ်ဝန်းကျင်တွေကလည်း ကိုယ့်ကိုယ့် မကပ်ချင်သလို၊ သူတို့ဝင်လာတဲ့မိသားစုတွေမှာ စိတ်ဖိစီးမှုတွေရှိတယ်။ ပထမ တစ်ရက် နှစ်ရက်ကတော့ စကားပြောတဲ့အချိန် ကိုယ့်ကမှာ စည်းကမ်းတစ်ကျ လေးနေစေချင်တယ်။ တစ်ယောက်နဲ တစ်ယောက်မထိတွေ့အောင်နေစေချင်တယ်။ ဒါမဲ့အဲလိုနေရာမှာက သူတို့ကျတော့ စကားပြောတာလေးတွေက စည်းကမ်းပိုင်းလိုက်နာမှု နည်းတာပေါ့လေ။ ဒါပေ့မဲ ကျနော်တို့က ဒါကိုအတက်နို်င်ဆုံး စိတ်ရှည်ပေးရတယ်  – ဟုဦးခင်မောင်မြင့် ကပြောသည်။

တစ်ဖက်တွင်လဲ ကိုဗစ် ကာလအတွင်းက အလုပ်တွေလဲပိတ်ထားသောကြောင့် မိသားစု စားဝတ်နေရေးအတွက်လဲ အခက်ခဲရှိပြန်တယ်လို့ ဦးခင်မောင်မြင့်က ပြောသည်။

ပထမလှိုင်းမှာလဲ ဖြစ်ခဲ့ပြီးပြီး။ ကျနော့ အမနားတွေမှာ လိုက်ချေးစားနေရတယ်။ ပြီးမှဘဲ ဖြေးဖြေးချင်းပြန်ဆက်ရတယ်။ အခက်ခဲကတော့ ရှိတာပေါ့။ အလုပ်ကလဲ ပိတ်ထားရတယ် ဟု ဦးခင်မောင်မြင့် ကဆိုသည်။

ဦးခင်မောင်မြင့်တို့၏ မိသားစုသည် စားဝတ်နေရေး  မပြေလည်သော်လည်း အများအကျိုးဆောင် အလုပ်တွေကို ဆက်လုပ်နေသူများဖြစ်ကြသည်။

ဦးခင်မောင်မြင့်က ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်နေရသဖြင့် ပြည်သူများအတွက် ကိုဗစ်ရောဂါကို ပြည်သူတွေက ပူပေါင်းဆောက်ရွက်မယ်ဆိုရင် ပပျောက်သွားနိုင်တယ်။ ကိုယ့်ကိုယ်သံသရာရှိလာပြီး ဆိုရင်လဲ လာရောက်စစ်ဆေးဖို့လိုတယ်။ ရှိခဲ့ရင်လဲ မကြောက်ဘဲ ဆက်ကုသဖို့လိုတယ်ဟု ထပ်လောင်းပြောခဲ့သည်။

မင်္ဂလာဦးရပ်ကွက်  Quarantine စင်တာကို နိုဝင်ဘာ ၁၉ ရက်နေ့မှ စတင်ဖွင့်လှစ်ကာ ကွာရတင်း၀င်ရသူစုစုပေါင်း ၁၁၃ ဦးရှိပါသည်။ လက်ရှိတွင်  မူ ပိုးတွေ့လူနာလည်းမရှိတော့သကဲ့သို့ ကွာရန်တင်း၀င်သူလည်းရက်စေ့ ပိုးမတွေ့တော့ဘဲ နေရပ်သို့ပြန်သွားကြပြီဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...