Wednesday, January 28, 2026

RCSS/SSA ဆရာမွမ်းမံသင်တန်း သျှမ်းပြည်တောင်ပိုင်း နမ်စန်မြို့တွင် ကျင်းပ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA မှ ကမကထပြုကာ ဆရာမွမ်းမံသင်တန်းကို သျှမ်းပြည်တောင်ပိုင်း နမ်စန်မြို့တွင်ကျင်းပခဲ့သည်။


ဆရာမွမ်းမံသင်တန်းသို့ သင်တန်းသား သင်တန်းသူစုစုပေါင်း ၅၀ ခန့်ရှိပြီး သင်တန်းကာလမှာ မေလ ၂၁ မှ ၂၇ ရက်နေ့အထိ ရ ရက်ကြာမြင့်ပါသည်။ သင်တန်းဖြစ်မြောက်ရေးအတွက်နမ့်စန်မြို့ သံဃာတော်များနှင့် RCSS/SSA တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သင်တန်းဖြစ်မြောက်ရေး တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါသင်တန်းကျောင်းမှ သင်တန်းဆရာတဦးက – ဆရာမွမ်းမံသင်တန်းကိုကျနော်တို့ ပြုလုပ်လာတာအခုသင်တန်းဟာ ၅ ကြိမ်မြောက်ဖြစ်ပါတယ်။ သင်တန်းကာလ ရ ရက် တပတ်ကြာမြင့်ပါတယ်။ RCSS/SSA ထိန်းချုပ်ဒေသတွင်းဆရာတွေ အရည်အချင်းမြှင့်လာအောင်ရည်ရွယ်ပါတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါသင်တန်းတွင် အင်္ဂလိပ်စာ၊ သချင်္ာ၊ သင်ကြားမှုနည်းပညာ၊ ဆရာ့တာဝန်၊ ဦးဆောင်မှုကဏ္ဍ၊ ရုံးလုပ်ငန်း၊ လူမှုအခြေပြုလုပ်ငန်း၊ RCSS/SSA ၏ ပညာရေးပေါ်လစီနှင့် လက်တွေ့လုပ်ဆောင်ချက်များ အစရှိသည်တို့ ပါရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်စန်မြို့နယ် ကျောက်မီးသွေးတွင်းအနီး တပ်ကင်းစခန်းသစ်ဆောက်ရန် ဒေသခံ ကိုအတင်းအဓမ္မခေါ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်း ကျောက်မီးသွေးတွင်းအနီး စစ်ကောင်စီတပ်မှ ဒေသခံ (၁၀၀) ကျော် ခေါ်ယူပြီး ကင်းတပ်စခန်းအသစ် တည်ဆောက်ရန် အတင်းအဓမ္မစေခိုင်းကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ (၂၉-၃၀) ရက်တွင် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နောင်မိုကျေးရွာမှ ဒေသခံ (၁၀၆) ဦးကို ၎င်းတို့၏ ကင်းတပ်စခန်း အသစ်တည်ဆောက်ရန်အတွက်...

နမ့်စန်မြို့ သတင်းထောက်ဟောင်း တစ်ဦးကို စစ်ကောင်စီ လာရောက်ဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် နေထိုင်သည့် သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီမှ လာရောက် ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ ည ၉ နာရီကျော်ဝန်းကျင်အချိန်တွင် နမ့်စန်မြို့မှာ နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်း ကိုသန်းစိုးအောင်ကို စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ “အရင်ကတော့ DVB နဲ့...

နမ့်ခမ်းဈေးအတွင်း စစ်ကောင်စီ ရောက်လာ ပြည်သူများ ထိတ်လန့်နေ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း ဈေးအတွင်းသို့ ယနေ့ (ဇန်နဝါရီ ၅)ရက် မနက် ၈ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်သား ထပ်မံရောက်လာသဖြင့် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၄)ရက် မနက်ပိုင်းတွင်လည်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သား အများအပြားရောက်လာခဲ့ပြီး ယနေ့ မနက်ပိုင်းတွင်...

နမ့်ခမ်းမြို့မစျေး လုံခြုံမှုမရှိ၊ စျေးသည်များ ပစ္စည်းများ နေအိမ်သို့ သိမ်းပြန်နေ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မစျေးရှိ စျေးသည်များ လုံခြုံမှု မရှိသည့်အတွက် ကုန်ပစ္စည်းတချို့ကို နေအိမ်သို့ သိမ်းပြန်နေကြကြောင်း စုံစမ်းသိရသည်။ ယနေ့ ဇန်နဝါရီ (၆)ရက်တွင် မြို့မစျေး စျေးရုံအတွင်းရှိ စျေးသည်များ ဆိုင်လာဖွင့်ခြင်းမရှိဘဲ ဆိုင်ပစ္စည်းများ တချို့ကို နေအိမ်သို့ သယ်ပြန်သွားကြောင်း မျက်မြင်များက ပြောဆိုကြသည်။ “စျေးတော့ ဖွင့်တယ်။ သွားရောင်းတဲ့သူတော့ မရှိဘူး။...

နမ့်ခမ်းမြို့အနီး TNLAနဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်၊ စစ်ကောင်စီ (၄)ဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အနီး စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက်က (၄) ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇန်နဝါရီ (၅) ရက်နေ့က နမ့်ခမ်းမြို့အနီး ကောင်းနောင်စန် နှင့် ဟိုနားကျေးရွာ အနီး တစ်ဝိုက် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက်မှ (၄)ဦးကျဆုံးကာ...