ပဋိပက္ခများ ဖြေလျော့ရန် သျှမ်းတပ် ၂ တပ် အွန်လိုင်းဆွေးနွေး

သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခများ ဖြေလျော့ရန်အတွက် နှစ်ဖက်တပ် တာဝန်ရှိသူများ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် SSPP ခေါင်းဆောင် ဗိုလ်ချုပ်ကြီးပန်ဖှ

ဒီဇင်ဘာ (၁၀) ရက်နေ့က နှစ်ဖက်တပ် ကိုယ်စားလှယ်များ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဆွေးနွေးပွဲတွေ ရှိတာမဟုတ်ဘူး။ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး နားလည်မှုယူတယ်။ ဆွေးနွေးပွဲ လုပ်ပြီး ဆုံးဖြတ်ချက်ယူတဲ့ ပုံစံမျိုး အဲ့လိုမျိုးမဟုတ်ဘူး။ ဖုန်းနဲ့ ဆက်သွယ်ပြီး နားလည်မှုယူတယ်။ အထင်လွဲမှားတာတွေ မဖြစ်ဖို့ စသဖြင့် အဲ့လိုတွေ နားလည်မှု ယူတယ်။ ဆုံးဖြတ်ချက်ချ ပြီး ယူတာ တွေတော့ မရှိသေးဘူး။” ဟု ဒုဗိုလ်မှူးကြီး အုမ်ခေး က ပြောသည်။

သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ကြား ပစ်ခတ်တိုက်ခိုက်မှုမဖြစ်ရန်အတွက် ဆွေးနွေးဆဲ ကာလဖြစ် သောကြောင့် အမျိုးသားညီညွှတ်ရေးကို ထိခိုက်စေမည့် ဝေဖန်ပြစ်တင်မှုများ မလုပ်ကြရန်အတွက် သျှမ်းပြည်သူလူထုကို သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် (SSPP/SSA) က မေတ္တာရပ်ခံ လိုက်ကြောင်း ဒီဇင်ဘာ (၁၅) ရက်က (SSPP) Info ဖေ့ဘုတ်ပေ့မှာ ထုတ်ပြန်ထားသည်။

SSPP/SSA မှ ပြောခွင့်ရ ဗိုလ်မှူးစိုင်းသန်းအောင်က – “အခု ကျွန်တော်တို့ အချင်းချင်း ပစ်ခတ်တိုက်ခိုက်နေရတာဟာ ကျနော်တို့ကြား အမြင်သဘောထားနဲ့ လုပ်ဆောင်ချက်တွေက မတူညီနေတာကြောင့်ဖြစ်တယ်။ တဖက်ကလည်း ကျွန်တော်တို့ကြား ယုံကြည်မှုလုံးဝ မတည်ဆောက်နိုင်လို့ အခုလို ပေါင်းစည်းနိုင်ဖို့လမ်းက ဝေးကွာနေရတာပဲဖြစ်တယ်။ ယုံကြည်မှု တည်ဆောက်ဖို့အတွက်ဆိုရင် စစ်မြေပြင်မှာသာမက အွန်လိုင်းမှာပါ တဖက်နဲ့တဖက် ပုတ်ခတ်ရေးသားဝါဒဖြန့်တာတွေကအစ သတိပြုရှောင်ရှားကြရမှာဖြစ်ပါတယ်ခင်ဗျ။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

RCSS နှင့် SSPP တပ်သားများအားအတူတကွ တွေ့ရစဉ်

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) နှင့် နိုင်ငံရေးပါတီများ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် နှစ်ဖက်ဖြစ်ပွားနေသည့် ပဋိပက္ခများကို ဖြေလျော့ရန်အတွက် SSPP နဲ့ RCSS တပ်ဖွဲ့ကြား ဖြစ်ပွားသည့် ပဋိပက္ခများကို လျှော့ချရန်အတွက် တွေ့ဆုံညှိနှိုင်းနေချိန်မှာ လုပ်ကြံဖန်တီးသည့် သတင်းအတု၊ သတင်းအမှားတွေအပြင် ဖြစ်စဉ်ကို ဦးဆောင်လုပ်ပေးသည့် နှစ်ဖက်ခေါင်းဆောင်များကို အထင်အမြင် လွှဲမှားအောင် မလုပ်ဖို့လည်း စည်းလုံးညီညွတ်ရေးနှင့်ပတ်သက်သည့်ထုတ်ပြန်ချက်တစောင်ကို ဒီဇင်ဘာလ ၅ ရက်နေ့ရက်စွဲဖြင့် SSPP အတွင်းရေးမှူး ၂ ဒုဗိုလ်မှူးကြီးစိုင်းဆုက လက်မှတ်ရေးထိုးကာ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ဒီဇင်ဘာ (၅) ရက်က သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင်း သျှမ်းတပ် (၂) တပ် ထိတွေ့မှု ရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာလ ရ မှ ၁၀ ရက်အထိ် နမ္မတူမြို့နယ်အတွင်းဖြစ်ပွါးသော RCSS နှင့် မဟာမိတ်တပ်ပေါင်းစုကြားတိုက်ပွဲအတွင်း RCSS နှင့် SSPP ကြား တိုက်ပွဲတကြိမ်ဖြစ်ပွါးခဲ့သေးသည်ဟုသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...