Tuesday, January 27, 2026

လွိုင်လင်မြို့နယ်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၁၄ ဦးရှိ မြို့ လော့ဒေါင်းချဖို့မရှိသေး

သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင် ကိုဗစ် ၁၉ လူနာ  ၁၄ ဦးအထိရှိလာသော်လည်း မြို့အားလော့ဒေါင်းချဖို့အစီအစဉ်မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

Photo IPRD Loilem-လွိုင်လင်မြို့လယ်တွင် ကျန်းမာရေးဌာနကတာ၀န်ရှိသူများ Mask နှာခေါင်းစည်းများ၀ေနေပုံ

 လူနာ ၁၄ ဉီးအနက် လက်ရှိဆေးရုံတွင် ကုသမှုခံယူနေသည်မှာ  ၉ ဦးကျန်ရှိကြောင်း လွိုင်လင်မြို့ ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်လင်း ကပြောသည်။

“ အစကတော့ ၁၄ ဦးအထိရှိတာပေါ့။ လောလောဆယ် ၅ ဦးကတော့ ပြန်သွားပြီး။ ၉ ဦးကတော့ ဆေးရုံမှာ ဆေးကုသနေသေးတယ်” ဟု ဒေါက်တာဇော်လင်း ကသျှမ်းသံတော်ဆင့်အား ပြောသည်။

  ပိုးတွေ့လူနာများသည်  မန္တလေးသို့ဆေးသွားကုပြီးပြန်လာသူတဉီး၊ ပုသိမ်အကျဉ်းထောင်မှပြန်လွှတ်လာသူတဉီး၊ မုံရွာသို့ လုပ်ငန်းကိစ္စဖြင့်သွားရောက်လုပ်ကိုင်ပြီးပြန်လာသူတဉီးတို့ဖြစ်ကြောင်း  ဒုခရိုင်ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်လင်း က ရှင်းပြသည်။

 ၄င်းတို့အား Quarantine Center မှပင် စစ်ဆေးပိုးတွေ့ခဲ့ကြောင်းသိရသည်။

သို့သော် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ ပြန်လာသူများအတွက်မူ Quarantine Center  မဝင်ရကြောင်း မြို့လော့ဒေါင်းချထားမှုလည်းမရှိကြောင်း စုံစမ်းသိရှိရသည်။

“ တောင်ကြီးကနေပြန်လာရင်တော့ မဝင်ရဘူး။ ဝင်ရင် ကားသမားတွေအတွက် အခက်အခဲဖြစ်တာပေါ့။   ” ဟု ဒေါက်တာ ဇော်လင်းကပြောသည်။

Photo IPRD Loilem

အလားတူ နမ့်စန်မြို့တွင်လည်းဟိုက်ဖတ်ရွာသို့ မင်္ဂလာဆောင်သွားပြီးပြန်လာသူတဉီးထံ ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိသဖြင့် ၄င်းမိသားစုအပါအ၀င်ဟိုက်ဖတ်ရွာလည်း လော့ဒေါင်းချထားရကြောင်း ဟိုက်ဖတ်ဒေသခံများပြောပြချက်အရသိရသည်။

သျှမ်းပြည်နယ်တွင် ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ကိုဗစ် ၁၉ အဖြေစစ်ဆေးချက်အရ သျှမ်းပြည်တစ်ဝှမ်းတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၁ ဦးသာ တွေ့ရှိခဲ့ရာ ဆီဆိုင်မြို့နယ် နောင်မွန်ရွာသားဖြစ်ကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ အတည်ပြုလူနာ (၁၁၀၆၆၇)ဦးနှင့်ဆေးရုံးဆင်းခွင့်ရသူ (၈၉၄၁၈) ဦးရှိပြီး သေဆုံးလူနာ (၂၃၁၉) ဦးရှိကြောင်း ကျန်းမားရေးနှင့် အားကစားဝန်းကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နီပါ ဗိုင်းရပ်စ် အတွက် ဆေးမရှိသေး

0
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Nipah Virus (နီပါ ဗိုင်းရပ်စ်) ပြန်လည်ကူးစက်ခံရမှု ၅ ဦးအထိတွေ့ရှိပြီးနောက် လူနာများနှင့် ဆက်စပ်ခဲ့သည့် လူ ၁၀၀ ဦးခန့်အား နေအိမ်များတွင်သာ နေထိုင်ရန် ဒေသအာဏာပိုင်များမှညွှန်ကြားထားကြောင်း အိန္ဒိယ သတင်းဌာန New Delhi Television...

လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူနည်းပါး၊ လူထုစိတ်မဝင်စား

0
သျှမ်းပြည် လွိုင်လင်မြို့နယ်ရှိ လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်မြို့များတွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ နည်းပါးကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် စတင်ကျင်းပသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် လွိုင်လင်မြို့နယ်လည်း ပါဝင်ပြီး လွိုင်လင်မြို့၊ ပင်လုံမြို့၊ မိုင်းပွန်မြို့နှင့်...

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

0
ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ...

ခေတ်အဆက်ဆက် ဉပက္ခာပြုခံနေရတဲ့ တောင်ပေါ်ဒေသ ကျန်းမာရေး

0
“မိမိကျန်းမာရေး၊ မိမိအခွင့်အရေး” ၊ “ကျန်းမာခြင်းသည် အားလုံးအတွက်” ဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်တွေဟာ တောင်ပေါ်ဒေသအတွက်တော့ ယနေ့ထိတိုင် အသုံးမဝင်သေးပါဘူး။ “လူတိုင်း လုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခွင့်ရှိသည်”ဆိုတဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်လည်း တောင်ပေါ်ဒေသတိုင်းရင်းသားတွေ အတွက်က ဘယ်အစိုးရ၊ ဘယ်အာဏာပိုင်တက်တက် ဆုံးရှုံးရတဲ့ အခွင့်အရေး တရပ်ပါပဲ။ မိုးရာသီအချိန်မှာ...

လားရှိုး MNDAA မှ တစ်လနီးပါး ဖမ်းဆီးထားသည့် မိန်းကလေးငယ်ကို ပြန်မလွှတ်သေး၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ရ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အသက်(၁၅) နှစ်အရွယ် မိန်းကလေးကို တစ်လနီးပါး ဥပဒေမဲ့ ဆက်လက်ဖမ်းဆီးထားပြီး ပြန်မလွှတ်ပေးခြင်းကြောင့် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို အပြိုင်လိုက်ကြိုက်ရာမှ...