Friday, June 14, 2024

တောင်ကြီးမြို့ပေါ်တွင် ပထမတန်းကျောင်းသူ တစ်ဦး အဓမ္မပြုကျင့် ခံရ

Must read

တောင်ကြီးမြို့ ၊ စဝ်စံထွန်းရပ်ကွက် ဇလဲလမ်း နေအသက်(၆)နှစ် အရွယ်မိန်း ကလေးအား အသက်(၂၆)နှစ်အရွယ်အိမ်နီးချင်းအမျိုးသား မှ အဓမ္မပြုကျင့် မှုဖြစ်ပွားခဲ့ကြောင်း မိသားစုများထံမှသိရသည် ။

“ ကျမ ကလေးမေ့ဆေးပေးပြီး ခွဲခန်းဝင်ရတဲ့အထိဖြစ်တယ်၊ ဆေးရုံ(၅) ရက်တက်ရတယ်၊ ကျမ အမှန်တရားကိုပဲလိုချင်တယ် ၊ ကျူးလွန်သူကို သေဒဏ်ပေးစေချင်တယ် ၊သူတို့ဖက်က လျော်ကြေးပေးမယ် ဆိုတဲ့ ပုံစံမျိုးတွေလုပ်လာတယ် ကျမ မလိုချင်ဘူး ” ဟု အဓမ္မပြုကျင့်ခံရသူ မိန်းကလေး၏ မိခင်ဖြစ်သူက ပြောသည် ။

မေ (၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် သမီးဖြစ်သူ နေအိမ်သို့ပြန်လာစဉ် ရေးချိုးပြီးငေးမှိုင်နေသဖြင့် မေးမြန်း ကြည့်ရာ အိမ်နီးချင်းဖြစ်သော အသက် ၂၆ နှစ်အရွယ် စည်သူစိုးမှ ၄င်းနေအိမ်ခြံဝန်းအတွင်း အုတ်နံရံခြံစည်းရိုးနှင့်အိမ်ကြားတွင် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ သမီး ဖြစ်သူ၏ မိန်းမကိုယ်အားစစ်ဆေး ရာ တွင်လည်း ရောင်ရမ်းသွေးထွက်နေကြောင်း တွေ့ရှိရသဖြင့် မိခင်ဖြစ်သူက ရဲစခန်းသို့ သွားရောက်အမှုဖွင့် ဆိုခဲ့သည်ဟု သိရသည် ။

“ ဖြစ်သွားတာ ၁၇ ရက်နေ့ကဖြစ်တယ် ၊ ဆေးရုံဆင်းရတာက ၂၂ ရက်နေ့ မှာ ဆင်းရတယ် ကျမတို့လဲ သိသိချင်းတောင်ကြီးမြို့ပေါ်မှာ အမျိုးသမီးအ ရေး လှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကိုချက်ချင်း အစည်းဝေးခေါ်ပြီးတတ်နိုင်တဲ့ဖက်က ငွေးရေးကြေးရေးအရ ကူညီပေးခဲ့တယ် ။ ဒီအမှု နဲ့ပတ်သက်ပြီး အစအဆုံး ကျမတို့ လိုက်ပါကူညီသွားမယ်” ဟု အမျိုးသမီး နှင့်ကလေးအရေးတက်ကြွလှုပ်ရှားသူ မဝင်းသော်တာဆွေက ပြောသည် ။

သျှမ်းပြည်နယ် လူမှုဖူလှုံရေးနှင့် ကယ်ဆယ်နေရာပြန်လည်ချထားရေးမှလည်း ထောက်ပံ့ငွေများအပြင် ကျူးလွန်ခံရသူမိန်းကလေး ၏ ပြန်လည်ထူ ထောင်ရေး အပိုင်းတွင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ၊ ဦးစီးမှူး ဒေါ်နော်ခမ်းသိမ်းထံမှသိရသည် ။

“ ဒီလိုသက်ငယ်မုဒိန်းတွေကို အသိပညာထဲထဲဝင်ဝင်ပေးဖို့လိုပြီ ၊ နစ်နာတဲ့ ကလေးအတွက် ထပ်ပြီးနစ်နာတာမျိုးမဖြစ်စေချင်ဘူး ၊ ဥပဒေပိုင်းမှာလဲ ထိရောက်တဲ့ပြစ် ဒဏ်ပေးဖို့လိုသလို ပြစ်ဒဏ်ကျရက် လျော့ပေးတာမျိုး ၊ လွှတ်ငြိမ်းချမ်းသာထဲ ပါလာတာမျိုးမပေးသင့်ပါဘူး ” ဟု Peace World Gender Origination မှ ဒေါ်သီတာအောင်ကပြောသည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကြီးမြို့ ၊ နယ်မြေရဲစခန်းမှ ကျူးလွန်သူ စည်သူစိုးဆိုသူအား ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူ ထားကြောင်းဆက်လက်သိရသည် ။ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ၏ ပြစ်မှုမှာ အလုပ်နှင့်ထောင်ဒဏ် ၂၀ နှစ်ဟု ပါရှိပါသည်။

Leave a Comments

- Advertisement -spot_img

Latest article