Tuesday, January 27, 2026

ဒေသန္တရ အမိန့် ကို မလိုက်နာတဲ့ ဟိုတယ်ကြောင့် သျှမ်းရှေ့ ကိုဗစ်-၁၉ မြင့်တက်လာ

ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်မှု ပြုလုပ်ရန် ဒေသန္တရ အမိန့်ထုတ်ပြန်ချက်အရ ဟိုတယ်၊ KTV ဆိုင်၊ အနှိပ်ခန်းတွေ ပိတ်ရန် ထုတ်ပြန်ခဲ့ပေမယ့် လိုက်နာမှုမရှိကြတာကိုတွေ့မြင်ရပါတယ်။

Photo by Tachileik Volunteer/ Facebook

ထိုသို့ လိုက်နာမှု မရှိတဲ့အလျောက် သျှမ်းပြည် အရှေ့ပိုင်း တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ဟာ တရိပ်ရိပ်နဲ့ တက်လာသလို မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံကိုပါ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြန့်နှံ့လာပါတယ်။

နိုဝင်ဘာ ၂၅ ရက်က ဟိုတယ်တခုမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး တဦး ကျန်းမာရေး စစ်ဆေးရာကနေ ကိုဗစ်-၁၉ အတည်ပြုလူနာ အဖြစ်စတင်တွေ့ရှိလာပါတယ်။

ထိုကျန်းမာရေး ပေါ့ဆမှုကြောင့် လက်ရှိမှာ သျှမ်း/ရှေ့ တာချီလိတ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၅၆)ဦးထိမြင့်တက်လာပြီး၊ မိုင်းဖြတ်တွင် (၃)ဦး၊ ကျိုင်းတုံတွင် (၁)ဦး နဲ့ မိုင်းပျဉ်းတွင် (၁)ဦး ရှိကာ ထိုင်းနိုင်ငံတဝှမ်းမှာလည်း ၁၀ဦးထိ မြင့်တက်လာတာကို တွေ့မြင်ရပါတယ်။

“ 1G1 7ဟိုတယ်က KTV ကနေ စတဲ့ ဇာတ်လမ်းပါ။ သူတို့လည်း ဘယ်ကနေ ကူးမှန်းမသိကြဘူးဖြစ်နေတယ်။ ဟိုတယ်တွေ ပိတ်ဖို့ ပြောတာ ခိုးဖွင့်လို့ ဖြစ်တာပါ” လို့ တာချီလိတ်ဒေသခံ တဦးဖြစ်တဲ့ စိုင်းနွံက သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

Photo by Tachileik Volunteer/ Facebook

ကိုဗစ်-၁၉ ဟာ ပေါ့ဆလို့မရတဲ့ ရောဂါဖြစ်ပြီး၊ လက်ရှိအချိန်ထိ ကာကွယ်ဆေး မရသေးတဲ့အတွက် ပိုပြီး ဂရုစိုက်ရမှာဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်အနေဖြင့် အထူးဂရုစိုက်ကာ ကျန်းမာရေး ထုတ်ပြန်ချက် ဒေသန္တရထုတ်ပြန်ချက်ကို ပိုလိုက်နာသင့်ကြောင်းလည်း စိုင်းနွံက ဆိုပါတယ်။

“ အခုဆိုရင် တမြို့လုံးစိုးရိမ်နေရတယ်။ ကိုယ်တဦးတယောက်ကြောင့်အားလုံးထိတာပါ။ နောက် ထိုင်းကိုပါ ကူးစက်နေတာတွေဖြစ်နေတယ်။ ဒါက အရမ်းကို သတိထားရမယ့် အရာတွေပါ” လို့ စိုင်းနွံ က ပြောဆိုလိုက်ပါတယ်။

တာချီလိတ်က ဟိုတယ်မှာ အလုပ်လုပ်တဲ့ အမျိုးသမီး ကိုဗစ်-၁၉ စတင်ကူးစက်နေပြီလို့ သတင်းရပြီးနောက် တာချီလိတ်မှာ အလုပ်သွားလုပ်တဲ့ ထိုင်းနိုင်ငံသားအမျိုးသမီးတွေကလည်း နယ်စပ်ကို တရားမဝင်ခိုးဖြတ်ပြီးနေရပ်ကိုနေ့စဉ်ပြန်နေကြပါတယ်။

ထိုင်းနယ်စပ် တလျောက် စည်းကမ်းတည်းကြပ်မှုကြား တာချီလိတ် ဟိုတယ်တွင် အလုပ်လုပ်တဲ့အမျိုးသမီး နယ်စပ်ဖြတ်ကျော်မှုဟာ ထိုင်းနိုင်ငံ အစိုးရ အတွက် မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင်ခိုးဝင်တဲ့ တာချီလိတ်ပြန် ကိုဗစ်-၁၉ ထိတွေ့သူ ထိုင်းမိန်းကလေး ၁၀ဦး နှင့် နီးစပ်ထိတွေ့သူ (၇၀၀)နီးပါး နှင့် စားသောက်ဆိုင် ၂၀၀ကျော် ပိတ်လိုက်ရကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန မှ ဒီဇင်ဘာ ၃ရက် က ထုတ်ပြန်လိုက်ပါတယ်။

တာချီလိတ်နယ်စပ် မှ တရားမဝင် လမ်းကြောင်းနဲ့ ထိုင်းနိုင်ငံသို့ Quarantineမဝင်ဘဲ ပိုးတွေ့ခဲ့သူ ထိုင်းအမျိုးသမီး ၁၀ဦးဟာ ထိုင်းနိုင်ငံ နေရာတော်တော်များများ လည်ပတ်ခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံသို့ ခိုးဝင်လာပြီး နေရာအနှံ့သွားထားတဲ့အတွက်လည်း လက်ရှိမှာ ထိုင်းနိုင်ငံသားများကလည်း ကိုဗစ်-၁၉ ဒုတိယလှိုင်း ပြန်ဖြစ်လာတဲ့အတွက် စိုးရိမ်ထိတ်လန့်မှုရှိနေကြပါတယ်။

“ အခုတော့ တာချီလိတ်ရော ထိုင်းနိုင်ငံရော မဖြစ်သင့်တာတွေဖြစ်နေပြီ၊ အမိန့်ကြေညာချက်ကို မလိုက်နာတဲ့ ဟိုတယ်ကို ထိရောက်စွာ အရေးယူသင့်တယ်” လို့ တာချီလိတ်ဒေသခံ နန်းလောဝ် က ပြောပါတယ်။

ထိုကူးစက်မှုဟာ အလွန်မြန်ဆန်ပြီး ကူးစက်ခံရတဲ့အထဲ ကလေးငယ်တွေလည်းပါဝင်နေတာကိုတွေ့မြင်ရပါတယ်။

လက်ရှိမှာတော့ ကိုဗစ်-၁၉ ကာလအတွင်း ပိတ်ထားဖို့ ညွှန်ကြားချက်ကို ချိုးဖောက်တဲ့ 1G1 7 ဟိုတယ်က KTV နဲ့ မာဆတ်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေနဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က အမှုဖွင့်လိုက်တယ်လို့သိရပါတယ်။

“ကျနော်တို့ အဲ့ဟိုတယ် က တာဝန်ခံ မန်နေဂျာကို ဒေသန္တရ အမိန့် ညွှန်ကြားချက်ကို မလိုက်နာတဲ့အတွက် သဘာဝဘေးအန္တရာယ်နဲ့ တရားစွဲဆိုထားပါတယ်” လို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

ဒေသန္တရ အမိန့် ညွှန်ကြားချက်ကို ချိုးဖောက်တဲ့အတွက် အခုမဖြစ်သင့်တာတွေဖြစ်လာပြီး၊ ဟိုတယ် ဝန်ထမ်းကနေ ဆက်စပ် ထိတွေသူတွေကို ကူးစက်မှုက မြင့်တက်နေပါတယ်။

လက်ရှိမှာတော့ တာချီလိတ်မှာ ကိုဗစ်-၁၉ ကူးစက်မှုများလာတဲ့အတွက် တာချီလိတ်မြို့ကနေတခြားမြို့နယ်ကို ခရီးသွားမယ်ဆိုရင် Quarantine ဝင်ရမှာဖြစ်ပြီး၊ ခရီးသွား ပါက ကျန်းမာရေး စိစစ်ထားတဲ့ လက်မှတ်ပါရမှာဖြစ်ကြောင်းလည်း သိရပါတယ်။

“ ကျနော်တို့တာချီလိတ်မှာ အခု Lockdown လုပ်ထားတဲ့ ရပ်ကွက်(၉ )ခု၊ ဟိုတယ်(၂)ခုရှိပါတယ်။ ဆိုင်တွေလည်း ပါဆယ်စနစ်ပါပဲ” လို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က ပြောပါတယ်။

ထိုင်းနိုင်ငံ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုမရှိစေဖို့အတွက်လည်း မယ်ဆိုင်ချောင်းတလျှောက် အစောင့်ချထားကြောင်း လည်း ဦးချမ်းမြေ့စော က ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုကြောင့် လုပ်ငန်းကိုင်ငန်းအဆင်မပြေလို့ အိမ်ခန်းငှားခတွေလျှော့ပေါ့ပေးဖို့ ပိုင်ရှင်တွေကို အိမ်ငှားတွေက တောင်းဆိုမှုတွေလည်းရှိ နေပါတယ်။

“ ကျမတို့ အပြင်ထွက်လို့မရ၊ ဘာမှ လုပ်လို့မရဘူး။ အိမ်ခန်းခမပြောနဲ့ စားဖို့တောင် အနိုင်နိုင်။ အိမ်ခန်းခကိုတော့ လျော့ပေးဖို့ကောင်းပါတယ်။ ဒါကလည်း ဘယ်သူမှ မဖြစ်ချင်တဲ့အရာပါ” လို့ တာချီလိတ်မှာ အိမ်ခန်းငှားနေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ဒေသန္တရ အမိန့် ညွှန်ကြားချက်ဟာ အလွန်ပင် အရေးကြီးတဲ့အရာဖြစ်တဲ့အတွက် တာချီလိတ်ပြည်သူများ၊ ဟိုတယ်များ၊ ကေတီဗွီ၊ အနှိပ်ခန်းများ ပိတ်ထားပြီး၊ ညွှန်ကြားချက်ကို လိုက်နာဖို့ လိုအပ်ကြောင်း၊ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန ရဲ့ လမ်းညွှန်မှုဖြင့်နေထိုင်ကြရန်လည်းလိုအပ်ကြောင်း ဆရာဝန်များက ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

သျှမ်းအရှေ့သွားရာ ပြည်ထောင်စုလမ်းမကြီး အခြေအနေဆိုးရွားခြင်းကြောင့် ခရီးသည်ခက်ခဲ

0
သျှမ်းပြည် အ‌ရှေ့ပိုင်းသို့သွားရာ ပြည်ထောင်စုလမ်းမကြီးတကြောတွင် လမ်းအခြေအနေ ဆိုးရွားနေသဖြင့် ခရီးသွားများ အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။ သျှမ်းပြည် အရှေ့ပိုင်းသို့ သွားရာ ပြည်ထောင်စုလမ်းမကြီးများသည် မိုးတွင်းကာလ တောင်ပြိုခြင်း၊ လမ်းချော်ခြင်းများ ဆိုးဆိုးရွားရွား လမ်းပျက်စီးနေသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်ပြင်ဆင်ပေးခြင်း မရှိသဖြင့် ကားသမားအချင်းချင်းကြား ကူညီဖြေရှင်းကြရပြီး၊ ခရီးသွားများလည်း အခက်အခဲဖြစ်နေကြောင်း...

မယ်ဆိုင်မြစ်ရေကြီးမှု သျှမ်းရှေ့ အကြီးစား ရွှေတူးဖော်ထုတ်လုပ်မှုကြောင့်ဟု ထိုင်းအစိုးရ လေ့လာမှုများက ဖော်ပြ

0
ထိုင်း-မြန်မာနယ်စပ်ဒေသ မယ်ဆိုင်မြို့တွင် ရေကြီးရေလျှံမှုအတွင်း နုန်းမြေ တင်ကျန်မှုနှင့် မြေပြိုမှုများမှာ မိုင်းဆတ်မြို့နယ်ရှိ အကြီးစား ရွှေတူးဖော်မှုများကြောင့်ဟု ထိုင်းအစိုးရ လေ့လာတွေ့ရှိမှုက ဖော်ပြနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်)တွင် ထုတ်ပြန်လိုက်သည်။ အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံသဘာဝအရင်းအမြစ်ဌာန၏ လေ့လာမှုတစ်ခုတွင် နယ်စပ်ဒေသတလျှောက်...

သျှမ်းပြည် အရှေ့ ရေကြီး၊မြေပြိုမှုကြား ကုန်စိမ်းများ ၃ဆ ထိမြင့်တက်

0
သျှမ်းပြည် အရှေ့ပိုင်းတွင် ဆိုးရွားစွာ ရေကြီးမြေပြိုမှု ကြုံရသည့် ကြား ကုန်စိမ်းများ သုံးဆထိ စျေးတင်ရောင်းချမှု ရှိနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေများ မြင့်တက်လာပြီး ရေကြီးမှုဖြစ်ပွားခဲ့သကဲ့သို့ ထိုင်းနိုင်ငံမယ်ဆိုင်ဘက်တွင်နည်းတူ ရေကြီးမှုကြုံခဲ့ရသည်။ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်ခြမ်းမှ နေ့စဉ် ကုန်စိမ်း၊ အသား၊ ငါးများကို ဝယ်ယူ၍ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...