Wednesday, January 28, 2026

မိုင်းယန်းပြည်သူများ တာချီလိတ်မှပြန်လာပါက Facility Quarantine ဝင်ရမည်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းပြည်သူများအနေဖြင့် တာချီလိတ်မြို့ မှ ပြန်လာသူတိုင်း Facility Quarantine ဝင်ရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ မိုင်းယန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ

တာချီလိတ်မြို့တွင် ကိုဗစ်- ၁၉ ကူးစက်မှူနှုန်းမြင့်တက်လာသဖြင့် မိုင်းယန်းမြို့ပြည်သူများ အရေးကြီးကိစ္စမရှိပါက တာချီလိတ်သို့ မသွားကြရန် ယမန်နေ့ ( ဒီဇင်ဘာ ၁ရက်) တွင် မိုင်းယန်းမြို့နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ကြေညာခဲ့သည်။

“ တာချီလိတ်ကနေပြီးတော့မှ ဒီတစ်ပတ်အတွင်း ရောဂါပြန်ပွားမှုက အရမ်းများလာတယ်။ အပျော်းအပါးတွေ၊ ဈေးဝယ်တာတွေ မလိုအပ်ဘဲမသွားရအောင်လို့ထုတ်ထားလိုက်တာပါ” ဟု မိုင်းယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အရေးပေါ်ခရီးထွက်ရမည်ဆိုပါက ထောက်ခံစာထုတ်ပေးမည်ဖြစ်ပြီး ပြန်ရောက်လာပါက Facility Quarantine ဝင်ရမည် ဖြစ်ကြောင်းသိရသည်။

“ အရေးပေါ်သွားစရာရှိရင်တော့ ထောက်ခံစာထုတ်ပေးမယ်။ ပြန်လာရင်တော့ သက်ဆိုင်ရာ ကျန်းမားရေး ဌာနကထုတ်ပြန်ထားတဲ့အတိုင်း Quarantine ဝင်ကိုဝင်ရမှာ ဖြစ်တယ်” ဟု ဦးဇော်လင်းထက်ကပြောသည်။

တာချီလိတ်ကို သွားပြီး ပြန်လာပြီးဆိုပါက Quarantine ဝင်ပါက ကျန်းမားရေးဌာန မှ ကျန်းမားရေး ဆိုင်ရာဆောင်ရွက်ပေးမည်ဖြစ်ပြီး စားသောက်ရေးပိုင်းတွင် မိမိဘာသာ စီစဉ်ရမည်ဖြစ်ကြောင်း ဦးဇော်လင်းထက်က ဆိုသည်။

လက်ရှိ အချိန်ထိ မိုင်းယန်းမြို့နယ်တွင် Quarantine ဝင်နေသူများ ၉ ယောက်ရှိကာ ၊ထိုအပြင်အမျိုးသမီးများအတွက် လုံခြုံမှူပိုရှိစေရန်အတွက် ကင်းလှည့်စောင့်များဖြင့် စောင့်ကြပ်ပေးနေကြောင်း ဦးဇော်လင်းထက် က ထပ်လောင်းပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မနက်ပိုင်းအချိန်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာ ၅၃ ဦးရှိကြောင်း သိရသည်။.

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

မိုးဆက်တိုက်ရွာသွန်းသည့်အတွက် တာချီလိတ်မြို့တွင် ရေကြီး လျှပ်စစ်မီးပြတ် အင်တာနက်မမှန်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့် တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်နေသည့်အပြင် လျှပ်စစ်မီးနှင့် အင်တာနက်လည်း မှန်မှန်မရ ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

တာချီလိတ်မြို့နယ် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်နှင့်အတူ အမျိုးသား ၇ ဦးကိုဖမ်းမိ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ၆ ဘီလီယံကျော်တန်ဖိုးရှိသော အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလိုနှင့်အတူ အမျိုးသား ၇ ဦးကို ဖမ်းမိရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယမန်နေ့ (အောက်တိုဘာ ၈) ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါမူးယစ်ဆေးဝါးများကို အောက်တိုဘာလ ၄...