Friday, April 26, 2024

တာချီလိတ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ဦးတိုး

Must read

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့ (ဒီဇင်ဘာ ၁)ရက်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း (၁၆) ဦးရှိကြောင်း စုံစမ်းသိရသည်။

Photo by Tachileik Volunteer/ Facebook

ယနေ့ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့်ထိတွေ့သူ ၃၀၀ ဦးခန့်သည် Fever clinic စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ဦးတိုးခဲ့ပြီး၊ ကျန် ၂ဦးမှာ မယ်ယန်း ကိုဗစ်-၁၉ စစ်ဆေးစခန်းတွင် တွေ့ရှိခဲ့ကြောင်း တာချီလိတ်ခရိုင် ဆေးရုံအုပ် ဒေါက်တာ လင်းထွဋ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီနေ့ အားလုံးစုစုပေါင်း ၁၆ယောက်ပါ။၁၄ယောက်က အရင် ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ဆက်စပ်တဲ့သူတွေပါ။ ကျန် ၂ယောက်ကတော့ မယ်ယန်းဂိတ်မှာ စစ်ဆေးတာပါ” ဟု ဒေါက်တာ လင်းထွဋ်ဦး ကဆိုသည်။

ထို့ကြောင့် လက်ရှိအချိန်ထိ တာချီလိတ်တွင် ကိုဗစ်-၁၉ လူနာ စုစုပေါင်း (၅၀)ဦး ဆေးကုသခံယူနေကြောင်း သိရသည်။

မြန်မာတဝှမ်း တွင် ယနေ့ (ဒီဇင်ဘာ ၁)ရက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် (၁၄၇၆)ဦးရှိပြီး၊ သေဆုံးသူ (၃၁)ဦးရှိကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article