Saturday, December 3, 2022

ပင်လောင်းမြို့နယ်တွင်ကျပ်သိန်း ၂၃၀ကျော် တန်ဖိုးရှိ ဘိန်းစိမ်းများဖမ်းဆီးမိ

Must read

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ညနေပိုင်း ၁၀ နာရီကျော်တွင် ပင်လောင်း- ဖယ်ခုံသွား ကားလမ်းတွင် ခွန်လှထွန်း မောင်းနင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရာတွင် ဘိန်စိမ်း အလေးချိန် ၇၉.၂ ကီလို(ဒေသကာလပေါက်ဈေး ငွေကျပ် ၂၃၇.၆ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံး ဖမ်းဆီးရမိကြောင်းသိရသည်။

ဘိန်းစိမ်းကို သယ်ဆောင်လာသည့် ခွန်လှထွန်းကို ပင်လောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါဆိုင်ရာဥပဒေများဖြင့် အမှူဖွင့် အရေးယူထားကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article