တာချီလိတ်တွင် ကိုဗစ်-၁၉ မြင့်တက်လာမှုကြောင့် အရောင်းအဝယ်များအေးနေ

သျှမ်းရှေ့တာချီလိတ်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် ဒေသခံများ စိုးရိမ်မှုရှိကာ အရောင်းအဝယ်ကျဆင်းမှုရှိနေကြောင်း တာချီလိတ်ဒေသခံများ ၏ ပြောပြချက်အရသိရသည်။

လက်ရှိ နိုဝင်ဘာ ၃၀ နေ့လည်ပိုင်းအချိန်ထိ တာချီလိတ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၄)ဦး ဆေးရုံတွင် ဆေးကုသခံနေကြောင်း စုံစမ်းသိရသည်။

ထို့ကြောင့် တာချီလိတ်တွင် ကိုဗစ်-၁၉ နေ့စဉ်ဆက်တိုက် ကူးစက်မှုကြောင့် တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်စုကို Lockdown ပြုလုပ်ထားပြီး၊ တာချီလိတ်မြို့ပေါ်တွင် နေထိုင်သူများမဟုတ်ပါက ထောက်ခံစာဖြင့် ဝင်၊ထွက်ရမည်ဟုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ကြေညာချက်ထုတ်ခဲ့သည်။

“အတည်ပြု လူနာက မိုင်းဖုန်းကနေစပြီးတော့ ဖြစ်လာတယ်။ အခုတော့ တာချီလိတ်က သူတွေလည်း အပြင်မထွက်ရဲကြတော့ဘူး။ အရောင်းအဝယ်လည်းတွေလည်း ကျဆင်းကုန်တယ်” တာချီလိတ်ဒေသခံ စိုင်းကျောက် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တာချီလိတ်မြို့သည် မြန်မာ – ထိုင်း နှစ်နိုင်ငံ အရောင်းအဝယ် နယ်စပ်ဖြစ်ပြီး အချက်အချာကျသည့် မြို့လည်း ဖြစ်သည်။

“တာချီ်လိတ်မှာ လူ တအားပါးသွားပြီး ဘယ်မှ မထွက်ရဲကြတော့ဘူး။ အရောင်းအဝယ်ရှိပေမယ့် အရင်လိုတော့ မဟုတ်တော့ဘူး”ဟု ကုန်စုံဆိုင်ဖွင့်ထားသည့် ဒေသခံ နန်းဟွမ် က ပြောသည်။

လက်ရှိအခြေအနေ တာချီလိတ်မြို့မှ တခြားမြို့သို့သွားလာခွင့်မပြုထားကြောင်း၊ တာချီလိတ်မှ တခြားသို့ သွားမည်ဆိုပါက Quarantine ၁၄ရက်ဝင်ရမည်ဖြစ်သကဲ့သို့ တာချီလိတ်မြို့ လာမည်သူများလည်း Quarantine ဝင်ရမည်ဖြစ်ကြောင်းလည်း ဒေသခံများပြောပြသည်။

“ အခု တာချီလိတ်မြို့မှာတာ့ မနေ့ညကစပြီးတိတ်ဆိတ်ကုန်ပြီ၊ ကုန်စုံဆိုင်တွေလည်း အားလုံးနီးပါး ပိတ်ကုန်ပြီ၊ သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက် အလိုက် ကိုယ့်နဲ့ ကိုက်ညီတဲ့ Lockdown လုပ်လို့ရပါတယ်” ဟု တာချီလိတ် မြို့ မှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ဥက္ကဌ စိုင်းနွံတွီ က သျှမ်းသံတော်ဆင့် က ပြောသည်။

နိုဝင်ဘာ (၂၉) ရက်နေ့က မိုင်းဖုန်း (က) ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၆) ဦး ရှိသည့်အတွက် ကျေးရွာအုပ်စုအတွင်း တစ်ရွာနှင့် တစ်ရွာ သွားလာမှု မရှိစေရန် နိုဝင်ဘာ (၂၉ ) ရက်နေ့ ညပိုင်းမှ စပြီး Lockdown သတ်မှတ်ထားလိုက်သည်။

နိုဝင်ဘာ (၂၉ ) ရက် ည (၈) နာရီချိန်ထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၈၉၄၈၆) ဦး၊ ဆေးရုံဆင်းသူ (၆၈၉ ၁၀)ဦး၊ သေဆုံးသူ (၁၉ ၁၈) ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...