ကိုဗစ်-၁၉ ကြောင့် Lockdown ခံရသည့် ရွာငံ ပြည်သူများအတွက် အလှူငွေကောက်ခံ

တောင်ကြီးမြို့ Ocean ရှေ့တွင် ယနေ့ (နိုဝင်ဘာ ၁၆)ရက် မနက်ပိုင်းတွင် ကိုဗစ်-၁၉ ကြောင့် lockdown ချခံပြည်သူများအတွက် အလှုငွေကောက်ခံသည့် ကမ်းပိန်တစ်ခုပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထို့သို့အလှူငွေကောက်ခံရာတွင် ကိုဗစ် ၁၉‌ ကြောင့် ရွာငံမြို့ နယ် အတွင်းရှိ မြို့ကြီးကျေးရွာတွင် ရောဂါကူးစက် ပြန့်ပွားမှူကြောင့် lockdown ချခံရသည့် ပြည်သူများနှင့် စားဝတ်နေရေး ခက်ခဲမှုများရှိနေခြင်းကြောင်း ကောက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ သျှမ်းပြည်နယ်တောင်ပိုင်း lockdown ချခံနေရတဲ့ ပြည်သူတွေအတွက် စားဝတ်နေရေး အတွက် ကျမတို့က အလှူငွေနဲ့စားသောက်ကုန်တွေ ကို အလှူငွေကောက်ခံပြီး၊ သွားပေးမှာပါ” ဟု Myanmar People’s Alliance Shan State အဖွဲ့ဝင် မမီမီသိန်း ကပြောသည်။


ရွာငံမြို့၊ မြို့ကြီးကျေးရွာတွင် ကိုဗစ် ၁၉ ရောဂါပြန်ပွားမှုကြောင့် Lockdown ချခံရသည့် အိမ်ခြေ ၆၀၀ ကျော်နီးပါရှိပြီး ရှိကြောင်းသိရသည်။

“အဓိကတော့ မြို့ကြီးကျေးရွာမှာ ရှိတဲ့ပြည်သူလူထုအများစုက လက်လုပ်လပ်စားအခြေခံလူတန်းစား တွေဖြစ်ကြတယ်။ lockdown ခံနေရတော့ အလုပ်တွေအလုပ်နိင်ဘူး။ သူတို့စားဝတ်နေရေးတွေ ခက်ခဲတယ်။ အဲဒီအတွက် ကျမတို့က ဒီတောင်ကြီးမြို့ပေါ်မှာ အလှူငွေတွေနဲ့ စားသောက်ကုန်တွေ လိုက်လံကောက်ခံပြီးသွားရောက်လှူဒါန်းပေးမှာဖြစ်ပါတယ်” ဟု မမီမီသိန်းက ပြောသည်။


ထိုအလှူခံကို ယနေ့နှင့် နိုဝင်ဘာ ၁၇ ရက်ထိပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သက်ငယ်မုဒိမ်းကျူးလွန်သည့် ရွာငံအမျိုးသားတစ်ဉီး လွတ်မြောက်နေဆဲ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဉီးကို  မုဒိမ်းမှုကျူးလွန်ခဲ့သော အမျိုးသားတစ်ဦးကို တစ်လနီးပါးကြာသည်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ လက်ထိတ်တန်းလန်းဖြင့်...

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...

ရွာငံတွင် စစ်ကော်မရှင်က ရှောင်တခင် စလော့ဂိမ်းစစ်ဆေးမှုများပြုလုပ်ပြီး ဖမ်းဆီးအရေးယူနေ

0
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်  ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒေသခံများ၏ဖုန်းအတွင်း စလော့ဂိမ်းတွေ့ရှိလျှင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်အတွင်း အွန်လိုင်းစလော့ဂိမ်းများကို အသက် ၁၅နှစ်ဝန်းကျင်မှစပြီး အသက် ၆၀ကျော်အထိ ဂိမ်းကစားနေကြပြီး အဆိုပါဂိမ်းကြောင့် ကျေးရွာများ အတွင်း ခိုးဆိုးလုယက်ခြင်း၊ပိုင်ဆိုင်များကို ပေါင်နှံရောင်းချမှုများ ပိုမိုများလာကြောင်း ဒေသခံများက...

ရွာငံတွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရ၊ မေလအတွင်း (၉)ဉီးသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာနှင့် ကျောက်ငှက်ကျေးရွာတို့တွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရပြီး၊ မေလအတွင်း (၉)အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ (၂၀)ရက် ညသန်းခေါင်ယံ အချိန် ကျောက်ငှက်ကျေးရွာတွင် အသက် (၃၀)ကျော် ပျူစောထီးအမျိုးသား တစ်ဦးနှင့် အသက် (၃၀)ကျော် ဒေသခံ အမျိုးသားတစ်ဦးကို ဒလန်ဟု...

ရွာငံတွင် လင်မယားနှစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့ စျေးတန်းရပ်ကွက်တွင် အသက် (၄၀)ကျော်အရွယ်ရှိ လင်မယားနှစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်)  ညနေ (၄)နာရီကျော်တွင် ရွာငံမြို့ စျေးတန်းရပ်ကွက်၌ နေထိုင်သည့် လင်မယားနှစ်ဉီးကို အမည်မသိအဖွဲ့က လာရောက်ပြီး  ဓားဖြင့်ထိုးသတ်သွား ကြောင်း ရွာငံမြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ အသတ်ခံရပြီး သေဆုံးသွားသည့် လင်မယားမှ...