ကျောက်မဲမြို့နယ် ရွေး/ကော် ဥက္ကဌ နေအိမ် သေနတ်ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နေအိမ်ကို ယမန်နေ့ (နိုဝင်ဘာ ၁၄)ရက် ည၁၁နာရီကျော်တွင်း သေနတ် ၂ချက်ပစ်ခံရကြောင်းစုံစမ်းသိရသည်။

ကျောက်မဲမြို့နယ် ရွးကောက်ပွဲ ကော်မရှင် ဥက္ကဌ နေအိမ်ကို အမည်မသိလက်နက်ကိုင် အဖွဲ့က ယမန် ည အိပ်ပျော်နချိန်တွင် သေနတ်ဖြင့် ၂ချက် လာပစ်ခဲ့ကြောင်း၊ ထိုသေနတ်ပစ်ခတ်မှုကြောင့် နေအိမ် ပြတင်းပေါက် အနည်းငယ်ပျက်စီးသွားကြောင်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးစိုးထွန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ည ၁၁နာရီခွဲလောက်လာပြီး ပစ်ကြတယ်။ ၂ချက်လောက်ပါပဲ။ အိမ်က မီးတွေဖွင့်ထာတးယ်။ မီးများ ဖြစ်သလားဆိုပြီးထင်နေတာ။ ကျနော် အမျိုးသမီး က သေနတ်ပစ်သံဆိုပြီးပြောတယ်။ အိမ်ပြင်သွားကြည့်တော့ ဘာမှ မမြင်ရဘူး။ ဒီမနက်မှာ လိုက်ရှာမှ ကျနော်အိမ်ဖြစ်နေတာ” ဟု ဦးစိုးထွန်း ကဆိုသည်။

အဆိုပါ နေအိမ်ကို သေနတ်ဖြင့်လာရောက်ပစ်ခတ်မှုသည် ရွေးကောက်ပွဲ နှင့် ပတ်သက် ချိတ်ဆက်နိုင်ကြောင်း၊ ရွေးကောက်ပွဲရလဒ်သည် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် မှ လုပ်ပိုင်ခွင့်မရှိကြောင်း မဲရုံ မှ တက်လာသည့် ရလဒ် အဖြေကိုသာ စိစစ်ရကြောင်းလည်း ဦးစိုးထွန်းက ပြောသည်။

“ ကျနော်လောဆယ် တော့ စီးပွားရေးနားနေချိန်ဖြစ်တယ်။ လောဆယ်ရွေးကောက်ပွဲကို အာရုံစိုက်ပြီးလုပ်နေတာလေ။ ဖြစ်ရင်လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးဖြစ်မယ်” ဟု ဦးစိုးထွန်းက သုံးသပ်ပြောသည်။

ရွေးကောက်ပွဲပြီးနောက်တွင် တစုံတဦးမှ လာရောက်ခြိမ်းခြောက်မှုမရှိကြောင်း၊ ရလဒ်ဖြင့် ပြောဆိုမှုလည်းမရှိကြောင်း၊ သို့သော် ကျောက်မဲ တချို့ ကျေးရွာ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်ကိစ္စနှင့် ပတ်သက်ပြီး နားလည်မှု လွှဲမှားနေမှုလည်း ဖြစ်နိုင်ကြောင်း ဦးစိုးထွန်းက ထပ်လောင်းပြောသည်။

ကျောက်မဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ နေအိမ်ကို လာရောက်ပစ်ခတ်သည့် ကျည်ဆံထိပ်ဖူးကို တွေ့ရှိကာ ကျောက်မဲမြို့မ ရဲစခန်းက လာရောက်ပစ်ခတ်သည့် အဖွဲ့ကို စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။

ထို သေနတ်လာရောက်ပစ်ခတ်သည့် ကျည်သည် နိုဝင်ဘာ ၁၄ရက် ကျောက်မဲခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကိုယ်စားပြု အနိုင်ရရှိကြောင်း ကြေညာပြီးနောက် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးစိုးထွန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) နောင်ချိုတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနိုင်ရရှိသူ၊ လက်ရှိ ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန် ၏ အကို တော်စပ်သူဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...