Friday, May 3, 2024

သျှမ်းပြည်အစိုးရ အဖွဲ့ဝင်တချို့ ရွေးကောက်ပွဲ ရှုံးနိမ့်

Must read

လက်ရှိ သျှမ်းပြည်အစိုးရ အဖွဲ့ဝင် တာဝန်ထမ်းဆောင်နေသည့် ဝန်ကြီး ၄ပါး နှင့် ပြည်နယ် လွှတ်တော်ဒုဥက္ကဌ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် အစိုးရအဖွဲ့တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်အေးမောင် နှင့် ပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဌ ဦးစဝ်အောင်မြတ်တို့သည် မဲဆန္ဒနယ်အသီးသီးတွင် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

ထိုထဲမှာ ဦးခွန်ရဲထွေး၊ ဦးစိုင်းလုံးကျော်နှင့် ဦးစဝ်အောင်မြတ်တို့သည် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွဲ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး၊ ဦးစိုင်းစွံဆိုင်း နှင့် ဦးခွန်အေးမောင်တို့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article