Wednesday, January 28, 2026

နမ့်စန်ပြည်သူ့စစ်၏ သစ်ပင်တစ်သိန်းစိုက်ပျိုးရေးစီမံကိန်း တောင်သူဦးကြီးများကန့်ကွက်မှု သေနတ်ပစ်ခတ်ခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်အတွင်း ယာမြေနှင့်ပတ်သက်ပြီး လယ်သမားများနှင့် နမ့်စန် အခြေစိုက် “ မကျိုင်း ” ပြည်သူ့စစ်တို့အချေအတင် အငြင်းပွါးကြရာ ပြည်သူ့စစ်မှ သေနတ်ပစ်ခြိမ်းခြောက်မှုများရှိသည် အထိဖြစ်ရ ကြောင်းသိရသည်။

ရွာသားတချို့နှင့် “ မကျိုင်း ” ပြည်သူ့စစ်တို့အချေအတင် အငြင်းပွါးကြစဉ်

သျှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာ အုပ်စု ဆိုင်းငွန်းကျေးရွာနှင့် နမ့်ပွန်း ကျေး ရွာ ကြားရှိ မြေနေရာဧက ၄၀၀ ကျော်တွင်စိုက်ပျိုးရေးလုပ်ရန် ခြုံနွယ်ပေါင်းမြက် ရှင်းလင်း နေသောရွာသားတချို့နှင့် နမ့်စန်မြို့နယ် မကျိုင်းပြည်သူ့စစ်တပ်ဖွဲ့မှ တာဝန်ရှိသူတချို့ကြား မေလ ၁၄ ရက်နေ့ ၁၀ နာရီခန့်က အချေအတင် စကားများ ခဲ့ကြသည်။

ထိုသို့စကားများကြရာမှ ကျေးရွာ ဒုဥက္ကဌ နှင့် အသက် ၁၈နှစ်အရွယ် အမျိုးသားကို ပြည်သူ့စစ်တပ်ဖွဲ့က သေနတ်ပစ်ခတ် ခြိမ်းခြောက်ခဲ့ကြောင်း ဆိုင်းငွန်းကျေးရွာ မှ တောင်သူ ဦးမြင့်အောင် က ပြောသည်။

“ ကျနော်တို့ ရွာက ဒုဥက္ကဌ နဲ့ရွာသားကို ခြေထောက်နဲ့ကန်၊ လက်သီးနဲ့ထိုးတယ်။ ဒုဥက္ကဌကတော့ မူးသွားတယ်။ ဒဏ်ရာတော့ သိပ်မရဘူး။ နောက် ပြီး သေနတ်နဲ့ချိန် လူကို ပစ်တယ်။ သေနတ် ဆယ်ချက်လောက်ပစ်တယ်။ နားရွက်နဲ့ကပ်လွှဲသွားတာ။ နှလုံးရောဂါ ရှိ ရင် သေနိုင်တယ်။ ” ဟု လုံးမြင့်အောင် က ဆိုသည်။

အဆိုပါ ယာမြေသည် ဧက ၄၀၀ ကျော်ရှိပြီး၊ ယင်း လယ်ယာပေါ် ဆိုင်ငွန်းကျေးရွာမှ တောင်သူများ ယခင်က လယ်ယာ စိုက်ပျိုးလုပ်ကိုင်စားသောက်ခဲ့ဖူးကြောင်း ၊ သက်ဆိုင်ရာအာဏာပိုင်များထံ ပုံစံ (၇) လျှောက်ရန် တောင်းဆိုသော်လည်း မြေလွှတ်မြေရိုင်း ဟု ပြောဆိုကာ မပြုလုပ်ပေးခဲ့ကြောင်း ရွာသားများကပြောသည်။

“ ဒီလယ်ပေါ်မှာ ကျနော်တို့တောင်ယာတွေ စပါးခြံတွေ၊ ရွာပိုင်သစ်တောတွေရှိတယ်။ ဘိုးဘွားစဉ်ဆက်ကတည်းက ထိန်းသိမ်းခဲ့တာ။ အခု ကျနော်တို့ လုပ်ပိုင်ခွင့်မရှိတော့ဘူး။ မတ်ကျန်း ပြည်သူ့စစ်ကိုတော့ ပုံစံ(၇) ထုတ်ပေးထားတယ်။ ဒါကြောင့်ကျနော်တို့စိုက်ပျိုးဖို့ ခြုံနွယ်ပေါင်းမြက်တွေလာရှင်းတာ ” ဟု ဆိုင်းငွန်းကျေးရွာ မှ ဒေသခံ တဦးက ထပ်လောင်းပြောသည်။

၄င်းနှင့်ပတ်သက်ပြီး မကျိုင်းပြည်သူ့စစ် ဒုဥက္ကဌ စိုင်းဆိုင်လျန်းက မူ ရွာသားများ လက်ခံဆွေးနွေးခြင်းမရှိသဖြင့် ၂ ဘက်ကြား အချေအတင်စကားများကြကြောင်း သျှမ်းသံတော်ဆင့်အားရှင်းပြသည်။

ဒီမြေမှာသူတို့ဘိုးဘွားခေတ်တုန်းက လုပ်စားဖူးတယ်လို့သူတို့ပြောတယ်။ မြေလွှတ်မြေရိုင်းနေရာကို မြေထိုးစက်နဲ့လာထိုးပြီးရှင်းလင်းတယ်။ ဒီမြေနေရာမှာ သစ်ပင်စိုက်ဖို့အတွက်ကျနော်တို့လည်း ပုံစံ ရ တောင်းထားတယ်လေ။ ဆိုတော့အဲဒီလို ပြသနာရှိနေတုန်းမို့ မြေမရှင်းလင်းသေးနဲ့ ခဏစောင့်ကြည့်ပါဦးလို့ ကျနော်တို့အဖွဲ့က သွားပြောတာကို သူတို့နားမထောင်ဘူး။ ဆွေးနွေးရေးကိုလက်မခံဘူး ။ အုပ်စုလိုက်ကျနော်တို့ဆီကိုပြေးဝင်လာတယ်။ တချို့က ဓါးတွေနဲ့ဆိုတော့ ရပ်တန့်စေဖို့အတွက် ကျနော်တို့သေနတ်ကိုမိုးပေါ် ထောင်ပစ်ပြီး ခြိမ်းခြောက်ရတာဖြစ်ပါတယ်။- ဟု ရှင်းပြသည်။

အဆိုပါမြေလွှတ်မြေရိုင်းနေရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရိပ်ရပင်ပေါင်း ၁ သိန်း စိုက်ပျိုးရန် ပြည်သူ့စစ်တပ်ဖွဲ့ဘက်က စီစဉ်နေကြောင်း ပြောဆိုသည်။

“ကျနော်တို့လာနေတုန်းက ဒီမြေမှာ ဘယ်သူမှ မစိုက်ပျိုးဘူး။ ဒီမြေနဲ့ပတ်သက်ပြီး SNPLO နဲ့လည်း အခင်းဖြစ်ပွါးဖူးတယ်။ အဲ့တုန်းက တောင်သူတွေလည်း တောင်တက်ပြီး တောင်ပေါ်စိုက်ခင်းဘဲလုပ်တယ်။ အခုတောင်ပေါ်မှာအလုပ်မဖြစ်တော့မှ ဒီမြေဟာသူတို့မြေပါဆိုပြီး လာပြောကြတာ ”- ဟုလည်း ပြောသည်။

၄င်းမြေလွှတ်မြေရိုင်းနေရာနှင့်ပတ်သက်ပြီး ဒေသခံလူထုကလည်း သတင်းထောက်များအားဖိတ်ကြားကာ မေလ ၁၀ ရက်နေ့က လွိုင်လင်မြို့တွင်သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ခဲ့သည်။ ဆိုင်းငွန်းကျေးရွာ နေတောင်သူ (၁၉) ဦးပိုင်မြေနေရာဖြစ်ပြီး နှစ်စဉ်တောင်ယာစပါးနှင့် နှမ်းများစိုက် ပျိုးထုတ်လုပ် အသက်မွေးဝမ်း ကျောင်းပြုလျှက်ရှိသည့်မြေဖြစ်ကြောင်း တောင်သူဦးကြီးများကပြောသည်။

အဆိုပါမြေနေရာသည် လွိုင်လင်ခရိုင် ၊ တောင်နောက်ကျေးရွာအုပ်စု ၊ ဆိုင်ငင်းကျေးရွာ အရှေ့ ဘက်် ၊ နမ့်ပွန်းကျေးရွာ ဘုန်းကြီးကျောင်းကုန်းမြေ၏ တောင်ဘက်တွင်တည်ရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွိုင်လင်မြို့နယ် တောင်ကျရေကြောင့် နေအိမ် ၈၀ ကျော် ပျက်စီး၊ ပြန်လည်ထူထောင်ရန် ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျ‌ရေကြောင့် မြေပြို၍ ပျက်စီးသွားသည့် ဒေသခံနေအိမ် (၈၀) ကျော် ပြန်လည်ထူထောင်ရန်အတွက် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်မြို့နယ် ခေါင်းနွဲ့ကျေးရွာအုပ်စုရှိ အိမ်ခတ်ရွာ၊ နောင်နိန်းရွာ၊ ဆဟောင်းရွာ၊ နောင်ဆိုင်ရွာ စသည့် ကျေးရွာများတွင် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း တောင်ကျရေကြောင့် မြေပြို၍...

လွိုင်လင်မြို့ မွေတော်ဆရာတော် ပျံလွန်တော် အကြောင်းပြ လောင်းကစားဝိုင်းဖွင့်

0
သျှမ်းပြည် လွိုင်လင်ခရိုင် လွိုင်လင်မြို့ ရပ်ကွက် ၄ ရှိ မွေတော်ဘုန်းကြီးကျောင်း ဆရာတော် ပျံလွန်တော်မှုသည်ကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် လွိုင်လင်မြို့ မွေတော် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မှုသွားခဲ့ပြီး ဧပြီ ၂၄ ရက်နေ့မှစပြီး လောင်းကစားဝိုင်းကို...

လွိုင်လင်ခရိုင်အတွင်း မြေမြှုပ်မိုင်းကြောင့် တောင်ယာသွားဖို့ ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားနေသည့် ဒေသများတွင် မြေမြှုပ်မိုင်းများရှိနေသည့်အတွက် ပြည်သူများ တောင်ယာသွားရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်ခရိုင်အတွင်းရှိ မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ်၊ ပင်လုံမြို့တွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ဖြစ်ကြသည့် မြောက်ပိုင်းမဟာမိတ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ယမန်နှစ် ၂၀၂၁ ခုနှစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲဖြစ်ပွားပြီးနောက်...

လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီနှင့် SSPP/SSA တို့ နေရာယူ လှုပ်ရှားမှုများ ရှိနေဆဲ

0
သျှမ်းပြည်တောင်ပိုင်း ဆနင်းတောင်ကြာအပါအဝင် လွိုင်လင်ခရိုင် အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် SSPP/SSA တို့ နေရာယူလှုပ်ရှားမှုများရှိနေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်ခရိုင်ထဲတွင် ပင်လုံမြို့၊ လဲချားမြို့နယ်၊ ကျေးသီးမြို့နယ်၊ နမ့်စန်မြို့နယ် နှင့် မိုင်းကိုင်မြို့နယ်တို့ ဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီအင်အားများ နေရာတချို့မှ ဆုတ်ခွာသွားသော်လည်း ၎င်းတို့ တပ်စခန်းနေရာအနီးပတ်ဝန်းကျင်တွင် နေရာယူထားမှုများရှိနေသေးကြောင်း...

လွိုင်လင်ရောက် ကရင်နီ စစ်ရှောင် (၂၀၀)ခန့်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့တွင် ကရင်နီပြည်မှ ထွက်ပြေးလာသည့် စစ်ရှောင် (၂၀၀)ခန့် ရောက်ရှိထားကြောင်း စုံစမ်းသိရှိရသည်။ ထိုစစ်ရှောင်များသည် လွိုင်လင်မြို့ရှိ အာစီ ခရစ်ယာန်ကျောင်းတွင် (၇၀)ဦး၊ နှစ်ခြင်း ခရစ်ယာန် ကျောင်းတွင် (၁၁)ဦး၊ ရပ်ကွက်တွင်းရှိ နေအိမ်တွင် (၁၀၀)ကျော်ခန့်ရှိပြီး ဆွေမျိုး မိတ်ဆွေ နေအိမ်များတွင်လည်း ရှိထားကြောင်း သိရှိရသည်။ “တချို့အိမ်တွေဆို...