Friday, May 3, 2024

လွိုင်လင်မြို့နယ် SNLD ၂ နေရာ အနိုင်ရ

Must read

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် မဲဆန္ဒနယ် ၂ နေရာတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အနိုင်ရရှိသွားကြောင်း စုံစမ်းသိရှိရသည်။

လွိုင်လင်မြို့နယ် အမျိုးသားလွှတ်တော်နေရာတွင် SNLD ပါတီမှ စိုင်းထွန်းအေး (ခေါ်) စိုင်းဝင်းအေး နှင့် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) နေရာတွင် နန်းမြထွေး တို့အနိုင်ရရှိသွားကြောင်း သိရသည်။

“လွိုင်လင်မြို့နယ်တော့ SNLD ပါတီ အနေနဲ့ မဲဆန္ဒနယ် အမှတ်(၂) နဲ့ အမျိုးသားနေရာမှာပဲ အနိုင်ရသွားတယ်။ ပုံစံ (၁၉ ) လည်း ဒီနေ့ လက်မှတ်ထိုးပြီးသွားပါပြီ” မဲဆန္ဒနယ် အမှတ်(၂) နန်းမြထွေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို့ကြောင့် လွိုင်လင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) SNLD မှ အနိုင်ရရှိသွားသော်လည်း လက်ရှိချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ တရားဝင် မကြေညာသေးပေ။

Leave a Comments

- Advertisement -spot_img

Latest article