Tuesday, January 27, 2026

တောင်ကြီးမြို့နယ် ကြိုတင်မဲပေးရာတွင် မိမိသဘောဆန္ဒအရ မပေးခဲ့ရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် တောင်နီကျေးရွာအုပ်စု နေထိုင်သည့် အသက် (၆၀) အထက် ကြိုတင်မဲ ထည့်ရာတွင် မိမိသဘောဆန္ဒအရ မထည့်ခဲ့ရကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်ထိ မနက် ၈ နာရီ မှ ညနေ ၆ နာရီထိ အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများသည် နိုဝင်ဘာ ၈ ရက် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲများပေးနေရပြီ ဖြစ်သည်။

“ တချို့ ကြိုတင်မဲပေးတဲ့ သက်ကြီးရွယ်အိုတွေက သူ့တို့ ဆန္ဒမဟုတ်တဲ့ ပါတီတွေကို မဲပေးလာရတယ်လို့ ပြောလာကြတယ်။ ကြိုတင်မဲပေးတဲ့အချိန်မှာ မဲရုံမှူးတွေကိုယ်တိုင်က ဖိအားပေးတာကြောင့် တခြားပါတီကို မဲပေးနေရတယ်။ အဲ့ဒေသမှာ အားကောင်းတဲ့ ပါတီကို ပဲ မဲထည့်လိုက်ရတယ်။ ဒါက တော့ မဖြစ်သင့်ဘူး” ဟု တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ကိုယ်စားလှယ်လောင်း နန်းယမင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

၎င်းမဲဆန္ဒနယ်တွင် ကြိုတင်မဲပေးနေချိန် ပါတီ အကျီဝတ်ဆင်ခြင်း၊ ပါတီသီချင်းများ ဖွင့်ပြီး မဲဆွယ်ခြင်းများပြုလုပ်နေသည်ကိုတွေ့ရကြောင်းလည်း နန်းယမင်း ကပြောသည်။

“ကြိုတင်မဲပေးတဲ့ချိန်မှာ မဲရုံအနားမှာ ပါတီ အကျီမဝတ်ရဘူး ပါတီ သီချင်းတွေမဖွင့်ရဘူးလို့ ဆိုသော်ညားလည်း ပါတီသီချင်းတွေ မဲဆွယ်တာ ပါတီအကျီဝတ်ပြီး မဲတွေ ကောက်တာတွေကျမတို့ တွေ့ရတယ်။ အဲ့လို ကိစ္စရပ်တွေ ကျမတို့ဆီမှာ ရှိနေပါတယ်။” ဟု နန်းယမင်း ကပြောသည်။

တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီစုစုပေါင်း (၁၃) ပါတီ ရှိကြောင်း သိရသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို ထောက်ခံအားပေးသည့် မဲဆန္ဒရှင် ပြည်သူတစ်ချို့ ပြည်မ ပါတီမှ ခြိမ်းခြောက်ခြင်း ခံရကြောင်း သိရသည်။

သျှမ်းပြည်တွင်ကြိုတင်မဲများထည့်ရာတွင် မိမိသဘောဆန္ဒအရ မထည့်ရဘဲ တဦးတယောက်၏ အမိန့်ဖြင့်သာထည့် နေရကြောင်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

“လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာထုတ် ညွှန်ကြားထားတာရှိတယ်”

0
စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများက တင်ပြတောင်းဆိုခဲ့ကြသည်။  ကြိုတင်မဲနှင့် ပတ်သက်ပြီး လာမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် ပါတီများ၏ တင်ပြချက်အရ ကြိုတင်မဲကောက်ယူရာတွင် ပါတီကိုယ်စားလှယ်များ လိုက်ပါနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲမရှင် (UEC) ဘက်က...

ပင်းတယ တက္ကသိုလ်ကျောင်းတက်သူများ ကြိုတင်မဲမထည့်လျှင် စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့တွင် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးတို့က တက္ကသိုလ်ကျောင်းသားများ မဲမထည့်လျှင် စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ပြီး ကြိုတင်မဲ ထည့်ခိုင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၆) ရက်တွင် တက္ကသိုလ်ကျောင်းတက်နေသူများ၊ မသန်စွမ်းများ၊ ကျန်းမာရေးမကောင်းသူများ နှင့် သက်ကြီးရွယ်အိုများကို စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများက မဖြစ်မနေမဲထည့်ကြရန်...

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...

လွိုင်ကော်မြို့တွင် ကြိုတင်မဲကောက်ယူနေပြီး မဲမထည့်လျှင် လုံခြုံရေးအာမ,မခံကြောင်း ခြိမ်းခြောက်

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ ကောက်ယူနေပြီး မဲစာရင်းပါသည့်အတိုင်း မဲမထည့်သူများကို လုံခြုံရေး အာမ,မခံကြောင်း ခြိမ်းခြောက်မှုများပါ ရှိနေသည်ဟု စုံစမ်းသိရသည်။ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းတွင် လွိုင်ကော်မြို့ ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံများထံမှ...