တောင်ကြီးမြို့နယ် ကြိုတင်မဲပေးရာတွင် မိမိသဘောဆန္ဒအရ မပေးခဲ့ရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် တောင်နီကျေးရွာအုပ်စု နေထိုင်သည့် အသက် (၆၀) အထက် ကြိုတင်မဲ ထည့်ရာတွင် မိမိသဘောဆန္ဒအရ မထည့်ခဲ့ရကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်ထိ မနက် ၈ နာရီ မှ ညနေ ၆ နာရီထိ အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများသည် နိုဝင်ဘာ ၈ ရက် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲများပေးနေရပြီ ဖြစ်သည်။

“ တချို့ ကြိုတင်မဲပေးတဲ့ သက်ကြီးရွယ်အိုတွေက သူ့တို့ ဆန္ဒမဟုတ်တဲ့ ပါတီတွေကို မဲပေးလာရတယ်လို့ ပြောလာကြတယ်။ ကြိုတင်မဲပေးတဲ့အချိန်မှာ မဲရုံမှူးတွေကိုယ်တိုင်က ဖိအားပေးတာကြောင့် တခြားပါတီကို မဲပေးနေရတယ်။ အဲ့ဒေသမှာ အားကောင်းတဲ့ ပါတီကို ပဲ မဲထည့်လိုက်ရတယ်။ ဒါက တော့ မဖြစ်သင့်ဘူး” ဟု တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ကိုယ်စားလှယ်လောင်း နန်းယမင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

၎င်းမဲဆန္ဒနယ်တွင် ကြိုတင်မဲပေးနေချိန် ပါတီ အကျီဝတ်ဆင်ခြင်း၊ ပါတီသီချင်းများ ဖွင့်ပြီး မဲဆွယ်ခြင်းများပြုလုပ်နေသည်ကိုတွေ့ရကြောင်းလည်း နန်းယမင်း ကပြောသည်။

“ကြိုတင်မဲပေးတဲ့ချိန်မှာ မဲရုံအနားမှာ ပါတီ အကျီမဝတ်ရဘူး ပါတီ သီချင်းတွေမဖွင့်ရဘူးလို့ ဆိုသော်ညားလည်း ပါတီသီချင်းတွေ မဲဆွယ်တာ ပါတီအကျီဝတ်ပြီး မဲတွေ ကောက်တာတွေကျမတို့ တွေ့ရတယ်။ အဲ့လို ကိစ္စရပ်တွေ ကျမတို့ဆီမှာ ရှိနေပါတယ်။” ဟု နန်းယမင်း ကပြောသည်။

တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီစုစုပေါင်း (၁၃) ပါတီ ရှိကြောင်း သိရသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို ထောက်ခံအားပေးသည့် မဲဆန္ဒရှင် ပြည်သူတစ်ချို့ ပြည်မ ပါတီမှ ခြိမ်းခြောက်ခြင်း ခံရကြောင်း သိရသည်။

သျှမ်းပြည်တွင်ကြိုတင်မဲများထည့်ရာတွင် မိမိသဘောဆန္ဒအရ မထည့်ရဘဲ တဦးတယောက်၏ အမိန့်ဖြင့်သာထည့် နေရကြောင်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

အေးသာယာတွင် စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကြေးနှစ်ထပ်ကောက်ခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်တွင် စစ်မှုထမ်းဥပဒေအတွက်ဟုဆိုကာ ငွေကြေးကော်ခံရာ၌ အိမ်ထောင်ခွဲသွားသူများကို နှစ်နေရာခွဲ၍ ငွေတောင်းခံနေသဖြင့် ဒေသခံများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ အေးသယာမြို့ရှိ ရပ်ကွက်အချို့တွင် အိမ်ထောင်စုရင်းဝင် သားသမီးများ အိမ်ထောင်ခွဲသွားသော်လည်း မူလမိဘနေအိမ်တွင် တစ်ကြိမ်၊ အိမ်ထောင်ကျရာ ရပ်ကွက်/ ကျေးရွာတွင် တစ်ကြိမ် စုစုပေါင်း နှစ်နေရာအတွက်...
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...