Wednesday, January 28, 2026

တောင်ကြီးမြို့နယ် အတွင်း မိန်းကလေးငယ် သုံးထောင်ကျော်အား(HPV) ကာကွယ်ဆေးထိုးပေး

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် အသက် (၉)နှစ် မှ (၁၀)နှစ် အရွယ် မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါမှ ကာကွယ်စေရန်အတွက် (HPV) ကာကွယ်ဆေးထိုး ပေးရန် မြို့နယ်ပြည် သူ့ကျန်းမာရေး ဦးစီးဌာနမှ အောက်တိုဘာလ (၂၀) ရက်နေ့ က ဆောင်ရွက်ခဲ့ကြောင်းသိရသည် ။

“ ဒီသားအိမ်ခေါင်းရောဂါဖြစ်ပြီးရင် ကင်ဆာ အဆင့်ကိုပြောင်းသွားရင် ကုသဖို့ရန်အတွက် ခဲယဉ်းသွားပြီ သေဆုံးမှုတွေလဲမြင့်တယ် သားအိမ်ခေါင်းရောဂါမဖြစ်အောင် ခုလို ကာကွယ်ဆေးထိုးခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ် ဒီကာကွယ်ဆေးက အင်မတန် မှဈေးကြီးပါတယ် ဒါကြောင့် ဒီအသက် (၉)နှစ်နဲ့(၁၀) အရွယ် မိန်းကလေးတွေ ထိုး သင့်ပါတယ်လို့ပြောချင်ပါတယ် ” တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး ဒေါက်တာမိုးထွန်း ကပြောသည် ။

(HPV) ကာကွယ်ဆေးကို အသက် (၉)နှစ်နှင့် (၁၀)နှစ်အရွယ်မိန်းကလေးငယ်များ အား ထိုးပေးရခြင်းမှာ ၎င်းအရွယ် တွင်ခုခံအား အမြင့် မားဆုံး ရောက်ရှိသည့် အရွယ်ဖြစ် သောကြောင့် ကာကွယ်မှုကို အစောဆုံးရရှိနိုင်သည့် အတွက် အသက်ပိုင်းခြားပြီး ထိုးပေး ရခြင်းဖြစ် သည် ဟု ဒေါက်တာမိုးထွန်း ကရှင်းပြသည် ။

(HPV) ကာကွယ်ဆေးကို တောင်ကြီးမြို့နယ် အနေနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မိန်းကလေးငယ်ပေါင်း ၃၅၀၅ ဦး အား ထိုးပေးမည် ဖြစ်သည်။

တောင်ကြီးမြို့နယ်တွင် ကျန်းမာရေးဌာနအနေနှင့် ၁၀ ခု ၊ ဌာနခွဲအနေနှင့် ၂၃ ခုရှိပြီး ကာကွယ်ဆေးထိုးစုရပ်အ နေနှင့် နေ့အလိုက်အလိုက် ထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝှမ်းတွင်း အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ် များဆုံး ကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ များတွင်နေထိုင်သော အမျိုးသမီးများ တွင် ဒုတိယမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါ အားလုံးအနက်(၇၀)ရာခိုင်နှုန်း သည် (HPV) ပိုးအမျိုးအစား နှစ်မျိုးဖြစ်သော အမျိုးအစား (၁၆) နှင့် (၁၈) ကူးစက်ခံ ရခြင်းကြောင့်ဖြစ်ကြောင်းသိရသည် ။

၂၀၁၈ ခုနှစ် စာရင်းများအရ သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် နှစ်စဉ် အမျိုးသမီး (၅၆၉,၈၄၇) ဦးဖြစ်ပွားပြီး သေဆုံးသူ (၃၁၁,၃၆၅)ဦး ရှိသည် ။ အဆိုပါသေဆုံး သူများ၏ ၈၅ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသောနိုင်ငံများမှ ဖြစ်သည် ။

၂၀၁၈ ခုနှစ် အတွက် ကမ္ဘာတစ်ဝှမ်းလုံး အသက်အလိုက်တွက်ချက်ထားသော နှစ်စဉ် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်းတွင် (၁၃.၁) ရှိပြီး သေဆုံးနှုန်းမှာ (၆.၉) ဖြစ်ပြီး ဖွံ့ဖြိုးမှုနည်းသော ဒေသများတွင် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းအမြင့်မားဆုံးဖြစ်သည် ဟု သိရသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့်...

အေးသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက် လူငယ်ကို အစားထိုးခေါ်ထည့်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက်သည့် လူငယ်ကို လူစားထိုးခေါ်ထည့် နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၁၅)အတွက် အေးသာယာတွင် မဲနှိုက် နယ်မြေ (၈) (က) ရပ်ကွက်တွင် သုံးဦးမဲပေါက်ပြီး...

တောင်ကြီးမြို့နယ် ကျောက်နီအုပ်စုတွင် ကျေးရွာပိုင်စားကျက်မြေများကို စစ်တပ်သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာအုပ်စုရှိ ကျေးရွာပိုင် စားကျက်မြေများကို စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ သိမ်းဆည်းခံရသည့် စားကျက်မြေများသည် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ၊ ရေပူကျေးရွာနှင့် သရက်ပင်လှကျေးရွာ စသည့် ကျေးရွာများမှ ပိုင်ဆိုင်သည့် စားကျက်မြေများ ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ခြင်းကြောင့်...

တောင်ကြီးခရိုင် စစ်ကောင်စီမှခေါ်ဆောင်ခံရသည့် စစ်မှုထမ်းလူငယ်များ ရှေ့တန်းတွင်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် အတွက် ခေါ်ဆောင်ခံရသည့် လူငယ်များ ရှေ့တန်းတွင် သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ထိုသူများသည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များမှ စစ်မှုထမ်း အပတ်စဉ် (၅) နှင့် (၆) အတွက် စစ်မှုထမ်းခေါ်ဆောင်ခံသွားရသည့် လူငယ်များဖြစ်ကြသည်။ ဇန်နဝါရီလ (၅) ရက်မှ (၁၀)...