Tuesday, January 27, 2026

ကုန်စည်စီးဆင်းမှုရပ်မတန့်စေရန် ကားသမားများကို ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်မည်

သျှမ်းပြည်တွင်းရှိ ကုန်စည်စီးဆင်းမှု ရပ်တန့်မသွားစေရန်အတွက် ကုန်တင်ယာဉ်မောင်း နှင့် နောက်လိုက်များကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သျှမ်းပြည်အစိုးရထံမှ စုံစမ်းသိရှိရသည်။

Photo by Eagle White/Facebook

သျှမ်းပြည်အတွင်းမှ ကုန်တင်ယာဉ်များ အခြားတိုင်းဒေသကြီး/ပြည်နယ် များသို့ ထွက်ခွာခွင့်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်ထိ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သျှမ်းပြည်အစိုးရက ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စ နှင့် ပတ်သက်ပြီး ယနေ့ စက်တင်ဘာ (၂) ရက်နေ့တွင် သျှမ်းပြည်တွင်းရှိ မိတ္တီလာ-တောင်ကြီး ပြည်ထောင်စု လမ်းမပေါ်တွင် ဝင်လာမည့် ကုန်တင်ကား ၁၀၀ ကျော် ပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။

ထိုပြဿနာနှင့်ပတ်သက်ပြီး ပြည်ထောင်စု ဝန်ကြီး ကို တင်ပြခဲ့ပြီး ဝန်ကြီး၏ ညွှန်ကြားချက် အရ ကုန်တင်ကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ကျန်းမာရေး စစ်ဆေးမှုကို ကိုးရီးယား နိုင်ငံထုတ် MoHS အသိအမှတ်ပြု rapid test kits များနှင့် စ်စဆေးပြီး ကုန်စည် စီဆင်းမှု ရပ်တန့်မသွားအောင် ဆောင်ရွက်သွားမည် ဟု သျှမ်းပြည် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်း နှင့် ဘဏ္ဍရေး ဝန်ကြီး ဦးစိုးညွှန့်လွင် က ၎င်း၏ လူမှုကွန်ရက်မှာ ရေးသားခဲ့သည်။

“ Test kit ကို အောက်တိုဘာ (၁) ရက်မှာ ပေးပို့လာပြီ” ဟု ဦးစိုးညွှန့်လွင် က ရေးသားထားသည်။

Rapid test kit သည် ကိုဗစ် -၁၉ ပိုး ရှိ/မရှိ စစ်ဆေးမှုကို လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စတင်အသုံးပြု ဆောင်ရွက်နေပြီဖြစ်ပြီး နာရီဝက်အတွင်း အဖြေရရှိနိုင်သည်ဟု သိရသည်။

စက်တင်ဘာ ၂၉ ရက်နေ့က မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ကား သမားတစ်ဦးထံ ကိုဗစ်-၁၉ တွေ့ရှိပြီးနောက် ယခုကဲ့သို့ တင်းကြပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်အတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်တင်ယာဉ်များ ဖြတ်သန်းဝင်ရောက်ပါက ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန က (၂) ပတ်အတွင်း ထုန်ပေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း (Negative) ထောက်ခံချက် ပါရှိမှသာ ဝင်ရောက်ဖြတ်သန်းခွင့်ပြု မည်ဖြစ်ကြောင်း သျှမ်းပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။

သျှမ်းပြည်နယ် တစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း ၂၉ ဦးရှိပြီး သျှမ်းပြည်တောင်းပိုင်းမှာ အတည်ပြု လူနာ ၁၈ ဦးရှိကာ လက်ရှိ ဆေးကုသမှု ခံယူနေသည့် အတည်ပြု လူနာ (၆) ဦးရှိထားကြောင်း သျှမ်းပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို ကပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာ စုစုပေါင်း (၁၄၃၈၃)ဦး ထိမြင့်တက်လာပြီး၊ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ (၃၂၁)ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လူသုံးကုန်ပစ္စည်း တင်ဆောင်ခွင့်ပိတ်ပြီးနောက် ကားသမားများ အလုပ်အကိုင် ကြပ်တည်းလား

0
စစ်ကော်မရှင်တပ်မှ လူသုံးကုန်ပစ္စည်းများ တင်သွင်းခွင့် လက်ဆက် ပိတ်ပင်ထားခြင်းကြောင့် သျှမ်းပြည် အ‌ရှေ့ပိုင်းနှင့် တောင်ပိုင်းသို့ သွားလာနေသည့် ကားသမားများ အလုပ်အကိုင် ကြပ်တည်းမှု ကြုံတွေ့လာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီ၏ လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်၊...

ကျေးသီးမြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် စစ်ဆေးတင်းကြပ်ပြီး ငွေညှစ်နေ

0
သျှမ်းပြည် ကျေးသီးမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်၍ ငွေညှစ် တောင်းခံနေကြောင်း သတင်းရရှိသည်။ ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၈၆) စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသည့် ကားသမားနှင့် ခရီးသွား ပြည်သူများကို စစ်ဆေးမှု တင်းကြပ်၍ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ကားသမားတစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို...

မူဆယ်-တောင်ကြီး ကားသမားများအပေါ် ကားဂိတ်အချို့က အမြတ်ထုတ်မှုရှိနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှ တောင်ကြီးမြို့သို့ ပြေးဆွဲနေသော ခရီးသည်တင်ကားငယ်များအပေါ် ကားဂိတ်အချို့က ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် မူဆယ်-တောင်ကြီးကားခသည် သုံးသိန်းခွဲဝန်းကျင်ပေါက်ဈေးရှိနေပြီး အချို့ကားဂိတ်များမှ ကားသမားများအား ငွေအပြည့်ပေးချေမှုမရှိခြင်းဘဲ ငွေကျပ် ၂ သိန်းခန့် သာပြန်လည်ပေးချေသောကြောင့် ကားသမားများနှင့် ခရီးသည်များနစ်နာမှုများရှိလာကြောင်း မူဆယ်မြို့မှ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ခုအခြေအနေအရ ကားခ...

မူဆယ် – လားရှိုး တောတွင်း ရှောင်ကွင်းလမ်းကြမ်းတမ်း ကားသမားများအခက်ကြုံနေ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ် - လားရှိုးသို့ သွားသည့် တောတွင်း ရှောင်ကွင်းလမ်းတွင် မိုးရွာသွန်းမှုကြောင့် လမ်းများကြမ်းတမ်းနေပြီး၊ ဂိတ်ကြေးများအဆမတန်ကောက်ယူမှုကြောင့် ကားသမားများ အခက်ကြုံ နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မြောက်ပိုင်း မိုးဦးရာသီမှ စ၍ မူဆယ် - လားရှိုးသို့ သွားသည့် တောလမ်းတွင် မိုးရွာတွင်းမှုကြောင့်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...