Tuesday, January 27, 2026

တာချီလိတ်-မယ်ဆိုင် နယ်စပ်ကုန်သွယ်ရေး ညှိနှိုင်းမှု အဆင်ပြေခဲ့

မြန်မာ – ထိုင်း ချစ်ကြည်ရေး တံတား အမှတ် (၂) ဖြတ်သန်းခွင့်နှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ညှိနှိုင်းမှု အဆင်ပြေခဲ့ကြောင်း သတင်းရရှိသည်။

Photo by Chan Myae Saw/ facebook

စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ နှစ်နိုင်ငံ တာဝန်ရှိ ပုဂ္ဂိုလ်များ ဆွေးနွေးချက်အရ နယ်စပ်ကုန်သွယ်ရေးအတွက် ကုန်ကားများကို တစ်နေ့ ၁၆၈ စီး ကုန်ပို့ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း သဘောတူညီချက်ရရှိခဲ့ပြီး ထုတ်ပြန်ထားပေမယ့် ထိုင်းဘက်ခြမ်းက တာဝန်ရှိသူတွေမှ မြန်မာနံပတ် တပ်ဆင်ထားသည့် မော်တော်ယာဉ်များကို တစ်ရက် ၆ စီးသာ သွားလာခွင့်ပြုခဲ့သည်။

ထို ထိုင်းဘက်က တဖက်သတ်ကန့်သတ်မှုများ ကြောင့် နှစ်နိုင်ငံကုန်သွယ်ရေး ခေတ္တ နှောင်နှေးခဲ့ကြောင်း သိရသည်။

Photo by Chan Myae Saw/ facebook

ထိုကိစ္စနှင့် ပတ်သက်ပြီး ယနေ့ စက်တင်ဘာ (၂၈) ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ 1G18 ဟိုတယ်တွင် ပြုလုပ်သည့် မယ်ဆိုင်ဘက်ကမှ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် တာချီလိတ်ဘက်က သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ ဆွေးနွေးပြီး ဆုံးဖြတ်ချက် (၅) ချက်ရခဲ့တယ်။ကားတွေ အကန့်အသတ်မရှိဘဲနဲ့ ပုံမှန်အတိုင်း ပြန်ပြေးဆွဲမယ်။မြန်မာ နံပတ်နဲ့ ကား အရင်တုန်းက ၆ စီးပဲ ခွင့်ပြုတယ်။ မြန်မာနံပတ်နဲ့ မှန်လုံ တင်ယာဉ် ဆိုလို့ရှိရင် ကြိုက်သလောက်လာပြီး မှတ်ပုံတင်ဖြတ်သန်းလို့ရတာပေါ့နော်” ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို့ပြင် မြန်မာနိုင်ငံဘက်မှ ကားများ မယ်ဆိုင်ဘက်သို့ ဝင်ပါက စလစ်ကြေး ကောက်ခံမှု နှင့် ဘတ် တစ်သောင်းခွဲ ပေးဆောင်ရမည်ဖြစ်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“စလစ်က တစ်သောင်းခွဲ ဖြစ်သွားပြီ၊အရင်က သုံးသောင်း လေးသောင်း ကောက်တာပေါ့ အဲ့ တစ်သောင်းခွဲကိုလည်း ထပ်ပြီး လျော့ချပေးပါလို့ ဆွေးနွေးထားပါတယ်” ဟု ဦးချမ်းမြေ့စော က ပြောသည်။

ထို့ အပြင် ကားများကို ရက်လွန်ဒဏ်ကြေး မကောက်ရန် နှင့် ပုံမှန်သွားနေကျ ကုန်တင်ကားကြီးသည် ၂ ရာခိုင်နှုန်း အကောက်ခွန် ဆောင်ပြီး ပုံမှန်အတိုင်း ဆက်လက်သွားလာနိုင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

“ရက်လွန် ဒဏ်ကြေးတွေပေါ့။ ကားတွေလည်း တစ်ချို့ဆို မချိန်မှီပြန်မသွားနိုင်လို့ ရက်လွန်ဒဏ်ကြေးတွေရှိတယ်။ အဲ့ဒါတွေ လုံးဝ မကောက်ဖို့ အဲ့လို ဆုံးဖြတ်ထားပါတယ်။ ပုံမှန်သွားနေကျ ကုန်တင်ကားကြီးသည် ၂ ရာခိုင်နှုန်း အကောက်ခွန် ဆောင်ပြီး ပုံမှန်အတိုင်း ဆက်လက်သွားလာနိုင်ကြောင်း” ဟု ဦးချမ်းမြေ့စော ကပြောသည်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း၊ သေဆုံးနှုန်းသည် တစ်နေ့တခြား အရှိန်မြင့်တိုးလာသည့်အတွက် ထိုင်းနိုင်ငံ ဘက်မှ ကိုဗစ်-၁၉ ကာကွယ် တားဆီးသည့် အနေဖြင့် မြန်မာပြည်ဘက်မှ ကားများကို ကန့်သတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် မြန်မာ ဘက်မှ မညီမျှမှုကြောင့် ထိုင်းဘက်မှလည်း ကား၆စီးသာ ပြန်လည်ဝင်ခိုင်းသဖြင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်း၊ စက်သုံးဆီကားများလည်း ရက်တပတ်ခန့်စောင့်ဆိုင်းခဲ့ရကြောင်းသိရသည်။

မြန်မာနိုင်ငံ ကို တင်သွင်းသည် ထိုင်းနိုင်ငံ ထုတ် ပစ္စည်းများမှာ စားသောက်ကုန် ၊လောင်စာဆီ၊ အရက်၊ ဘိလပ်မြေ နှင့် သံမဏီ ထုတ်ကုန်တို့ ဖြစ်သည်။

ထိုကြောင့် ၂၀၁၉ အောက်တိုဘာ မှ ၂၀၂၀ သြဂုတ်လ အထိ ထိုင်း-မြန်မာ မယ်ဆိုင် နယ်စပ် ကုန်သွယ်ရေး ၏ တန်ဖိုး ဘတ်ငွေ ၁၂.၂ ဘီလီယံ ဝင်ငွေရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

ရက်ပေါင်း ၂၀ ကျော် စစ်ကောင်စီ ပိတ်ထားသည့် မိုင်းနောင် – လဲချား ကားလမ်းပိုင်း ယနေ့ ထိ မဖွင့်သေး

0
သျှမ်းပြည် လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီ ပိတ်ထားသည့် မိုင်းနောင် - လဲချားကို ဆက်သွယ်ထားသည့် လမ်းပိုင်းသည် ယနေ့အထိ မဖွင့်နိုင်သေးကြောင်း ဒေသခံများထံမှ သတင်းသိရသည်။ . စစ်ကောင်စီ လက်အောက်ခံ မိုင်းနောင် အခြေစိုက် စကခ ၂ မှ ပိတ်ထားသည့် မိုင်းနောင် - လဲချားလမ်း ယနေ့...