တောင်ကြီးမြို့နယ် SNLD ဆိုင်းဘုတ် ဖျက်ဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် သံတဲတိုက်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကျားခေါင်းပါတီ ဆိုင်းဘုတ်ဖျက်ဆီးခံရကြောင်း စုံစမ်းသိရှိရသည်။

SNLD ဆိုင်းဘုတ်အား စက်တင်ဘာ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း၊ ညတွင်းချင်း လိုက်လံစုံစမ်းရာ တရားခံ ရှာတွေ့ ခဲ့ကြောင်း တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် တွဲဘက်အတွင်းရေးမှူး စိုင်းခမ်းသီ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“တိုက်နယ်မှာက ၁၁ ရွာရှိတယ်။ အဲ့ ၁၁ ရွာထဲက ကုံးမုံ့ရွာဆိုတာ ရှိတယ်။ အဲ့ ကုံးမုံ့ရွာက ကောင်လေးတွေပါ။ ဒီမနက်တော့ အိမ်ကို လာတောင်းပန်တယ်။ ၅ ဦး လာလုပ်သွားတယ်။ ရည်ရွယ်ချက် နဲ့ လုပ်တာ မဟုတ်ဘဲ အရက်မူးပြီးတော့ ဒီတိုင်းလုပ်မိသွားတယ်လို့ပဲ ဖြေပါတယ်” ဟု စိုင်းခမ်းသီ က ပြောသည်။

တောင်ကြီးမြို့နယ်တွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ ကိုယ်စားလှယ်လောင်း ၅ ဦး၏ ဆိုင်းဘုတ်တည်ထောင်ထားရာ ကိုယ်စားလှယ်လောင်း တစ်ဦး၏ ပုံရိပ်ကို ခဲဖြင့်ပေါက်ထားကြောင်း သိရသည်။

“တမင်တကာ ရည်ရွယ်ပြီးမှ လုပ်တယ်လို့တော့ ကျနော်တို့က ထင်ပါတယ်။ တဦးတယောက် က ခိုင်းစေမှုနဲ့ ဖြစ်တယ်လို့ ယူဆပါတယ်” ဟု စိုင်းခမ်းသီ ကပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ကို တိုင်ကြားသွားမည် ဟု စိုင်းခမ်းသီ က ပြောသည်။

“ဒီလိုမဖြစ်အောင်တော့ အားလုံးက ဝိုင်းဝန်းပြီးတော့ တားဆီးသင့်တာပေါ့။ မြို့နယ် ဂုဏ်သိက္ခာတွေလည်း ကျဆင်းတယ်။ တိုက်နယ်က ဂုဏ်သိက္ခာလည်း ကျဆင်းတယ်။ ဒီလိုမဖြစ်အောင်လည်း ဝိုင်းဝန်းပြီးတော့ လုပ်စေချင်ပါတယ်” ဟုလည်း စိုင်းခမ်းသီ က ဖြည့်စွက်ပြောသည်။

တောင်ကြီးမြို့နယ် သံတဲတိုက်နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ၊ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ နှင့် ပအိုဝ်းအမျိုးသားပါတီ တို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

အေးသာယာတွင် စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကြေးနှစ်ထပ်ကောက်ခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်တွင် စစ်မှုထမ်းဥပဒေအတွက်ဟုဆိုကာ ငွေကြေးကော်ခံရာ၌ အိမ်ထောင်ခွဲသွားသူများကို နှစ်နေရာခွဲ၍ ငွေတောင်းခံနေသဖြင့် ဒေသခံများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ အေးသယာမြို့ရှိ ရပ်ကွက်အချို့တွင် အိမ်ထောင်စုရင်းဝင် သားသမီးများ အိမ်ထောင်ခွဲသွားသော်လည်း မူလမိဘနေအိမ်တွင် တစ်ကြိမ်၊ အိမ်ထောင်ကျရာ ရပ်ကွက်/ ကျေးရွာတွင် တစ်ကြိမ် စုစုပေါင်း နှစ်နေရာအတွက်...

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့်...