Tuesday, January 27, 2026

တောင်ကြီးမြို့နယ် SNLD ဆိုင်းဘုတ် ဖျက်ဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် သံတဲတိုက်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကျားခေါင်းပါတီ ဆိုင်းဘုတ်ဖျက်ဆီးခံရကြောင်း စုံစမ်းသိရှိရသည်။

SNLD ဆိုင်းဘုတ်အား စက်တင်ဘာ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း၊ ညတွင်းချင်း လိုက်လံစုံစမ်းရာ တရားခံ ရှာတွေ့ ခဲ့ကြောင်း တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် တွဲဘက်အတွင်းရေးမှူး စိုင်းခမ်းသီ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“တိုက်နယ်မှာက ၁၁ ရွာရှိတယ်။ အဲ့ ၁၁ ရွာထဲက ကုံးမုံ့ရွာဆိုတာ ရှိတယ်။ အဲ့ ကုံးမုံ့ရွာက ကောင်လေးတွေပါ။ ဒီမနက်တော့ အိမ်ကို လာတောင်းပန်တယ်။ ၅ ဦး လာလုပ်သွားတယ်။ ရည်ရွယ်ချက် နဲ့ လုပ်တာ မဟုတ်ဘဲ အရက်မူးပြီးတော့ ဒီတိုင်းလုပ်မိသွားတယ်လို့ပဲ ဖြေပါတယ်” ဟု စိုင်းခမ်းသီ က ပြောသည်။

တောင်ကြီးမြို့နယ်တွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ ကိုယ်စားလှယ်လောင်း ၅ ဦး၏ ဆိုင်းဘုတ်တည်ထောင်ထားရာ ကိုယ်စားလှယ်လောင်း တစ်ဦး၏ ပုံရိပ်ကို ခဲဖြင့်ပေါက်ထားကြောင်း သိရသည်။

“တမင်တကာ ရည်ရွယ်ပြီးမှ လုပ်တယ်လို့တော့ ကျနော်တို့က ထင်ပါတယ်။ တဦးတယောက် က ခိုင်းစေမှုနဲ့ ဖြစ်တယ်လို့ ယူဆပါတယ်” ဟု စိုင်းခမ်းသီ ကပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ကို တိုင်ကြားသွားမည် ဟု စိုင်းခမ်းသီ က ပြောသည်။

“ဒီလိုမဖြစ်အောင်တော့ အားလုံးက ဝိုင်းဝန်းပြီးတော့ တားဆီးသင့်တာပေါ့။ မြို့နယ် ဂုဏ်သိက္ခာတွေလည်း ကျဆင်းတယ်။ တိုက်နယ်က ဂုဏ်သိက္ခာလည်း ကျဆင်းတယ်။ ဒီလိုမဖြစ်အောင်လည်း ဝိုင်းဝန်းပြီးတော့ လုပ်စေချင်ပါတယ်” ဟုလည်း စိုင်းခမ်းသီ က ဖြည့်စွက်ပြောသည်။

တောင်ကြီးမြို့နယ် သံတဲတိုက်နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ၊ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ နှင့် ပအိုဝ်းအမျိုးသားပါတီ တို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

အေးသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက် လူငယ်ကို အစားထိုးခေါ်ထည့်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက်သည့် လူငယ်ကို လူစားထိုးခေါ်ထည့် နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၁၅)အတွက် အေးသာယာတွင် မဲနှိုက် နယ်မြေ (၈) (က) ရပ်ကွက်တွင် သုံးဦးမဲပေါက်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။