တာချီလိတ်ကုန်ဈေးနှုန်းများ ကို စောင့်ကြည့်နေရ

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးဂိတ်များ အပြန်အလှန် ကန့်သတ်လိုက်သည့်အတွက် တာချီလိတ်တွင် ကုန်ဈေးနှုန်းများ ကို စောင့်ကြည့်နေရသည့် အခြေအနေ ဖြစ်နေကြောင်း စုံစမ်းရသည်။

Photo by Chit Ko / Facebook

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မြင့်တက်လာသည့်အတွက် မြန်မာ-ထိုင်း နယ်စပ် ဖြတ်သန်းရန် အတွက် တရက်လျှင် ကားအစီးရေ (၆)စီးသာ ဖြတ်သန်းခွင့်ပြုတော့မည် ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဒီနေ့ကနေစပြီး နယ်စပ် ဖြတ်သန်းခွင့် (၆)စီးသာ သွားလာခွင့်ပြုတယ်။ သွားလာမှုကြောင့် ကုန်စည်ဈေးနှုန်း တက်၊ကျ ကိုတော့ ကျနော်တို့ စောင့်ကြည့်နေရတဲ့အခြေအနေပါ” ဟု ဦးချမ်းမြေ့စော က ပြောသည်။

စက်တင်ဘာ ၁၅ရက် တွင် ထိုင်းနိုင်ငံ အာဏာပိုင်များမှ ကားအစီးရေ (၁၆၈) စီး နယ်စပ်ဖြတ်သန်းခွင့်ပြုခဲ့ပြီး မြန်မာနံပတ်ဖြင့် ဖြတ်သန်းခွင့် (၆)စီးသာပေးခဲ့ကြောင်း ဦးချမ်းမြေ့စော က ပြောသည်။

“ထိုင်းကထုတ်ပြန်ထားတာက (၁၆၈) စီး မှာ မြန်မာနံပါတ်နဲကားက (၆) စီးဘဲရတယ်။ သူတို့ဖက်က ညီမျှမှုမရှိဘူး။ ကျနော်တို့ကလည်း ထိုင်းကနေပြီးတော့ (၆) စီးဘဲလက်ခံတော့တယ်။ ကိုဗစ် ၁၉ ကိုကာကွယ်ပြီးသွားတာလဲ ဖြစ်တယ်” ဟု ဦးချမ်းမြေ့စော ထပ်လောင်းပြောသည်။

Photo by Chit Ko/Facebook

ထို့ကြောင့် ယနေ့ မြန်မာ-ထိုင်းနယ်စပ် အမှတ် (၂) တံတား တွင် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ဝင်မည့် ဆီဘောက်ချာကားများ၊ ကုန်ကားများ စွာ ရပ်တန်းပြီး မြန်မာပြည်ကို ဝင်ရန် စောင့်ဆိုင်းနေကြောင်း သိရသည်။

“ ဒီနေ့မှဘဲ စပြီးလုပ်နေတာဆိုတော့ သေချာတော့ပြောလို့မရဘူး။ အခြေခံ စားသောက်ကုန်တော့ ပျက်လက်သွားတာတော့မရှိဘူး။ ထိုင်းကနေ တင်သွင်းတာက အသားစိမ်း၊ မုန့်၊ အချိုရည် တွေဘဲရှိတယ်။ ဒါပေ့မဲ့ ကုန်ဈေးနှုန်းကိုတော့ စောင့်ကြည်နေရတယ်” ဟု ဦးချမ်းမြေ့စော ကပြောသည်။

အဆိုပါ အခြေခံစာသောက်ကုန်များကို ပျက်လက်သွားပါက သျှမ်းပြည်နယ်တောင်းပိုင်း တောင်ကြီးမြို့၊ သျှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တို့ဘက်မှာ တင်သွင်းသွားမည်ဟု ဦးချမ်းမြေ့စောက ထပ်လောင်းပြောသည်။

မြန်မာ-ထိုင်း နယ်စပ် ဖြတ်သန်းခွင့်ကို တရက်လျှင် ကား (၆)စီးကို သာ ခေါက်တုံ့ခေါက်ပြန် သွားလာနေရသည့် အပေါ်တွင် ကုန်ဈေးနှုန်းများ တက်လာမည်ကို တာချီလိတ် ဒေသခံများက စိုးရိမ်နေကြပြီး၊ အသေးစာစီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် အခက်ခဲများရှိနေ ကြောင်းသိရသည်။

“အခုမှစတော့ သူတို့ဘယ်လိုလုပ်မလဲဆိုတော မသိသေးဘူး။ အခုက ကုန်ပို့ရတာကြန်ကြားသွားတယ်။ ထိုင်းဖက်ကနေဝင်လာမယ့် ဓာတ်ဆီကားတွေတောင် ၁၀၀ ကျော်ရှိနေပြီ။ သူတို့ဒီလိုလိုက်တာ အလုပ်လုပ်ရတာ သိပ်တော့အဆင်မပြေတော့ဘူး” တာချီလိတ် ဒေသခံ နန်ဟွမ်ကပြောသည်။

ယခုတွင် တာချီလိတ် ဘက်ကမှန်လုံးကားမောင်းဆရာတွေ အလုပ်လက်မဲ့ဖြစ်နေကြပြီး ကုန်ပစ္စည်း ပိုအချိန်ပိုကြာသွားသည် ဟု နန်းဟွမ်က ကပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် အတည်ပြုလူနာ (၄၀၄၃) ဦးရှိပြီး၊ သေဆုံးသူ (၆၀)ဦးရှိပြီး ဖြစ်ကြောင်း ကျန်မားရေးဝန်ကြီးဌာန က ယနေ့ (စက်တင်ဘာ ၁၇)ရက် မွန်းလွှဲ ၃နာရီတွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်ခံရမှုနှုန်းနှင့် သေဆုံးသူဦးရေသည် ထိုင်းနိုင်ငံထက် ဦးရေ ပိုသွားပြီဖြစ်ကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...