ကိုဗစ် နေ့စဉ်မြင့်တက်မှုကြောင့် မဲဆွယ်စည်းရုံးရေး ခက်ခဲနေ

ကိုဗစ်-၁၉ နေ့စဉ်မြင့်တက်မှုကြောင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အတွက် အခက်အခဲများစွာ ဖြစ်လာနိုင်ကြောင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောဆိုလိုက်သည်။

Sai One Leng Kham/ Facebook

ယနေ့ စက်တင်ဘာ ၁၆ ရက် ည ၈နာရီ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၈၂၁ ဦးရှိပြီး သေဆုံးသူ ၄၀ ဦးထိမြင့်တက်လာကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်လာသည့်အလျောက် ခရီးသွားလာခွင့်များလည်း ပိတ် ထားပြီး၊ မဖြစ်မနေ ခရီးသွား ရမည်ဆိုပါက ကျန်းမာရေး ထောက်ခံစာ ယူဆောင်ရမည်ဖြစ်ကြောင်း၊ ထောက်ခံစာမပါသူများ Quarantine ၂၁ ရက်ကို မိမိ စာရိတ်ဖြင့် ဝင်ရမည်ဖြစ်ပြီး၊ ကိုဗစ်-၁၉ ရှိ၊မရှိ စစ်ဆေးမှုကိုလည်း ခံယူရမည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိယှဉ်ပြိုင်မည့် မဲဆန္ဒနယ် သို့ စည်းရုံးရေးအတွက် မသွားနိုင်ကြသေးပေ။

“ကျနော့်အတွက်က မူဆယ်ခရိုင်မှာ ပြိုင်နေတယ်ဆိုပေမယ့် မူဆယ်ခရိုင် ပြင်ပက လူဖြစ်နေတယ်။ ကျနော့်ရဲ့ လှုပ်ရှားသွားလာနေတဲ့ ဥစ္စာတွေက တော်တော်လေးခက်ခဲတယ်။ အခုဆိုရင် ကျနော့်ကို ရန်ကုန်တိုင်း အစိုးရက ထွက်ခွင့်ပေးမလား မပေးဘူးလားဆိုတာ မသိသေးတဲ့ အခြေအနေဖြစ်နေတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ မူဆယ်ခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုမော်ထွန်းအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

SaiOne Leng Kham/ Facebook

ကိုဗစ်-၁၉ ကာလတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက်များ၊ ဒေသန္တရ အာဏာပိုင်မှ သဘာဝ ဘေးအန္တရာယ်ကို တားဆီးရေး ဥပဒေ များ၊ ဒေသန္တရ အုပ်ချုပ်ရေးအရ ထုတ်ပြန်ချက်များ အသီးသီး ရှိနေသော်လည်း ပြင်ပမှ ဝင်ရောက်ယှဉ်ပြိုင် မည့် မဲဆန္ဒနယ် အတွက် ဝင်ထွက် သွားလာခွင့် တိကျသည့် လုပ်ငန်းစဉ် မရှိထားကြောင်း ကိုမော်ထွန်းအောင် က ထောက်ပြ ပြောဆိုလိုက်သည်။

“ကျနော့် အနေနဲ့တော့ ကိုယ့်ဆန္ဒအတိုင်း ပိတ်ပါ မပိတ်ပါ ပြောတာကတော့ ဒီချိန်မှာ သိပ်အဓိပ္ပာယ်မရှိဘူး။ ဒါပေမယ့် ဒီဟာကို တာဝန်ယူရတဲ့သူတွေကျတော့ သူတို့ တာဝန်က ကြီးတယ်လေ။ ဆုံးဖြတ်ချက် မှန်ကန်ဖို့လည်း အရေးကြီးတယ်။ ရွေးကောက်ပွဲက ပြီးပြီးရော ကျင်းပလို့ရတာ မဟုတ်ဘူး။” ဟု ကိုမော်ထွန်းအောင် က ထပ်လောင်းပြောသည်။

ကိုဗစ်-၁၉ ကာလ ကြား စည်းရုံးရေးဆင်းသည့်အခါ ကျေးရွာပြည်သူများသည် ကိုဗစ်-၁၉ ကူးစက်ခံရမည်ကို ကြောက်သဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ကျေးရွာအတွင်းသို့ ပေးဝင်ရန် အတွက် တွန့်ဆုတ်မှုတွေဖြစ်နေကြောင်း သျှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၆) အမျိုးသားလွှတ်တော် မှာ ဝင်ရောက် ယှဉ်ပြိုင်မည့် တအာန်းပလောင် အမျိုးသားပါတီ (TNP) မှ ဦးအောင်မင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“အခက်ခဲကတော့ ဒီလိုသွားစည်းရုံးတဲ့သူလည်း စိတ်ထဲမှာ နည်းနည်း ဖိအားဖြစ်တယ်။အဓိက စည်းရုံးရေးမှာ အားနာရတာပေါ့နော်။ သဘောကတော့ ရွာသားတွေကလည်း ကိုယ့်ကိုယ်အားနာပြီး မဝံ့မရဲ နဲ့ ထိုင်နားထောင်ရတာတွေဖြစ်လာတယ်” ဟု ဦးအောင်မင်း ကပြောသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာမှာ အနည်းဆုံး လူ (၃၀) ဦးထပ် မပိုရ ၆ ပေအကွာမှာ နေထိုင်ရမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတွက် ကိုယ်စားလှယ်လောင်းများက ကိုဗစ် ကာလမှာ မဲဆွယ်စည်းရုံးရာတွင် အခက်အခဲများ ဖြစ်ကြောင်း တပြိုင်နက်တည်း ပြောဆိုကြသည်။

“တစ်လလောက် နောက်ဆုတ်ရင်တော့ ကျနော်တို့အတွက်တော့ ပိုကြိုက်တာပေါ့ဗျာ။ ဒီဇင်ဘာ လလောက်ပေါ့နော်။ ရောဂါတွေလည်း ငြိမ်လောက်ပြီ အဲ့ချိန်ဆိုရင်လည်း သွားရေး လာရေးလည်း ပိုအဆင်ပြေလာမယ်” ဦးအောင်မင်း ကပြောသည်။

ကိုဗစ် -၁၉ ကာလမှာ လူစုလူဝေး ဟောပြောခွင့်မပြုသည့်အတွက် တစ်အိမ်တက် တစ်အိမ်ဆင်းပြီး မဲဆွယ် စည်းရုံးရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်( ၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးနေဇော်နိုင် ကပြောသည်။

“ကျနော်တို့ အခက်ခဲက လူစုလူဝေးလည်းမလုပ်ရဘူး။ တစ်ယောက် နဲ့ တစ်ယောက် ၆ ပေ အကွာ မှာ နေရမယ်။ ဒါက အမျိုးသားတစ်ရပ်ဆိုတော့ ဘယ်ပါတီမဆို ဒါက ကျင့်ဝတ်ကို လိုက်နာရမယ်။ စည်းကမ်းချက်နဲ့အညီ ဆိုရင်တစ်အိမ်တက် တစ်အိမ်ဆင်း လုပ်ရမယ်။ ဒါပေမယ့်လောလောဆယ် အွန်လိုင်းပေါ်ကနေပဲ မဲဆွယ်စည်းရုံးရေးတွေ လုပ်နေရတယ်” ဟု ဦးနေဇော်နိုင် ကပြောသည်။

လာမည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက် တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ပြန်လည်သုံးသပ်ပေးရန်အတွက် နိုင်ငံရေးပါတီ (၁၄) ခုကလည်း ပြောဆိုကြသည်။

၄င်းပါတီ ၁၄ ခုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ၊ အမျိုးသား ဒီမိုကရေစီပါတီ ၊ အမျိုးသား တိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ တို့ ဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ခေတ်သစ်ပြည်ထောင်စု ပါတီ၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ စသည့် ပါတီ ဥက္ကဋ္ဌ တို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြသည်။

ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်တွင်လည်း သတ်မှတ်ထားသည့် အချိန်ကာလအတွင်း Social Distancing အရ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်အားလုံး မဲပေးနိုင်မည့် အခွင့်အလမ်း နှင့် အနေအထား ရှိ/မရှိ ကိုလည်း အလေးအနက်ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

သို့ဖြစ်ပါသောကြောင့် မဲဆန္ဒရှင်ပြည်သူများ၏ အသက်အန္တရာယ် ကင်းရှင်းရေးကို အလေးထားသောအားဖြင့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပရန် သတ်မှတ်ဆောင်ရွက်မှုအား ပြန်လည်သုံးသပ်သင့်ပါကြောင်း ရေးသားထားသည်။

သြဂုတ် (၁၆) ရက်နေ့မှ စတင်သည့် ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလတွင် ကူးစက်မှု မြန်ဆန်လာရာ သေဆုံးသူဦးရေလည်းနေ့စဉ်ရှိနေ ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...

PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

0
သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...