သျှမ်းတပ် ၂ တပ်မှ တပ်သားများမဲပေးခွင့်ရရေး ပေါ်လစီ မချရသေး

လာမည့် နိုဝင်ဘာလတွင်ကျင်းပမည့်ရွေးကောက်ပွဲ၌ သျှမ်းပြည်တပ်မတော် ၂ ဖွဲ့စလုံးမှ တပ်သားများ မဲပေးနိုင်ရေး ပေါ်လစီမချမှတ်ရသေးသဖြင့် တပ်သားများ မဲထည့်ခွင့်မရှိသေးကြောင်းသိရသည်။


အဆိုပါရွေးကောက်ပွဲတွင်မဲပေးနိုင်ရေးအတွက် သျှမ်းပြည်အတွင်းလှုပ်အစိုးရတပ်မတော်တပ်သားများကရောက်သည့်နေရာမှ ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးဖို့အတွက် သက်ဆိုင်ရာရပ်ရွာသူကြီးများထံ ပြောဆိုထားသော်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တို့မှ တပ်သားများ မဲပေးခွင့်အတွက် ပေါ်လစီမချမှတ်ရသေးကြောင်း ပြောဆိုသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA လက်မှတ်ထိုးထားသည့် RCSS/SSA ၏ ပြောခွင့်ရ ဒုဗိုလ်မှူးကြီးအုမ်ခေးက “ တပ်သားတွေမဲပေးခွင့်အတွက် တောင်းဆိုတာကျနော်တို့မှာမရှိသေးဘူး။ အရင် ၂၀၁၀၊ ၂၀၁၅ တုန်းကလည်းမရှိခဲ့ဘူး။ အခုလည်းမရှိသေးဘူး။ ကျနော်တို့ RCSS/SSA တပ်သားတွေက အထက်အမိန့်ကိုဘဲနာခံတယ်။ တကယ်လို့မဲပေးသင့်တယ်ဆိုရင်အထက်ကဆွေးနွေးဆုံးဖြတ်စီစဉ်ညွှန်ကြားပြီးမှဘဲတပ်သားတွေကလုပ်တာ။ ဗဟိုကတော့ ဘယ်ပါတီဘက်မှ ဘက်မလိုက်ဘူး။ မထောက်ခံဘူး။ မဆန့်ကျင်ဘူး။ ဒါကြောင့် ခုချိန်အထိ ကျနော်တို့ကနေ မဲပေးခွင့်ရရေးအတွက်တောင်းဆိုတာ စီစဉ်တာဘာမှမရှိသေးဘူး” ဟု သျှမ်းသံတော်ဆင့်အားပြောသည်။


အစိုးရသည် RCSS/SSA အား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ (NCA လက်မှတ်မထိုးခင် ၃ ရက်အလို) က တရားမဝင်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ကြောင်း တရားဝင်ကြေညာခဲ့သည်။


ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းသန်းအောင်က “ ကျနော်တို့လည်းအဲလိုတောင်းတာ မရှိသေးဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ SSPP/SSA ကို တရားဝင်အဖြစ်အစိုးရ မသတ်မှတ်သေးလို့လေ” ဟု သျှမ်းသံတော်ဆင့်အားပြောသည်။


SSPP/SSA သည် ၂၀၁၂ ခုနှစ်က ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ထိုးထားသောအဖွဲ့ဖြစ်သော်လည်း NCA လက်မှတ်တော့မထိုးရသေးပေ။
သို့သော် NCA လက်မှတ် ထိုးပြီးသည့် EAO အဖွဲ့တိုင်းမူ နိုင်ငံရေးပါတီထောင်ခွင့် ရွေးကောက်ပွဲဝင်ခွင့် ရှိကြောင်း သိရသည် ။


၎င်းနှင့်ပတ်သက်ပြီး ဒု-ဗိုလ်မှူးကြီးအုမ့်ခေးက – ရွေးကောက်ပွဲဝင်ချင်ရင်တော့ ကျနော်တို့အခွင့်အရေးတွေအများကြီးရှိတယ်။ တပ်မတော်ရဲ့သဘောအရဆိုရင်တော့ ကျနော်တို့ RCSS/SSA ခေါင်းဆောင်တွေကို နိုင်ငံရေးပါတီထဲဝင်စေချင်တယ်။ ရွေးကောက်ပွဲမှာယှဉ်ပြိုင်စေချင်တယ်။ ဒါပေမယ့်ကျနော်တို့က အမျိုးသားရေးအတွက်ရပ်တည်တယ်။ တိုက်ပွဲကလည်း ဖြစ်နေတုန်းဆိုတော့ နိုင်ငံရေးပါတီထောင်ဖို့ ရည်ရွယ်ချက်မရှိသေးပါဘူး။ – ဟု သျှမ်းသံတော်ဆင့်အားဆက်လက်ပြောပြသည်။


၂၀၂၀ ခုနှစ် BNI Burma News International မှထုတ်ဝေသော ငြိမ်းချမ်းရေးလက်စွဲစာအုပ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များအကြောင်းပါရှိပါသည်။ ထိုအထဲတွင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့လုံးတွင် အင်အား ၈ ထောင်ကျော်စီရှိကြောင်း ပါရှိပါသည်။


ထို့ကြောင့် နိုင်ငံရေး စစ်ရေးလေ့လာသူများက ရွေးကောက်ပွဲတွင်မဲပေးမည်ဆိုပါက အဆိုပါလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့တွင် အင်အား ၁ သောင်း ၅ ထောင်ထက်မနည်းရှိမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုထားသော်လည်း ပြောခွင့်ရ ၂ ဉီးကမူ မိမိတို့တပ်အင်အားနှင့်ပတ်သက်ပြီး ဖြေဆိုရန် ငြင်းဆိုခဲ့သည်။


သျှမ်းပြည်အတွင်း လှုပ်ရှားနေသော အစိုးရတပ်မတော်မှာ ခမရ နှင့် ခလရ တပ်ရင်းပေါင်း ၁၆၄ ရင်း( တပ်ရင်းတရင်းလျှင် အင်အား ၁၅၀ ဉီးထက်မနဲ) ရှိကြောင်း၊ ထို့အပြင် ကျန်းမာရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ အမြောက်တပ်၊ လေ့ကျင့်ရေးတပ်၊ ဆောက်လုပ်ရေးတပ် တို့လည်းရှိကြောင်း ၊ ၎င်းတို့၏ (အသက် ၁၈ နှစ်ပြည့်ပြီးသူ) မိသားစုဝင်တိုင်း မဲပေးပိုင်ခွင့်ရှိကြောင်း သိရပါသည်။


တဖက်တွင်လည်း သျှမ်းပြည်အတွင်း ထပ်မံအင်အားဖြည့် လှုပ်ရှားလာသော တပ်များမှာ တပ်မ ၁၁၊ ၂၂၊ ၆၆၊၇၇၊ ၈၈ နှင့် ၉၉ တို့ဖြစ်ပြီး တပ်မ တခုတွင် တပ်ရင်း ၁၀ ရင်းရှိသည်။

၎င်းတပ်မ တပ်ရင်းများသည် လွှတ်တော်မှ သဘောတူ ထုတ်ပြန်ထားသော ရက် ၉၀ ပြည့်ပါက မဲထည့်ပိုင်ခွင့်ရှိကြောင်း အချက်ပေါ်မူတည်ပြီး ရောက်သည့်နေရာတွင်မဲထည့်နိုင်ရေး ရပ်ကျေးနှင့်သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ ကမ်းလှမ်းပြောဆိုထားသည်ဟုလည်း အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးများပြောပြချက်အရသိရသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...

PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

0
သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...