ကျောက်မဲမြို့ရောက် စစ်ရှောင် ၂၀၀ ကျော် နေရပ်မပြန်ဝံ့သေး မြို့ပေါ်တွင်သာ အိမ်ငှားနေရ

ကျောက်မဲမြို့သို့ရောက်ရှိခိုလှုံနေကြသည့် ကျေးလက်ဒေသမှ စစ်ဘေးရှောင် ဒုက္ခသည် ၂၀၀ကျော် မှာ နေရပ် မပြန်နိုင်သေးဘဲ ကျောက်မဲ မြို့ ပေါ်တွင် အိမ်၊ အခန်းငှားနေထိုင်နေကြရကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့နယ် ကွန်ကော် ကျေးရွာ၊ တော့ဖယ် ကျေးရွာ မှစစ်ဘေးရှောင်လူထု တချို့

ကျောက်မဲမြို့နယ် ကွန်ကော် ကျေးရွာ၊ တော့ဖယ် ကျေးရွာ မှစစ်ဘေးရှောင်လူထုများဖြစ်ကြပြီး လက်ရှိတွင် တိုက်ပွဲ ငြိမ်နေသော်လည်း ၄င်းတို့ရွာအနီးတဝိုက် တပ်ဖွဲ့ ၂ ဖွဲ့လုံးမှ ဖြတ်သန်းသွားလာနေကြသဖြင့် အချိန်မရွေး တိုက်ပွဲများပြန်ဖြစ်လာမည်ကိုစိုးရိမ်နေကြကြောင်း စစ်ဘေးရှောင်များကပြောသည်။

ကျောက်မဲ နမ့်ခုံး ပရဟိတ အသင်း မှ ဦးလုံးသိန်းငွေက- “ အခု ကျောက်မဲ စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဘုန်း ကြီးကျောင်းကလည်း သူတို့ကိုလက်မခံတော့ဘူး။ တချို့ကိုတော့ နေရပ် ပြန်ပို့ပြီ။ ဒီ ကျန်တဲ့အဖွဲ့ကတော့ မပြန်ရဲ သေးတာ။ ၂၀၀ ကျော်ရှိမယ်။ တချို့ က အမျိုးတွေအိမ်မှာသွားပြီးခိုလှုံနေကြတယ်။ တချို့ကလည်းအမျိုးမရှိတော့ အိမ်ငှားနေကြရတယ်” ဟု ဆိုသည်။

အိမ်ငှား စရိတ်မှာ ကျပ်ငွေ ၂သောင်း မှ ၆သောင်း ရှိပြီး၊ လက်ရှိမှာတော့ နေ့စား ဝင်ငွေ တရက်လျှင် ၅၀၀၀ ကျပ်ဖြင့် အလုပ်လုပ်နေကြသည် ဟုလည်း သိရသည်။

တော့ဖယ်ကျေးရွာမှ စစ်ရှောင် တဦး က “ ဝင်ငွေ မရှိဘဲ ရက်ရှည်နေလာတော့ အခက်အခဲရှိလာတယ်။ ပြန်မယ်ဆိုတော့လည်း တိုက်ပွဲတွေ ဖြစ်နေသေးတယ်။ ၂ ဖွဲ့လုံးက ရွာနားတဝိုက်သွားလာနေသေးတယ်။ အဲတာကြောင့် အခု မြို့ထဲမှာအိမ်ငှားပြီးနေနေရတယ်။ သင်္ကြန်မတိုင်ခင်ကတည်းကဘဲ” ဟု ပြောပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA ) နှင့် တအာင်း (ပလောင်) TNLA တို့သည် မတ်လကတည်းက တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ကျေးလက်ဒေသခံများမှာ မြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

လက်ရှိတွင်လည်း အစိုးရတပ်မတော် သည် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အား လည်းကောင်း၊ တအာင်းတပ်မတော် TNLA အားလည်းကောင်း မေလ ဆန်းပိုင်းမှ စ၍ တိုက်ပွဲများ ပြန်ဖြစ်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...