Wednesday, January 28, 2026

ကျောက်မဲမြို့နယ် တပ်မှ ကျူးလွန်သည့် အမှု ပွင့်လင်းမြင်သာ ရှိစေလို

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း အစိုးရစစ်တပ်မှ ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စကို ပွင့်လင်းမြင်သာစွာ တရားစီရင်ပေးရန် ဒေသခံများ တောင်းဆိုလိုက်သည်။

ကျောက်မဲမြို့နယ် ဟိုင်းကွီကျေးရွာအုပ်စု ပန်ကျန်ရွာတွင် ပြီးခဲ့သည့် ဇွန်နှောင်းပိုင်း က အစိုးရ တပ်မတော်မှ အရပ်သားတဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး၊ ရွာသူတဦးကျည်ဆံထိမှန်ကာ အရပ်သား ဦးအိုက်မောင်ဆိုသူကိုလည်း ရိုက်နှက် ခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇူလိုင် ၁၅ ရက်က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်မမှူး အဆင့်ရှိ အရာရှိများ နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့များ နှင့် အတူ ဟိုင်းကွီကျေးရွာအုပ်စု ပန်ကျန်ရွာသို့ ရောက်ရှိပြီး ဖြစ်စဉ်များ စုံစမ်းခဲ့သည်။

ထိုစုံစမ်းစစ်ဆေးမှုပြီးနောက် တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အမှန်တကယ် မှားယွင်းပစ်ခတ်မိ ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA သတင်းဌာနကို ဖြေကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို သျှမ်းသံတော်ဆင့် သတင်းဌာန မှသီးသန့်အင်တာဗျူးရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိခဲ့ပေ။

ဟိုင်းကွီရွာ ဒေသခံ စိုင်းထွေးဟန် က “တိုက်ပွဲကြောင့် သေကြေသွားတယ် ထိခိုက် ဒဏ်ရာ ရသွားတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ လုံးဝ မဟုတ်တဲ့ဟာကို သူတို့က တိုက်ပွဲထဲမှာ လို့ပြောတယ် ။ သူတို့ တာဝန်ယူမှုကို ငြင်းဆန်တာပဲလို့ မြင်ပါတယ်” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ပန်ကျန်ရွာမှ ဒေသခံ အမျိုးသား သေနတ်ပစ်ခံရခြင်းမဟုတ်ကြောင်း၊ ထိုနေ့တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အစိုးရ တပ်မတော် ဘက်မှ တဖက်သတ် ပစ်ခတ်မှုကြောင့် သေဆုံးသွားရခြင်းဖြစ်ကြောင်း ဟိုင်းကွီ ဒေသခံများက ပြောသည်။

“တိုက်ပွဲကြားထဲမှာ ပစ်ခံရတာမဟုတ်ဘူးဆိုတာ အားလုံးသိရပြီးသား၊ စစ်တပ်လည်း သိတယ်။ ဒေသခံတွေလည်းသိတယ်” ဟု စိုင်းထွေးဟန် က ဆိုသည်။

ရိုက်နှက်ခံထားရသည့် ဦးအိုက်မောင်ပုံ (ဓာတ်ပုံ ဒေသခံ တဦး)

ဟိုင်းကွီကျေးရွာ ပန်ကျန်ရွာသား သေနတ်ပစ်သတ်ခံရသည့် အမှုနှင့် ပတ်သက်ပြီး အစိုးရတပ်မတော်မှ ကျူးလွန်သည့် တပ်သားများကို အရေးယူသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျူးလွန်သည့်တပ်သားသည် တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောဆိုထားသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း က “ သူတို့ရဲ့ တပ်သား ပစ်သတ်သွားတယ်ဆိုတာ သူတို့ဘက်က ဝန်ခံသွားတယ်။ ဒါပေမယ့် ပစ်တဲ့သူက တိုက်ပွဲတွင်း သေဆုံးသွားပြီလို့ပြောတယ် ဒါဟာ အခြေအမြစ်မရှိတဲ့ စကားဖြစ်တယ်”ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။

အစိုးရ တပ်မတော် ဘက်မှာ ပြည်သူကို ပစ်သတ်ခဲ့သည့် တပ်သားကို အရေးယူပါက ပွင့်လင်းမြင်သာမှု ရှိစေချင်ကြောင်း၊ စစ်တပ်ဘက်မှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုသည် အောက်ခြေထိ မရောက်ရှိကြောင်း လည်း စိုင်းထွန်းဝင်း ကပြောသည်။

“ စစ်တပ်ဘက်က ကွင်းဆင်းစစ်ဆေးတာ အောက်ခြေထိ လာရောက် စစ်ဆေးခြင်း မရှိဘူး။ အောက်ခြေအထိ အချက်အလက်တွေကို လာရောက်စုံစမ်းမေးမြန်းသင့်တယ်” ဟု စိုင်းထွန်းဝင်း က ဆိုသည်။

ကျူးလွန်ခဲ့သည့် တပ်သားကို စစ်ဥပဒေဖြင့် အရေးယူသွားမည် ဟု လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို ပြောဆိုခဲ့သည်။

ထို့ကြောင့် တပ်မတော် မှကျူးလွန်သည့် ကိစ္စဖြစ်သည့်အတွက် စစ်တပ်ဥပေဒ နှင့် ပတ်သက်ပြီး ဒေသခံများက ရှင်းရှင်းလင်းလင်းသိချင်ကြောင်း၊ စစ်တပ်မှ ရေးဆွဲထားသည့် ဥပဒေကို ပြည်သူများ အားချပြခြင်းမရှိသည့် အတွက် စစ်ဥပဒေ ဖြင့် မသွားချင်ကြောင်းလည်း ဟိုင်းကွီ ဒေသခံများက ပြောသည်။

“ စစ်တပ်ဥပဒေမှာ ဘာတွေ ရေးဆွဲထားတယ်ဆိုတာ သူတို့ ချပြထားတာမရှိဘူး။ အဲ့အတွက်ကြောင့်မလို့ ကျနော်တို့ကတော့ ဒီဟာကို စစ်ဥပဒေ နဲ့ မသွားစေချင်ဘူး” ဟု စိုင်းထွေး ဟန်က ပြောသည်။

ဆက်လက်ပြီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီ အနေဖြင့် လည်း ကျန်ရှိနေသည့် မိသားစု အပေါ် တာဝန် အပြည့်အဝ ယူပြီး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစ တာဝန်ယူစေချင်ကြောင်းလည်း ဟိုင်းကွီ ဒေသခံများ က ဆိုသည်။

အစိုးရ တပ်မတော် မှ ရွာအတွင်း ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးရိုက်နှက် ပစ်ခတ်သည့် ကိစ္စနှင့် ပတ်သက်ပြီး ဇူလိုင် ၁၀ ရက် တွင် ကျောက်မဲမြို့နယ် ဟိုင်းကွီ ကျေးရွာအုပ်စု အတွင်း သေနတ်ပစ်ခံရသည့်သူ၊ ဖမ်းဆီးရိုက်နှက်ခံရသူများအတွက် တရားမျှတမှု ရရှိစေရန် ဒေသခံထောင်ချီတို့က ဆန္ဒထုတ်ဖာ်ခဲ့ကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...

ကျောက်မဲ၊ သီပေါတွင် စစ်ကော်မရှင်တပ် စရဖ နှင့် သတင်းပေး (၁၀) ဦးကျော်ကို TNLA ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့တွင် သတင်းထောက်လှမ်းယူခဲ့သော စစ်ကော်မရှင်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူ (၁၀) ဦးကျော်ကို ဖမ်းဆီးရမိကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူများသည် TNLA...

ကျောက်မဲမြို့နယ် နောင်ပိန်အနီး အလောင်း(၆)လောင်းထက်မနည်းတွေ့

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်တွင် ရုပ်အလောင်း (၆)လောင်းထက်မနည်း တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ တတိယပတ်အတွင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာများ၌ စစ်ကော်မရှင်တပ် လာရောက်တပ်စွဲခဲ့စဉ် ၎င်းတို့ ခေါင်းဖြတ်ထားသည့် အလောင်းများ (၆) လောင်း ထက်မနည်း မြေဩဇာအိတ်များထဲ ထည့်ကာ စွန့်ပစ်ထားသည်ကို စစ်ကော်မရှင်တပ်သားများ ပြန်လည်ထွက်ခွာသွားပြီးနောက်...

ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး လင်မယားနှစ်ဦး သေဆုံး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ခေးနင်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး လင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၄ ရက်) ည ၁၀နာရီကျော် ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ပိန်ဘက်ခြမ်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ခေးနင်းကျေးရွာအုပ်စု ကုန်းကော်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး...